-->
×

Warning

JUser: :_load: Unable to load user with ID: 29


ထက်မြက်သည့်သူများဘယ်တော့မှ မပြောသည့်စကား ၄ ချက်

ထက်မြက်သည့်သူများဘယ်တော့မှ မပြောသည့်စကား ၄ ချက် Getty Images

သင်စကားတစ်ခုပြောလိုက်ပြီးရင် သင်ထိုစကားအတွက် နောင်တရမိတာမျိုးကြုံဖူးပါသလား။ အဲလိုမျိုးအဖြစ်အပျက်က လူတော်တော်များများမှာ ကြုံတွေ့ရတတ်ပါတယ်။

ဒါပေမယ့် တကယ်ထက်မြက်တဲ့သူတွေဆီမှာတော့ ထိုသို့အမူအကျင့်တွေ မတွေ့ရတတ်ပါဘူး။ ထက်မြက်တဲ့သူတွေဟာ သူတို့ဘ၀မှာ တွေ့ကြုံခဲ့တာတွေအပေါ်မူတည်ပြီး သာမန်လူတွေနှင့်မတူဘဲ ပြောပုံဆိုပုံများ ကွဲပြားသွားပါတယ်။ ယနေ့မှာတော့ Myanmar Advertising Directory မှ ထက်မြက်သူများ ဘယ်တော့မှ မပြောသည့်စကားများကို စုစည်းတင်ပြပေးလိုက်ပါတယ်။

၁။ ကျွန်တော်/ကျွန်မသာလျှင်အတော်ဆုံးဘဲ

ထက်မြက်တဲ့သူအများဟုဟာ ပုံမှန်လူတွေလိုဘဲနေတတ်ပြီး သူတို့၏ ထက်မြက်မှုတွေကို စကားဖြင့် မပြောဘဲ အလုပ်နှင့် သက်သေပြတတ်ကြပါတယ်။ မိမိကိုယ်ကို တော်တယ်ဟု ဘယ်တော့မှမထင်သည့်အပြင် အမြဲတစေ သင်ယူကြိုးစားနေဆဲဖြစ်ပါတယ်။

၂။ မျှတမှုမရှိဘူး

ကျရှုံးတတ်သူတော်တော်များများကို ကြည့်မည်ဆိုပါက သူတို့စိတ်ထဲမှာ အမြဲတစေ ဆင်ခြေပေးရန် အကြောင်းအရာတွေရှိပါတယ်။ ဥပမာ ကိစ္စတစ်ခု ပြဿနာတက်တိုင်း မျှတမှုမရှိလို့ဖြစ်ရကြောင်းကို ဆင်ခြေပေး တတ်ပါတယ်။ ဒါပေမယ့် ထက်မြက်သူတွေကတော့ ကိုယ့်အားကိုယ်ကိုးကာ မိမိလုပ်ရင် မည်သည့်အရာမဆို ဖြစ်နိုင်ကြောင်း ဆုံးဖြတ်ထားပြီး မျှတမှုမရှိကြောင်း ဘယ်တော့မှ ပြောလေ့မရှိပါဘူး။

၃။ ဘယ်သူမှ မလုပ်တဲ့အတွက်ကိုယ်လည်းမလုပ်ဘူး

ထက်မြက်သူတွေဟာ အမှန်အတိုင်းဆို ထုံးတမ်းဆင်လာများနှင့်မတူဘဲ ခွဲထွက်နေတဲ့သူတွေဖြစ်ပါတယ်။ အလုပ်တစ်ခုကို လူအများစုက မလုပ်တဲ့အတွက် သူတို့လည်းမလုပ်ဘူး ဆိုတဲ့ စကားမျိုးကို ဘယ်တော့မှ မပြောပါဘူး။ ဘယ်သူမှ မလုပ်နိုင်သည့်အရာကို ကိုယ်တစ်ယောက်တည်းတိုးတက်အောင်မြင်အောင် လုပ်မည့်စိတ်ကူးရှိသူတွေဘဲဖြစ်ပါတယ်။

၎။ ဒါကျွန်တော်/ကျွန်မ အမှားမဟုတ်ဘူး

ထက်မြက်သူများ ဘယ်တော့မှ မပြောတဲ့စကားကတော့ ဒါကျွန်တော်အမှားမဟုတ်ဘူးဆိုတာပါပဲ။ ထက်မြက်သူတွေဟာ တစ်ချိန်ရောက်ရင် ခေါင်းဆောင်ဖြစ်မည်ဟု ရည်ရွယ်ချက်ထားပြီး ကြိုးစားနေသူများ (သို့) ခေါင်းဆောင်နေရာမှာရပ်တည်ေ်နသူများဖြစ်ပါတယ်။ ခေါင်းဆောင်ဖြစ်တဲ့အလျှောက် ၎င်းတို့ဟာ တာဝန်ယူစိတ်အပြည့်ရှိပြီး မိမိလက်အောက်ငယ်သား၏ အမှားဖြစ်ခဲ့သော်ငြားလည်း တာဝန်ယူဖြေရှင်းကာ ခေါင်းမရှောင်တတ်သူများဘဲဖြစ်ပါတယ်။

Source: Inc. Southeast Asia

Read times
Rate this item
(5 votes)