-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဒီဂျစ်တယ် မားကတ်တင်းပိုင်းကို ခြေစုံချမယ်ဆိုရင်

ဒီဂျစ်တယ် မားကတ်တင်းနယ်ပယ်ကို အခြေချမယ်ဆိုရင် သူ့နယ်ပယ်မှာ သူ့နေရာနဲ့ တာဝန်နဲ့ဝေခွဲထားတဲ့ ရာထူးတေွ ရှိပါတယ်။ရာထူးနဲ့တာဝန်များကို အောက်တွင် ဆက်လက် လေ့လာနိုင်ပါတယ်။

Executive Position (Digital)

====================

စာရင်းဇယားတွက်ချက်ရတဲ့ Accounting (လုံးဝ) မဟုတ်ပါ။ Client ရဲ့ ကုန်အမှတ်တံဆိပ် Brands တွေကို Manage လုပ်ပေးရတာပါ။ Digital Account Executive ဖြစ်တဲ့အတွက် Digital Marketing ရဲ့ basic knowledge ရှိဖို့တော့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ Internal team မှာရှိတဲ့ Graphic Designer, Content Writer, Digital Planner, Digital Buyer, Data Analyze, Engagement team အစရှိတဲ့ လူတွေနဲ့ တွဲဖက်လုပ်ကိုင်ရမှာဖြစ်ပါတယ်။ ကိုယ့်ကို အလုပ်အပ်တဲ့ Client ရဲ့ညွှန်ကြားချက်တွေကို Internal team နဲ့ ပြန်ပြီး align လုပ်ကာ Client စီကို ပြန်တင်ပြပေးရမှာဖြစ်ပါတယ်။ Client ရဲ့ Brand အတွက် လိုအပ်တဲ့ campaign လုပ်ဆောင်တာတွေ၊ budget စီမံခန့်ခွဲတာတွေ၊ suppliers တွေနဲ့ တွဲဖက်လုပ်ကိုင်တာတွေကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။

 

ဒီရာထူးအတွက် ဘာတွေလိုအပ်မလဲ?

=====================

Client တင်မကဘဲ တခြား third party တွေဖြစ်တဲ့ suppliers, publishers တွေအပြင် ကိုယ့်ရဲ့ Internal team နဲ့ပါ တွဲဖက်လုပ်ကိုင်ရမှာ ဖြစ်တဲ့အတွက် လူမှုဆက်ဆံရေးကို အကျွမ်းတဝင် ဖြစ်လို့လိုအပ်ပါတယ်။ ကိုယ့် agency ကိုအပ်တဲ့ clients က local ရှိသလို foreigners တွေပါရှိတဲ့အတွက် ဗမာလိုရော၊ ဘိုလိုပါ ကျွမ်းကျင်နေဖို့ အထူးလိုအပ်ပါတယ်။ လူအများနဲ့ဆက်ဆံရမှဖြစ်တဲ့အတွက် Social ကျဖို့လိုအပ်ပြီး စိတ်မရှည်တဲ့လူတွေအတွက် အဆင်မပြေလောက်ပါဘူး။ Digital Marketing ဆိုတာ Marketing နဲ့ အစိတ်အပိုင်းဖြစ်တဲ့အတွက် marketing သဘောသဘာဝနဲ့ social media အကြောင်းကို တီးမိခေါက်မိရှိတဲ့လူတွေဆိုပို အဆင်ပြေပါတယ်။

 

#ContentWriter (ကြော်ငြာစာရေးသားသူ)

=============================

Digital Marketing လို့ပြောလိုက်တာနဲ့ Content writer (သို့) Copy writer ဆိုတာ တွဲမြင်ပါလိမ့်မယ်။ သူတုိ့တွေက Digital marketing ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တကယ့် key players တွေပါ။ ဗမာလို၊ အင်္ဂလိပ်လို စာရေးတတ်ရုံလောက်နဲ့တော့ အဆင်မပြေပါဘူး။ စကားလုံးအထားအသို၊ Creative ဖန်တီးနိုင်စွမ်းအားကောင်းဖို့ အထူးလိုအပ်ပါတယ်။ Content writing ဆိုတာကတော့ ကြော်ငြာစာမဟုတ်တဲ့ စာမျိုးတွေဖန်တီးရတာဖြစ်ပြီး copy writing ကတော့ ကြော်ငြာစာတွေရေးသားရတာပါ။ Social media, Website, Blog တွေမှာ ဆွဲဆောင်မှုရှိတဲ့ စာအမျိုးမျိုး ရေးသားတာပါ။ Contents မှာပါဝင်တဲ့ elements, frame တွေကလဲ အမျိုးမျိုး အထွေထွေ ဆိုတော့ စိတ်ဝင်စားရင် Google ခေါက်ကြည့်တာမျိုး၊ စာပေလေ့လာတာမျိုး လုပ်သင့်ပါတယ်။ Social media trends တွေကို မျက်ခြေမပြတ်ဖို့လဲ အရေးကြီးပါတယ်။

 

ဒီရာထူးအတွက် ဘာတွေလိုအပ်မလဲ?

=========================
Creative ကောင်းကောင်းနဲ့ စာရေးရတာ ဝါသနာထုံတဲ့ ဆရာတွေအတွက် ဒီရာထူးက အသင့်တော်ဆုံးပါ။ သိထားရမှာတခုက ကိုယ်က client ရဲ့ ကုန်အမှတ်တံဆိပ်တွေ အတွက်စာရေးပေးရတာဖြစ်တဲ့အတွက် client မကြိုက်ရင် revise ပေါင်းသောင်းခြောက်ထောင်ကို သည်းခံနိုင်ဖို့ လိုအပ်ပါတယ်။ Client ရဲ့ brand guideline တွေထဲကနေ ရေးသားရမှာဆိုတော့ စကားလုံးအထားအသို၊ စကားပြော၊ စကားပြေ အားလုံးကို နားလည်ပြီး creative idea နဲ့ပေါင်းစပ်နိုင်ရင်တော့ ဒီအလုပ်က သင့်အတွက် မခက်ခဲပါဘူး။

 

#DigitalMediaStrategist
(Digital Ads Planner, Buyer)

======================

Client brands တွေအတွက် Digital မှာ ကြော်ငြာလုပ်တော့မယ်ဆိုရင် Channels တွေရွေးရပါတယ်၊ Strategy တွေဆွဲရပါတယ်။ ကိုယ့် client ရဲ့ ကုန်အမှတ်တံဆိပ်ပေါ်မူတည်ပြီး ရွေးချယ်သင့်တဲ့ targeting တွေဖြစ်တဲ့ demographic, geographic, psychographic စတာတွေကို စေ့စေ့စပ်စပ်သိဖို့လိုအပ်ပါတယ်။ Digital Media ဖြစ်တဲ့အတွက် Channels တွေသုံးမယ်ဆိုရင်လဲ Paid Media, Earned Media, Owned Media တွေကိုလဲ ကိုယ့် client ရဲ့ brand ပေါ်မူတည်ပြီး ရွေးချယ်တတ်ရပါမယ်။ ကိုယ့်ရဲ့ KPI ထိဖို့ campaign တွေဘယ်လို develop လုပ်မယ်၊ ကုန်ကျမယ့် budget စတာတွေကို တွက်ချက်ပေးရမှာဖြစ်တဲ့အတွက် digital နဲ့ သက်ဆိုင်တဲ့ tools တွေ နဲ့ရင်းနှီးဖို့ကလဲ အရေးကြီးပါတယ်။

 

ဒီရာထူးအတွက် ဘာတွေလိုအပ်မလဲ?

=========================
စျေးကွက်ချဲ့ထွင်ခြင်းအတတ်ပညာနဲ့ နည်းပညာကျွမ်းကျင်မှု နှစ်ခုစလုံး ပြည့်စုံမှ တော်ကာကျပါမယ်။ နောက်ပြီး Digital မှာကြော်ငြာလုပ်မှာဖြစ်တဲ့အတွက် Internet အသုံးပြုတဲ့ audience behavior အကြောင်း ကောင်းကောင်းကြီးနားလည်ရပါမယ်။ နောက်တစ်ခုက budget management ကို ကျွမ်းကျင်ရမယ်၊ Digital မှာ Channels တွေမျိုးစုံရှိတယ် အကုန်လုံးမှာ သုံးဖို့လိုတာတွေရှိသလို မလိုတာတွေလဲရှိတယ်။ ဒါကတော့ ကိုယ့် client ရဲ့ target audience ပေါ်မူတည်ပြီး ချိန်ထိုး စဉ်းစားရမှာပါ။

 

#DigitalReportAndDataAnalysis

=========================

Digital Channels တွေမှာ Campaigns လုပ်ပြီးသွားရင် Clients ကို report ပြရပါတယ်။ Account size ပေါ်မူတည်ပြီး Daily ကနေ Yearly reports တွေအထိရှိပါတယ်။ Reports လုပ်ဖို့အတွက် reporting tools တွေမျိုးစုံရှိသလို manual လုပ်ရတဲ့ report တွေလဲရှိပါတယ်။ Social media မှာ ကိုယ့် client ရဲ့ ကုန်အမှတ်တံဆိပ်ကို ဘယ်သူတွေက ကောင်းတာပြောလဲ ဆိုးတာပြောလဲ analyze လုပ်ရပါတယ်။ Crisis ဖြစ်လာရင် ဘာကြောင့် ဖြစ်လာတယ်ဆိုတာကအစ report လုပ်ရပါတယ်။

 

ဒီရာထူးအတွက် ဘာတွေလိုအပ်မလဲ?

=========================
Reporting tools တွေကို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်ဖို့ လိုအပ်သလို data တွေကို manage လုပ်ဖို့ Excel skill လဲကျွမ်းရပါမယ်။ Digital ဆိုတာ data တွေအပေါ် အခြေခံထားတာဆိုတော့ data ပေါင်းသောင်းခြောက်ထောင်ကို manage လုပ်ရတာ မငြီးငွေ့တဲ့လူမျိုး အတွက် သင့်တော်ပါတယ်။

 

#CommunityEngagement

====================

ကိုယ့် client ရဲ့ brand ကိုစိတ်ဝင်စားလို့ Customers ကနေ ကိုယ့် social media channels တွေမှာ message လာပို့တာတို့ comment လာပေးတာတို့ စတဲ့ communication တွေကို ပြန်ပြီး response လုပ်ဖို့ community engagement လိုပါတယ်။ လွယ်တယ်တော့ မထင်ပါနဲ့။ သူ့မှာလဲ သူ့ Tone Of Voice ရှိတယ်။ FAQ တွေ develop လုပ်ရမယ်။ Crisis ဖြစ်လာရင် ဘယ်လို Manage လုပ်မယ်ဆိုတာတွေကို နားလည်ရပါမယ်။ Content, Copywriters တွေနဲ့ အမြဲ align လုပ်ဖို့လိုပါတယ်။ Customers တွေ အမေးအများဆုံး မေးခွန်းတွေကို base ယူပြီး content ဖန်တီးတာတွေ၊ social media မှာပြောင်းလဲနေတဲ့ trend တွေကို နားထောင်နေရပါမယ်။

 

ဒီရာထူးအတွက် ဘာတွေလိုအပ်မလဲ?

==========================

Social media သုံးရတာ ကြိုက်တဲ့သူ၊ လူတွေနဲ့ dealing လုပ်ရတာကို မငြီးငွေ့တဲ့သူတွေအတွက် အဆင်ပြေပါတယ်။ Facebook နဲ့ Google တော့ ခေါက်တတ်ဖို့လိုပါလိမ့်မယ်။ Community Engagement tools တွေအကြောင်းသိထားရင် ပိုကောင်းတာပေ့ါ။

 

ဒီနေရာမှာ လိုအပ်တဲ့ ပညာအရေးအချင်း၊ ဘွဲ့တွေ မဖော်ပြထားတာ အကြောင်းရှိတယ် ခင်ဗျ။ Digital marketing လုပ်ကိုင်ဖို့အတွက် ဘယ်လို degree holder မှ၊ ဘယ်ကျောင်းကပြီးထားမှ ဆိုပြီး specific မရှိပါဘူး၊ လိုကယ်မှာ လုပ်မယ်ဆိုရင်ပေါ့။ သို့သော် ကိုယ်က advertising + tech လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်မှာဖြစ်တဲ့အတွက် စီးပွားရေးနဲ့ သက်ဆိုင်တဲ့ Degree, Business IT, Computer Science စတာတွေပြီးထားရင်တော့ အသင့်တော်ဆုံးပေ့ါ။

 

နောက်ဆုံးပြောချင်တာက Digital Marketing Field ထဲမှာ ကျင်လည်ဖို့ စိတ်ဝင်စားရင် Marketing concept တွေကို လုံးဝ နားလည်အောင်လုပ်ပါ၊ Google ခေါက်ဖို့ မမေ့ပါနဲ့။ Digital ဆိုတာ အမြဲအသစ်တွေပေါ်နေတော့ ဒါတွေကို အမှီလိုက်ဖို့ ဘယ်သင်တန်းသွားတတ်တတ် လိုက်လို့ မှီမှာ မဟုတ်ပါဘူး။

 

Myanmar Advertising Guide 

mmroundtable 

Read times
Rate this item
(2 votes)