-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဒီအချက်တွေကို လိုက်နာရင် ဈေးကွက်မှာ ဘယ်တော့မှ မကျရှုံးတော့ဘူး!

ဒီအချက်တွေကို လိုက်နာရင် ဈေးကွက်မှာ ဘယ်တော့မှ မကျရှုံးတော့ဘူး! google.com

အရင်တုန်းက နာမည်ကြီး အနုပညာဂျာနယ်တစ်စောင် စောင်ရေအရမ်းကျဆင်းသွားလို့ ရပ်လိုက်တဲ့သတင်းတစ်ခုဖတ်လိုက်ရတယ်။

စောင်ရေကျလာရတဲ့အကြောင်းရင်းနဲ့ပတ်သက်လို့က အများကြီးရှာစရာမလိုပါဘူး။

အရင်က သတင်းတစ်ခုခုကိုသိချင်ရင် ဂျာနယ်စောင့်ဖတ်မှရတယ်။

အခု ဖုန်းတစ်ချက်ပွတ်ရုံနဲ့ ဖေ့ဘွတ်ကနေအကုန်သိနိုင်တယ်။

ဘယ်သူက ငွေကုန်ကြေးကျခံပြီး ဂျာနယ်ဝယ်ဖတ်တော့မလဲ။

ဒီတော့ ဖေ့ဘွတ်ကြောင့် သတင်းမီဒီယာတစ်ခုထပ်ကျရှုံးခန်းပေါ့။

ပြောင်းလဲလာတဲ့ဈေးကွက်ယှဉ်ပြိုင်မှုပုံစံနဲ့ ကိုယ့်ကုန်ပစ္စည်းကို အစားထိုးနိုင်ခြေအကြောင်း ကျယ်ကျယ်ပြန့်ပြန့် မစဉ်းစားဘူးဆိုရင် အချိန်ဘယ်လောက်ကြာကြာတည်ရှိနေခဲ့တယ်ဆိုတာက အရေးမကြီးဘူး။

ကျဆုံးရမှာပဲ။ လူဆိုတာ သတ္တဝါတွေထဲမှာ အသန်မာဆုံးမဟုတ်ဘူး၊ အမြန်ဆုံးမဟုတ်ဘူး။

ဦးနှောက်ဖွံ့ဖြိုးမှုအားကောင်းတာမှန်တယ် ဒါပေမယ့် လူတွေကို သတ္တလောကရဲ့ထိပ်ဆုံးကိုရောက်လာစေတာက adaptability လို့ခေါ်တဲ့ ပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်အောင် လုပ်ဆောင်နိုင်မှုပဲ။

စီးပွားရေးလုပ်တဲ့အခါမှာလည်း ဗျူဟာကို အဲလိုအပြောင်းအလဲနဲ့လိုက်လျောညီထွေဖြစ်တဲ့ပုံစံမျိုးနဲ့ထားရမှာပဲ။ ဒီလိုမှမဟုတ်ဘူး ငါတို့ကတော့ သမရိုးကျနည်းလမ်းပဲသွားချင်တာ။

ဈေးကွက်ရဲ့အရွေ့အတိုင်းမပြောင်းလဲနိုင်ဘူးဆိုရင်တော့ ခုလိုကျဆုံးခန်းတွေဆက်နေမှာပဲ။

မြန်မာလုပ်ငန်းရှင်အများစုဟာ သူတို့အစဉ်အဆက်လုပ်ခဲ့တဲ့ဘောင်တွေထဲကနေ ထွက်ဖို့အတွက် အင်မတန် ခဲယဉ်းလေ့ရှိတယ်။ အဲဒါကပဲ သူတို့ကျဆုံးခန်းတွေရဲ့ အစဖြစ်ကုန်တာ။

ဖေ့ဘွတ်လှိုင်းရိုက်ခတ်ချိန်မှာ သတင်းမီဒီယာတွေ အလူးအလဲခံရတယ်။

စီးပွားရေးတွေအရှုံးပေါ်တယ်။ ဒီလှိုင်းက လွန်ဆန်လို့မရဘူး။ ဒီပြောင်းလဲမှုလှိုင်းကိုကိုယ့်အတွက် အကျိုးရှိအောင်အသုံးပြုမှရမယ်။

ဒါကိုသဘောပေါက်တဲ့မီဒီယာတွေက Media Giant တွေအဖြစ်ကျန်ခဲ့တယ်။

ဥပမာ Eleven Media Group, 7Day လိုမီဒီယာတွေ။

ဖေ့ဘွတ်ဗျူဟာနဲ့ ငွေရှာနည်းလမ်းကို အသုံးမပြုနိုင်တဲ့ မပြောင်းလဲနိုင်တဲ့မီဒီယာတွေ ပျောက်ဆုံးသွားတယ်။

တကယ်ကဖေ့ဘွတ်ကနေ ငွေရှာနိုင်တဲ့နည်းလမ်းတွေအများကြီးရှိတယ်။

အွန်လိုင်းကနေ သူများသတင်းတွေကို ပိုက်ဆံမပေးဘဲ လျှောက်စုပြီး ခပ်တည်တည်ရပ်တည်နေတဲ့ news aggregator တွေတောင်ငွေဝင်အောင်ဖန်တီးနိုင်သေးတာ

လူအင်အား၊ ပစ္စည်းအင်အားရှိပြီးသားမီဒီယာတွေကျဆုံးတာက ဖေ့ဘွတ်ကြောင့်အဓိကမဟုတ်ဘဲ ဖေ့ဘွတ်ကို ကိုယ့်ဗျူဟာထဲမှာထည့်သွင်းပြီးငွေမရှာတတ်လို့ပဲ။

ဒါဟာ ရှေးရိုးစွဲနေတဲ့လုပ်ငန်းရှင်တွေအတွက် ခေါင်းလောင်းထိုးသံပဲ။ သုံးချက်အကြံပေးလိုပါတယ်။

 

- (Substitutes) ကိုယ့်ရဲ့ပြိုင်ဘက်တွေအပေါ်ရှုမြင်တဲ့အခါ ကိုယ့်ကိုအစားထိုးမယ့်သူတွေကိုရှုမြင်တဲ့အခါမှာ အမြင်ကျယ်ကျယ်ထားပါ။

အနီးဆုံးပြိုင်ဘက်တွေကသာ ကိုယ့်အတွက် အဓိကလို့မမြင်ပါနဲ့။

ဥပမာ အလင်းတန်းဂျာနယ်ရဲ့ပြိုင်ဘက်က လျှက်တပြက်ဆိုတာမျိုးပေါ့။

တကယ်တော့ အလင်းတန်းရော လျှက်တပြက်ရောကို ရိုက်ချသွားတာက ဖေ့ဘွတ်။

 

- (Diversity) နဂိုမူလလုပ်ငန်းကြီးကနေ ဖြန့်ကျက်ခွဲထွက်နိုင်ဖို့ကို ပြင်ဆင်ထားပါ။

ကိုယ့်ရဲ့မူလ လုပ်ငန်းကြီးကို ခြံရံပြီးလုပ်တာမျိုးလည်းရသလို အဲဒီကအတွေ့အကြုံတွေ နည်းပညာတွေအဆက်အသွယ်တွေနဲ့ လုပ်ငန်းအသစ်ဖန်တီးလို့ရတယ်။

ဥပမာ မီဒီယာလုပ်ငန်းကနေ လူထုဆက်ဆံရေးအေဂျင်စီ (PR Agency) လိုမျိုးပြောင်းနိုင်တာပေါ့။

 

- (Adaptation) ဈေးကွက်ရဲ့အရွေ့နဲ့တောင်းဆိုမှု၊ နည်းပညာ၊ ဗျူဟာ အစရှိတဲ့ ပြေင်းလဲမှုတွေနဲ့အညီ လိုက်လျောညီထွေရှိအောင် အမြဲသတိထားပြောင်းလဲပါ။

ဗျူဟာကို အသေမကစားဘဲ အမြဲပြန်လည်သုံးသပ်ပြုပြင်ပါ။

အသစ်အသစ်သော ပြောင်းလဲမှုတွေကို ကိုယ့်အကျိုးအတွက်အသုံးချနိုင်အောင် စဉ်းစားပါ။

Recommended for you-မအောင်မြင်သောဈေးဆိုင်များ ၏ အလွဲများ!

Credit; thureinhlaingwin

Read times
Rate this item
(1 Vote)