-->
×

Warning

JUser: :_load: Unable to load user with ID: 29


Esports ေၾကာ္ျငာထဲ ၀င္ေရာက္လုိက္တဲ့ Oppo

Esports ေၾကာ္ျငာထဲ ၀င္ေရာက္လုိက္တဲ့ Oppo google

Esports နယ္ပယ္ဟာ brand ေတြအတြက္ အေရးပါတဲ့ ေနရာတစ္ခု ျဖစ္ေနခ်ိန္မွာ တရုတ္ႏုိင္ငံမွ စမတ္ဖုန္း ကုမၸဏီ တစ္ခုျဖစ္တဲ့ Oppo က အာရွမွ ဂိမ္းစိတ္၀င္စားတဲ့ လူငယ္ေတြ ေနာက္ကုိ လုိက္တဲ့အေနျဖင့္ 

 

Riot Games ရဲ႕ esports တံခြန္စုိက္ ၿပိဳင္ပြဲျဖစ္တဲ့ League of Legends မွာ မုိဘုိင္းပါတနာအျဖစ္ ၂၀၂၄ ခုႏွစ္အထိ လက္တြဲဖုိ႔ သေဘာတူလက္မွတ္ ေရးထုိးခဲ့ပါတယ္။

 

Oppo ဟာ ဂိမ္းကစားဖုိ႔ ရည္ရြယ္တဲ့ စမတ္ဖုန္းေတြကုိ ထုတ္လုပ္ေရာင္းခ်လ်က္ ရွိပါတယ္။ အဲဒါေၾကာင့္ ဂိမ္းကစားတဲ့ လူငယ္ ပရိသတ္ဆီကုိ ေရာက္ဖုိ႔အတြက္ အခုလုိ esports ၿပိဳင္ပြဲမွာ စပြန္ဆာအျဖစ္ ပါ၀င္လုိက္တာ ျဖစ္ပါတယ္။

 

Oppo ဟာ ယခင္က သမားရုိးက် အားကစားပြဲေတြျဖစ္တဲ့ ၀င္ဘဲတန္ တင္းနစ္ တံခြန္စုိက္ဖလား ၿပိဳင္ပြဲ၊ အက္ဖ္စီ ဘာစီလုိနာ၊ ႏုိင္ငံတကာ ကရစ္ကက္ ေကာင္စီ အစရွိတဲ့ ႏုိင္ငံတကာၿပိဳင္ပြဲေတြမွာ စပြန္ဆာ အျဖစ္ ပါ၀င္ခဲ့ၿပီး

 

esports တံခြန္စုိက္ ၿပိဳင္ပြဲမွာ စပြန္ဆာ ေပးတာဟာ ယခုအႀကိမ္ ပထမဆုံး ျဖစ္ပါတယ္။

 

စင္ကာပူအတြက္ Oppo ရဲ႕ မားကက္တင္း ဒါရုိက္တာ Dylan Yu က ရွင္းျပခဲ့တာမွာ League of Legends  နဲ႕ Riot Games တုိ႔ဟာ Oppo brand ရဲ႕ ပုိက်ယ္ျပန္႔တဲ့ စီးပြားေရး မဟာဗ်ဴဟာရဲ႕ အစိတ္ပုိင္း တစ္ခုအျဖစ္ ပါတနာ လုပ္ခဲ့တာျဖစ္ၿပီး

 

လူငယ္လူရြယ္ေတြနဲ႔ တုိက္႐ုိက္ ထိေတြ႕ဆက္ဆံႏုိင္ေစဖုိ႔ မဟာဗ်ဴဟာ အစိတ္အပုိင္းတစ္ခုလည္း ျဖစ္ပါတယ္။ အခုလုိ ပါတနာ လုပ္တဲ့အတြက္ ကမၻာ့ေဈးကြက္ထဲမွာ ေဈးကြက္ေ၀စု ပုိရေစမွာ ျဖစ္တယ္လုိ႔ ဆုိပါတယ္။

 

"က်ေနာ္တုိ႔က  consumer-focused brand  ျဖစ္ေနတယ္။ Oppo က လူငယ္ေတြနဲ႔ တုိက္ရုိက္ထိေတြ႕ ဆက္သြယ္ေျပာဆုိႏုိင္မယ့္ လမ္းေၾကာင္းသစ္ေတြအတြက္ အၿမဲတမ္း လုိက္လံရွာေဖြပါတယ္။

 

esports လမ္းေၾကာင္းဟာ လူငယ္ေတြအၾကား ကၽြန္ေတာ္တုိ႔ ထိေတြ႕ဆက္ဆံမႈေတြ အားေကာင္းေစဖုိ႔အတြက္ ႀကီးမားတဲ့ အခြင့္အလမ္းတစ္ခု ျဖစ္ပါတယ္။

 

အထူးသျဖင့္ အာရွမွာ တက္ၾကြၿပီး စိတ္အားထက္သန္တဲ့ esports အသုိင္းအ၀ုိင္းေတြ အမ်ားအျပား ရွိေနတယ္။

 

သူတုိ႔ရဲ႕ၾကားကုိ Oppo ေရာက္ရွိၿပီး ထိေတြ႕ဆက္ဆံမႈ ရွိေနေစမွာ ျဖစ္ပါတယ္" လုိ႔ Dylan Yu က ဆုိပါတယ္။

စင္ကာပူနဲ႔ အာာရွေဒသတြင္းမွာ League of Legends  ဟာ အႀကီးမားဆုံး esports league ေတြထဲမွာ တစ္ခု အပါအ၀င္ ျဖစ္ပါတယ္။ တစ္ႏွစ္မွာ ၿပိဳင္ပြဲ သုံးႀကိမ္ က်င္းပေလ့ရွိပါတယ္။

 

Mid-Season Invitational,   All-Star Event နဲ႔ World Championship တုိ႔ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ပြဲမွာတုန္းက ၾကည့္ရႈသူ ပရိသတ္ ၉၉ ဒသမ ၆ သန္း ရွိပါတယ္။

 

Oppo ဟာ ဂိမ္းကစားဖုိ႔ စမတ္ဖုန္းေတြကုိ လုိင္းတစ္လုိင္းအျဖစ္ ထုတ္လုပ္ေရာင္းခ်လ်က္ရွိၿပီး Reno အမည္ျဖင့္ လုပ္ကုိင္ပါတယ္။ ဂိမ္မာေတြအေနျဖင့္ အထစ္အေငါ့မရွိ အဆင္ေျပေျပျဖင့္ ကစားလုိ႔ရတဲ့ စမတ္ဖုန္းေတြ ျဖစ္ပါတယ္။

 

League of Legends  မွာ စပြန္ဆာ ေပးထားတဲ့ အျခားကုမၸဏီေတြကေတာ့ Mastercard, State Farm, Alienware, Secretlab နဲ႔ Louis Vuitton  တုိ႔ ျဖစ္ပါတယ္။

 

<<< Unicode>>>

 

Esports နယ်ပယ်ဟာ brand တွေအတွက် အရေးပါတဲ့ နေရာတစ်ခု ဖြစ်နေချိန်မှာ တရုတ်နိုင်ငံမှ စမတ်ဖုန်း ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Oppo က အာရှမှ ဂိမ်းစိတ်ဝင်စားတဲ့ လူငယ်တွေ နောက်ကို လိုက်တဲ့အနေဖြင့်

Riot Games ရဲ့ esports တံခွန်စိုက် ပြိုင်ပွဲဖြစ်တဲ့ League of Legends မှာ မိုဘိုင်းပါတနာအဖြစ် ၂၀၂၄ ခုနှစ်အထိ လက်တွဲဖို့ သဘောတူလက်မှတ် ရေးထိုးခဲ့ပါတယ်။

Oppo ဟာ ဂိမ်းကစားဖို့ ရည်ရွယ်တဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချလျက် ရှိပါတယ်။ အဲဒါကြောင့် ဂိမ်းကစားတဲ့ လူငယ် ပရိသတ်ဆီကို ရောက်ဖို့အတွက် အခုလို esports ပြိုင်ပွဲမှာ စပွန်ဆာအဖြစ် ပါဝင်လိုက်တာ ဖြစ်ပါတယ်။

Oppo ဟာ ယခင်က သမားရိုးကျ အားကစားပွဲတွေဖြစ်တဲ့ ဝင်ဘဲတန် တင်းနစ် တံခွန်စိုက်ဖလား ပြိုင်ပွဲ၊ အက်ဖ်စီ ဘာစီလိုနာ၊ နိုင်ငံတကာ ကရစ်ကက် ကောင်စီ အစရှိတဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာ စပွန်ဆာ အဖြစ် ပါဝင်ခဲ့ပြီး

esports တံခွန်စိုက် ပြိုင်ပွဲမှာ စပွန်ဆာ ပေးတာဟာ ယခုအကြိမ် ပထမဆုံး ဖြစ်ပါတယ်။

စင်ကာပူအတွက် Oppo ရဲ့ မားကက်တင်း ဒါရိုက်တာ Dylan Yu က ရှင်းပြခဲ့တာမှာ League of Legends နဲ့ Riot Games တို့ဟာ Oppo brand ရဲ့ ပိုကျယ်ပြန့်တဲ့ စီးပွားရေး မဟာဗျူဟာရဲ့ အစိတ်ပိုင်း တစ်ခုအဖြစ် ပါတနာ လုပ်ခဲ့တာဖြစ်ပြီး

လူငယ်လူရွယ်တွေနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံနိုင်စေဖို့ မဟာဗျူဟာ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ အခုလို ပါတနာ လုပ်တဲ့အတွက် ကမ္ဘာ့ဈေးကွက်ထဲမှာ ဈေးကွက်ဝေစု ပိုရစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

"ကျနော်တို့က consumer-focused brand ဖြစ်နေတယ်။ Oppo က လူငယ်တွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်သွယ်ပြောဆိုနိုင်မယ့် လမ်းကြောင်းသစ်တွေအတွက် အမြဲတမ်း လိုက်လံရှာဖွေပါတယ်။

esports လမ်းကြောင်းဟာ လူငယ်တွေအကြား ကျွန်တော်တို့ ထိတွေ့ဆက်ဆံမှုတွေ အားကောင်းစေဖို့အတွက် ကြီးမားတဲ့ အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။

အထူးသဖြင့် အာရှမှာ တက်ကြွပြီး စိတ်အားထက်သန်တဲ့ esports အသိုင်းအဝိုင်းတွေ အများအပြား ရှိနေတယ်။

သူတို့ရဲ့ကြားကို Oppo ရောက်ရှိပြီး ထိတွေ့ဆက်ဆံမှု ရှိနေစေမှာ ဖြစ်ပါတယ်" လို့ Dylan Yu က ဆိုပါတယ်။

စင်ကာပူနဲ့ အာာရှဒေသတွင်းမှာ League of Legends ဟာ အကြီးမားဆုံး esports league တွေထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ တစ်နှစ်မှာ ပြိုင်ပွဲ သုံးကြိမ် ကျင်းပလေ့ရှိပါတယ်။

Mid-Season Invitational, All-Star Event နဲ့ World Championship တို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပွဲမှာတုန်းက ကြည့်ရှုသူ ပရိသတ် ၉၉ ဒသမ ၆ သန်း ရှိပါတယ်။

Oppo ဟာ ဂိမ်းကစားဖို့ စမတ်ဖုန်းတွေကို လိုင်းတစ်လိုင်းအဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိပြီး Reno အမည်ဖြင့် လုပ်ကိုင်ပါတယ်။ ဂိမ်မာတွေအနေဖြင့် အထစ်အငေါ့မရှိ အဆင်ပြေပြေဖြင့် ကစားလို့ရတဲ့ စမတ်ဖုန်းတွေ ဖြစ်ပါတယ်။

League of Legends မှာ စပွန်ဆာ ပေးထားတဲ့ အခြားကုမ္ပဏီတွေကတော့ Mastercard, State Farm, Alienware, Secretlab နဲ့ Louis Vuitton တို့ ဖြစ်ပါတယ်။

 

 

Read times
Rate this item
(0 votes)