-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်အပေါ်မှာ customer ကို သစ္စာရှိစေချင်တာလား?

သင့်အပေါ်မှာ customer ကို သစ္စာရှိစေချင်တာလား? google.com

Client တွေ၊ Customer တွေက ဒီဖက်ခေတ်မှာ သစ္စာမရှိကြတော့ဘူးဗျ...။

ရှိစရာလည်း မလိုဘူးလေ။ ရွေးချယ်စရာက အများကြီးပဲရှိနေတာကိုးဗျ။

ကိုယ်ကောင်းရင် လူလာမယ်။ ကိုယ်မကောင်းရင် လူမလာဘူး အဲဒါပဲ။

ကြေးအိုးပဲ ရောင်းရောင်း ၊ ကြက်ကြော်ပဲ ရောင်းရောင်း ၊ ခေါင်းဆောင်မှုပဲ သင်သင်၊ Business Coaching ပဲ လုပ်လုပ်၊

သဘောတရားက တူတူပဲ။

အခု မြန်မာနိုင်ငံမှာ လုပ်ငန်းရှင်တွေ တကယ်လိုချင်နေတာက Certificate တွေ မဟုတ်ဘူးနော်။

ဘာစာတွေ ဘယ်သူ့စာတွေဆိုတာလည်း မဟုတ်ဘူး ။ ဘယ်နည်းနဲ့ သင်သလဲဆိုတာလည်း သူတို့ စိတ်မ၀င်စားဘူး။

သူတို့လိုချင်တာက Result ပဲ ။ Result ရရင် သူတို့လာမယ် Result မရရင် သူတို့မလာဘူး။

သိန်း ၅၀၀ ရမယ်ထင်ရင် သိန်း ၅၀ လည်း ရင်းရင် ရင်းမှာပဲ။

ဒါပေမယ့် အသုံးမကျဘူးလား?

ဒါဆိုရင် ၅ သောင်းတောင် ပေးမှာ မဟုတ်ဘူး။

ကိုယ့်လုပ်ငန်းအောင်မြင်ချင်ရင် Client တွေ Customer တွေကို သူတို့မျှော်လင့်တာထက် ပိုပေးပါ။

သူတို့အမြဲတမ်း သင့်ကို သစ္စာရှိနေပါလိမ့်မယ်။

Recommended for you-ထွက်ပေါက်မတွေ့ရင် ဖောက်ထွက်ပြစ်လိုက်ပါ!

Credit; naingwinaung

Read times
Rate this item
(3 votes)