-->
×

Warning

JUser: :_load: Unable to load user with ID: 29


အသုံးကျဖို့ထက် အသုံးချတတ်ဖို့က ပိုအရေးကြီးတယ်!

အသုံးကျဖို့ထက် အသုံးချတတ်ဖို့က ပိုအရေးကြီးတယ်! google.com

သူငယ်ချင်း... မင်းပိုင်ဆိုင်တဲ့ မင်းနဲ့ဆိုင်တဲ့ အရာအားလုံးဟာ အသုံးဝင်ပါတယ်။ ဒါပေမယ့် လိုနေတာတစ်ခု က မင်းအဲဒီအရာတွေကို အသုံးချတတ်ဖို့ပါနော်...

 

လက်

"' တွန်းလှဲဖို့ မဟုတ်ဘူး...

လဲနေသူကို တွဲထူဖို့ "

 

 ခြေထောက်

"ကန်ကြောက်ဖို့ မဟုတ်ဘူး...

လမ်းမှန်ကို လျှောက်လှမ်းနိုင်ဖို့ "

 

 ပါးစပ် 

"အတင်းပြောဖို့ မဟုတ်ဘူး...

အချင်းချင်း နှီးနှောဖလှယ်ဖို့ "

 

 ဦးနှောက်

" လှောင်ပိတ်ထားဖို့မဟုတ်ဘူး...

သုံးသပ်ဖို့နဲ့ ဆုံးဖြတ်ဖို့ "

 

စိတ်ဓာတ် 

"ယုတ်ညံဖို့ မဟုတ်ဘူး...

ကြည်လင်အောင် ဖြူ စင်ဖို့ "

 

မာန 

" ထောင်လွှားဖို့ မဟုတ်ဘူး...

မခံချင်စိတ်နဲ့ ရိုးသားစွာ ကြိုးစားဖို့ "

 

 အတ္တ 

"တစ်ကိုယ်ကောင်းဆန်ဖို့ မဟုတ်ဘူး...

သူဖက် ကိုယ့်ဘက် ညီမျှဖို့ "

 

 ဒေါသ 

" ပေါက်ကွဲဖို့ မဟုတ်ဘူး...

လျော့ကျသွားအောင် လျှော့ချဖို့ "

 

" မိမိရဲ့ဆိုးရွားတဲ့ အမူ ' အကျင့်တွေကို အလွန်အမင်း မဖြစ်အောင် မိမိကိုယ်မိမိ ထိန်းသိမ်းပြု ပြင်ကြရအောင် သူငယ်ချင်းတို့ "

Recommended for you-C.O.C ဂိမ်းက ပေးတဲ့ ဘဝအောင်မြင်ရေး နည်းဗျူဟာ

Credit ; No-1

Read times
Rate this item
(1 Vote)