-->
×

Warning

JUser: :_load: Unable to load user with ID: 29


အလုပ်ချိန်လျော့ပေါ့လုပ်ခြင်းက သင့်အလုပ်ရှင်အတွက် အကျိုးစီးပွားပိုမိုဖြစ်ထွန်း

အလုပ်ချိန်လျော့ပေါ့လုပ်ခြင်းက သင့်အလုပ်ရှင်အတွက် အကျိုးစီးပွားပိုမိုဖြစ်ထွန်း Google

တစ်နေ့မှာပင် အလုပ်လုပ်ရမည်ဟု သတ်မှတ်ချိန်အတွင်းမှ ၂ နာရီလျော့ပေါ့လုပ်ရမည့်သည့်အကျိုးဆက်များ ရှိမလဲဟု တွေးဖူးပါသလား??? Sweden နိုင်ငံမှ သိပံပညာရှင်သုတေသနအဖွဲ့ကတော့

ဘယ်လိုအကျိုးဆက် တွေ ရှိနိုင်လဲဆိုတာကို ဖော်ထုတ်နိုင်လိုက်ပါပြီ။

ယခုသုတေသနကို စမ်းသပ်နေတာ ၂ နှစ်ရှိခဲ့ပါပြီ။ တစ်နေ့မှာ ၆ နာရီသာအလုပ်လုပ်တဲ့ ၀န်ထမ်းတစ်ခုနှင့် တစ်နေ့မှာ အလုပ်ချိန် ၈ နာရီလုပ်တဲ့ဝန်ထမ်းတစ်ခု ဆိုပြီး ၀န်ထမ်း ၂ မျိုးခွဲထားပါတယ်။ အဲဒီမှာ စ၍ သုတေသနတွေ့ရှိချက်များ ကွဲပြားမှာတွေ့ရှိလာရပါတယ်။ အလုပ်ချိန်မတူသော်ငြားလည်း ထွက်ရှိသည့် နောက်ဆုံးရလဒ်ရတူညီသည့်အပြင် ပိုမိုကောင်းမွန်တဲ့ အကျိုးဆက်များကိုပါ ခံစားရရှိလာပါတယ်။

တစ်နေ့မှာအလုပ်ချိန် ၆ နာရီသာ အလုပ်လုပ်ရတဲ့ ၀န်ထမ်းတွေဟာ ပိုမို လုပ်ကိုင်နိုင်စွမ်းရှိပြီး အချိန်တိုအတွင်း အလုပ်အများအပြားပြီးယုံမျှသာမက သုတေသနစမ်းသပ်ချိန်နှစ်နှစ်တာအတွင်း ဆေးခွင့် (သို့) နာမကျန်းခွင့် ယူရက်များလည်း လျော့နည်းသွားကြောင်း တွေ့ရှိရပါတယ်။

တစ်ဖက်က အလုပ်ချိန် ၈ နာရီအလုပ်လုပ်သည့်ဝန်ထမ်းများက အလုပ်ချိန်ပိုများသော်လည်း ရရှိသည့် နောက်ဆုံးရလဒ်က တူညီနေပြီး တစ်နှစ်စာ ဆေးခွင့်ယူရက်ကို ကြည့်ပါက ပိုမိုများပြားနေကြောင်း တွေ့ရှိရပါတယ်။

အဲဒီတွေ့ရှိချက်ကိုကြည့်ခြင်းအားဖြင့် စိတ်ချမ်းသာပြီး ကိုယ်ကျန်းမာနေတဲ့ ၀န်ထမ်းတွေက အလုပ်ရှင်အတွက် ပိုမိုအကျိုးဖြစ်ထွန်းစေတယ်ဆိုတာ ရှင်းပြဖို့မလိုအပ်တော့ဘူးလို့ ထင်ပါတယ်။

ကဲ…. Myanmar Advertising Directory ပရိသတ်ကြီးလည်း မိမိ၏ လုပ်ငန်းခွင်ကို ပိုမိုတိုးတက်အောင်မြင်စေချင်တယ်ဆိုရင် အလုပ်ချိန်လျော့၍ လုပ်နိုင်ကြောင်း ယနေ့ဆောင်းပါးမှ တစ်ဆင့် သတင်းကောင်း ပါးလိုက်ပါတယ်။

Source: Inc. Southeast Asia

Read times
Rate this item
(1 Vote)