-->
×

Warning

JUser: :_load: Unable to load user with ID: 29


မအောင်မြင်သောဈေးဆိုင်များ ၏ အလွဲများ!

မအောင်မြင်သောဈေးဆိုင်များ ၏ အလွဲများ! google.com

-ဖွင့်လှစ်ရောင်းချသည့် နေရာနှင့် ကုန်စည် လိုက်လျောညီထွေ မှုမရှိခြင်း။

ဥပမာ.....ဆောက်လုပ်ရေး ပစ္စည်း ဆိုင်အား လမ်းကြိုလမ်းကြား ဖွင့်ထားခြင်း။

 

တန်ဖိုးကြီးပစ္စည်း အရောင်းဆိုင်အား ဆင်းရဲသား လက်လုပ်လက်စား ရပ်ကွက်မှာ ဖွင့်လှစ်ခြင်း။

-ပြောဆိုဆက်ဆံရေး ညံဖျင်းခြင်း၊ စိတ်မရှည်ခြင်း။ ရှင်းမပြချင်ခြင်း ၊ တခုမှ နှစ်ခု မပြလိုခြင်း။

ဒီဟာက ဈေးကြီးတယ် စသဖြင့် ဈေးဝယ် အား နှိမ့်ချပြောဆိုခြင်း။

-ဈေးနှုန်းကြီးမြင့်စွာရောင်းချခြင်း

-မိမိရောင်းချသော ကုန်စည်များအား မိမိကိုယ်တိုင် ထဲထဲဝင်ဝင် သိနားလည်မှု မရှိခြင်း။

-ဈေးဝယ်သူ မှ မြင်နိုင်သောနေရာတွင် အချိန်ပြည့်မနေထိုင်ခြင်း။

ဆိုင်ပစ်၍ အနီးအပါးသွားရောက် စကားစမြည်ပြောဆိုနေခြင်း။

အခြားအလုပ် တခုခုလုပ်ကိုင်နေခြင်း။ TV ကြည့်နေခြင်း။

-လွှဲအပ်ထားသော ဝန်ထမ်းထားရှိပါက ဝန်ထမ်းအား ကြပ်မတ်စစ်ဆေးမှု မပြုခြင်း။

ဝန်ထမ်းများ အားလပ်နေသော အချိန်များတွင် လုပ်ငန်းအကြောင်း နားလည်သထက်နားလည်စေရန် သင်ကြားပြသပေးမှု ၊လေ့ကျင့်ပေးမှု မရှိခြင်း။

-စာရင်းအင်း မထားရှိခြင်း ၊သို့မဟုတ် စာရင်းအင်း အချိန်မှန်မှန်မပြုလုပ်ခြင်း ။

-ဒေသအတွင်းရှိ ရပ်ကွက်အတွင်းရှိ အခြားသော အရောင်းဆိုင်များ ၏ အခြေအနေ လုပ်ပုံကိုင်ပုံအား လေ့လာမှု မပြုခြင်း။

-ဈေးဝယ်များ တနည်း ဝယ်ယူသူများ၏ အသံများ တောင်းဆိုချက်များ ကို လျစ်လျူရှုခြင်း။ မည်သည့်ကုန်စည် ကို အမေးအမြန်းများနေသည်ကို မှတ်သားမထားခြင်း။

-မိမိ သာ မှန်သည် ဟုထင်မြင်ခြင်း မိမိ၏ စီးပွားရေးမှာ အတန်ငယ် တိုးတက်မှုရသည်ကိုပင်လျှင် ရောင့်ရဲနေခြင်း။

အနာဂါတ်ကို မျော်မှန်းကြည့်ရှုမှု မပြုလုပ်ခြင်း။ 

နောင်ဖြစ်လာမည့် ဈေးကွက် အနေအထားကို သိရှိရန် လေ့လာမှု ၊ ဆင်ခြင်သုံးသပ်မှု မပြုလုပ်ခြင်း။

-ပြိုင်ဘက်များကို အထင်အမြင်သေးခြင်း။

-မတော်တဆ ပေါ်ပေါက်လာနိုင်သည့် ပြဿနာ အမျိုးမျိုးအတွက် အရံငွေကြေး စုဆောင်းမှု မရှိခြင်း။

-ပိုမိုစုံလင်သော ကုန်စည်များကို ရောင်းချပေးနိုင် စေရေး အသစ်အသစ်သော လက်ကားရောင်းချသူ များ ကို ရှာဖွေမှု မရှိခြင်း။

-ရောင်းပြီးကုန်စည်များ ၊ ကျန်ရှိကုန်စည်များ၊ ရောင်းအားကျနေသောကုန်စည်များ ၊ ရောင်းအား အသွက်ဆုံး ကုန်စည်များ စသည့် ကုန်စည်နှင့် ဆိုင်သော အချက်အလက်များအား စုဆောင်းပြုစု ထားရှိမှု မရှိခြင်း။

-ရောင်းမထွက်သော၊ Expire ဖြစ်နေသောကုန်စည်များ ကုန်စည်အဟောင်းများကို ဖယ်ထားခြင်း ၊ရှင်းလင်းခြင်းမရှိဘဲ ဝယ်သူအား ဇွတ်ထိုးထည့်ပေးခြင်း။

-မိမိဆိုင် မှ ဝယ်ယူသူများအား ရောင်းပြီးလျှင်ပြီးရော နောက်ပြန်လှည့် ကြည့်ရှုမှုမရှိခြင်း။ After Sales Service မရှိခြင်း။

စေတနာ နည်းပါးခြင်း ဒီလိုအကြောင်းတွေကြောင့် ကိုယ့်ဆိုင်က အောင်မြင်ဖို့ နှောင့်နှေးနေတာ၊ မအောင်မြင်တာမျိုးတွေ ဖြစ်တတ်ပါတယ်ခင်ဗျ...။

Recommended for you-သင့် ဆိုင်ရဲ့ ဝင်ငွေရလမ်းကို Online ကတစ်ဆင့် အဆများစွာ ချဲ့ထွင်လိုက်ပါ!

Source; successkey

Read times
Rate this item
(1 Vote)