-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကုမ္ပဏီအတွက် သင့်တော်သော ကြော်ငြာအေဂျင်စီ ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များ!

ကုမ္ပဏီအတွက် သင့်တော်သော ကြော်ငြာအေဂျင်စီ ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များ! google.com

ကြော်ငြာလုပ်ငန်းသည် ဒေါ်လာဘီလီယံ ၅၀၀ တန်ဖိုးရှိသည့် လုပ်ငန်းကြီးတစ်ခုဖြစ်ပြီး နှစ်စဉ်လည်း ကြီးထွားတိုးပွားလျှက်ရှိပါတယ်။

သို့သော်လည်း ယခုထက်တိုင် ကုမ္ပဏီတော်တော်များက ကြော်ငြာနှင့်ပါတ်သက် လျှင် မိမိရုံးအတွင်းစီမံခံခွဲနိုင်မည်ဟု ထင်နေကြပါသေးတယ်။

မိမိလုပ်ငန်းကြီးထွားဖို့အတွက် ကြော်ငြာအေဂျင်စီတွေရဲ့ အတွေ့အကြုံနှင့်ကျွမ်းကျင်မှုတွေက အထောက်အကူပြုပေးနိုင်မှာသေချာပါတယ်။

သို့သော် မိမိလုပ်ငန်းနှင့် သင့်တော်မှန်ကန်သော ကြော်ငြာအေဂျင်စီကို ရွေးချယ်တတ်ဖို့တော့ လိုပါလိမ့်မယ်။

ဘယ်လိုအချက်တွေကို ထည့်သွင်းစဉ်းစားပြီးတော့ ရွေးချယ်သင့်သလဲဆိုတာကို အောက်မှာဖော်ပြပေးထားပါတယ်။

 

 အေဂျင်စီလုပ်နိုင်သောအရာ ၊ မလုပ်နိုင်သောအရာများကို သိရပါမည်

များသောအားဖြင့် ကုမ္ပဏီတော်တော်များက ကြော်ငြာအေဂျင်စီတွေက သူတို့ကုန်ပစ္စည်း သို့ ဝန်ဆောင်မှုတွေကို ရောင်းပေးမယ်လို့ ထင်နေတတ်ကြပါတယ်။

ကြော်ငြာပြီး အလျင်အမြန် ရောင်းအားတွေ မတက်တဲ့အခါ အေဂျင်စီတွေကို အပြစ်တွေတင်ကြတော့တာပါပဲ။

တကယ်တမ်း အေဂျင်စီတစ်ခုရဲ့ အဓိကတာဝန်တစ်ခုကတော့ ကုမ္ပဏီရောင်းချချင်တဲ့ ကုန်ပစ္စည်း သို့ ဝန်ဆောင်မှုတွေကို ချိန်ရွယ်ထားတဲ့စားသုံးသူပရိသတ်ဖြင့် ချိတ်ဆက်ပေးတာပဲ ဖြစ်ပါတယ်။

ထိုလုပ်ဆောင်ချက်မျိုးဟာ ဆိုရင်တော့ဖြင့် အချိန်များစွာလိုအပ်ပြီး sales cycles ကြာရှည်သော လုပ်ငန်းခွင်များတွင်မူ လိုအပ်တဲ့အချိန် ပိုလို့တောင်ကြာရှည်အုန်းမှာပဲ ဖြစ်ပါတယ်။

 

ကုမ္ပဏီ၏ ရည်မှုန်းချက်ပန်းတိုင်များကို အေဂျင်စီအနေဖြင့် သိရှိနားလည်အောင် လုပ်ရပါမည်

အေဂျင်စီအနေဖြင့် ကုမ္ပဏီ၏ ချိန်ရွယ်ထားသောပရိသတ် (target audience)၊ ကုန်ပစ္စည်း ၊ ကုမ္ပဏီသမိုင်းကြောင်း ၊ ပြိုင်ဘက်များ ၊ ရေရှည်ရည်မှန်းချက်ပန်းတိုင်များကို သိရှိထားမှသာ

ကုမ္ပဏီအတွက် အလုပ်ဖြစ်စေမည့် အကြံဥာဏ်ကောင်းများကို စီစဉ်ဆောင်ရွက် အကောင်အထည်ဖော်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

 

ခန့်မှန်းခြေအသုံးစရိတ် Budget များကို အတူတူဆုံးဖြတ်ကြရပါမည်

ပုံမှန်အားဖြင့် ကုမ္ပဏီတွေက အေဂျင်စီတွေကို ကြော်ငြာအသုံးစရိတ်တွေ တွက်ခိုင်းလေ့ရှိပါတယ်။

ထိုကဲ့သို့ လုပ်ခိုင်းမည့်အစား ကုမ္ပဏီနှင့်အေဂျင်စီ နှစ်ဖက်လုံးမှ တာဝန်ရှိသူများ သေချာထိုင်ဆွေးနွေးပြီး အေဂျင်စီ၏လုပ်ငန်းအတွေ့ကြုံများနှင့်

ကုမ္ပဏီ၏အခြေအနေတွေကို ထည့်သွင်းစဉ်းစားကာ ရောက်ရှိသင့်သော စားသုံးသူပရိသတ်များဆီသို့ မည်သို့မည်ပုံဖြင့် ရောက်အောင်လုပ်မလဲဆိုတာကို ဆုံးဖြတ်ချက် အတူတူချသင့်ပါတယ်။

 

Campaign မှပေးချင်သော အဓိကသတင်းအကြောင်းအရာတစ်ခု (Campaign’s Message) ကို Channel အမျိုးမျိုးတွင် ပေါ်လွင်နေအောင် ပြောပြရပါမည်

ကုမ္ပဏီမှ ချိန်ရွယ်ထားသောပရိသတ်တွေဆီသို့ ရောက်စေချင်သော Campaign မှဖော်ပြသည့် အဓိကသတင်းအကြောင်းအရာတစ်ခုကို ကြော်ငြာသည့် တီဗွီ၊ ဆိုရှယ်မီဒီယာ ၊

Billboard နှင့် အခြားသော Channels အမျိုးမျိုးတွင်ပေါ်လွင်နေအောင် ပြုလုပ်ဖို့ အရမ်းကိုအရေးကြီးပါတယ်။

ထိုကဲ့သို့ ပြုလုပ်ခြင်းဖြင့် ကုမ္ပဏီ၏ထင်ရှားသော အမှတ်တံဆိပ်ပုံရိပ်တစ်ခုကို ဖန်တီးအသက်သွင်းလာနိုင်မှာပဲ ဖြစ်ပါတယ်။

 

အမြဲတမ်း ဆန်းသစ်တီထွင် နေရပါမည်

အေဂျင်စီတွေက စိတ်ပါဝင်စားသူများကို သင့်ကုမ္ပဏီဆီသို့ ရောက်အောင်ပို့ပေးနိုင်သော်လည်း ထိုသူများကို အမှန်တကယ် စားသုံးဝယ်ယူဖို့ အတွက်ကတော့ ကုမ္ပဏီကသာ ပြုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်။

ထို့ကြောင့် စားသုံးသူတွေ ဝယ်ယူအားပေးချင်စိတ်ဖြစ်အောင် သင့် ကုန်ပစ္စည်း သို့ ဝန်ဆောင်မှုတွေကို ဆွဲဆောင်မှုရှိအောင် ဝယ်ယူသူတွေအဖို့ အားပေးရတာတန်တယ်ထင်ရအောင် အမြဲဆန်းသစ်တီထွင် နေဖို့လိုအပ်ပါတယ်။

ကုမ္ပဏီကသာ တကယ်တတ်နိုင်တယ် ဆိုရင်တော့ မှန်ကန်သောကြော်ငြာအေဂျင်စီတစ်ခု နှင့်တွဲဖက်လုပ်ကိုင်ပြီး ချိန်ရွယ်ထားသောပရိသတ်နဲ့ ချိတ်ဆက်မိအောင် လုပ်သင့်ပါတယ်။

စစချင်းမှာတော့ အခက်အခဲများစွာ ကြုံတွေ့ရမှာ ဖြစ်သော်လည်း နောက်ပိုင်းတွင် ကုမ္ပဏီ၏ ထိမိထူးခြားသည့် သတင်းအချက်အလက် ကို

လိုချင်တဲ့ပရိသတ်ဆီရောက်သွားအောင် ပြုလုပ်နိုင်တာတွေ့လာရတဲ့အခါ အဲ့ဒီအခက်အခဲတွေ ကြုံတွေ့ခဲ့ရတာ တန်ကြောင်း နားလည်လာမှာပဲ ဖြစ်ပါတယ်။

Recommended for you-Einstein ရဲ့ တစ်ပိုင်းတစ်စနဲ့ Advertising!

Credit; Original Writer

Read times
Rate this item
(1 Vote)