အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂတ် ကာလအပိုင်းခြား ၃ ခုလုံးဟာ စီးပွားရေးအတွက် အလွန်အရေးပါ ပါတယ်။
ကျွန်တော် တို့ ကြုံတွေ့နေရတဲ့ ပြဿနာအခက်အခဲတွေကို ကာလ ၃ ပါးကိုအသုံးပြုပြီးဖြေရှင်းနေကြရတာပါ။
အချိန်ကာလတိုင်းမှာ ကြိုးစားပြီး အလုပ်လုပ်ကိုင်နေသူအဖို့တော့ အခွင့်အလမ်းဆိုတာမရှားပါဘူး။
ဒီတော့ အဲ့လို အချိန်ကာလတွေကို အသုံးပြုပြီးအောင်မြင်မှုဘယ်လိုရယူရမလဲဆိုတာ မင်မင်က ပြောပြပါရစေနော်...။
အတိတ်
အတိတ် ဆိုမှာ ကြုံတွေ့ခဲ့ရ တဲ့အတွေ့အကြုံတွေဟာ ဘာနဲ့မှ မလဲနိုင်အောင် တန်ဖိုးကြီးပါတယ်။
အတိတ်က ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေက ပစ္စုပ္ပန် နဲ့ အနာဂတ်မှာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်စေဖို့ လမ်းပြ စာအုပ်ပါပဲ။
ပစ္စုပ္ပန်
အတိတ်က သင်ခန်းစာတွေကို လက်တွေ့မှာ သေချာအသုံးချပြီး လူ့ဘဝ ခဏတာကြုံလာသမျှကို တည်တည်ငြိမ်ငြိမ်နဲ့ကျော်ဖြတ်ပြီး ရှေ့ဆက်လျှောက်လှမ်းကြရမှာပါ။
ဒီကာလမှာ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒကိုရောက်ရှိအောင် အတွေ့အကြုံတွေ ကံ၊ ညဏ်၊ ဝီရိယ တို့နဲ့ အားစိုက်ထုတ် ကြိုးစားသင့်ပါတယ်။
အနာဂတ်
လုပ်ငန်းတစ်ခု အတွက် အနာဂတ်ကို ကြိုတင်စီမံသင့်ပါတယ်။
ကိုယ့်လုပ်ငန်းရဲ့ အခြေအနေကို ကြိုတင်တွက်ဆပြီး လုပ်ငန်းလည်ပတ်ဖို့အရေး အစီအစဉ်တွေ လုပ်ပြီး ပြင်ဆင်ထားသင့်ပါတယ်။
ကျွန်တော် တို့တင်ပြသလိုပဲ စီးပွားရေးလုပ်ငန်းအတွက်ကတော့ ကာလ ၃ ပါးလုံးဟာ တမျိုးစီအရေးပါသလို အချိန်ကာလကို လိုက်လျောညီထွေစွာ လုပ်ကိုင်ရင်းကြီးပွားကြပါစေဗျာ...။
Recommended for you-ထွက်ပေါက်မတွေ့ရင် ဖောက်ထွက်ပြစ်လိုက်ပါ!
Credit; NAO
 
					
 
		  	


 
 
 
  
  
  
  
  
  
  
  
  
  
  
  
  
  
  
 