-->
×

Warning

JUser: :_load: Unable to load user with ID: 29


အိုင်ယာလန်နိုင်ငံတွင် e-cigarette ကြော်ငြာများအား ပြသခွင့်ပြုမည်မဟုတ်

အိုင်ယာလန်နိုင်ငံတွင် e-cigarette  ကြော်ငြာများအား ပြသခွင့်ပြုမည်မဟုတ်ွှThe Irish Times


အိုင်ယာလန် အစိုးရမှ အဆိုပါ e-cigarette ကြော်ငြာများကို ၄ ကြိမ်မြှောက်ထုတ်ပြန်မည့် ပြဌာန်းချက်တွင် ပြသခွင့်မပြုကြောင်းထည့်သွင်းပေးရန် Irish Heart Foundation မှ တောင်းဆိုထားခြင်းဖြစ်သည်။











 

 

 

 

Unicode >>> 

 

ပညာရှင်များရဲ့ လေ့လာချက်အရ e-cigarette သုံးစွဲခြင်းဟာ ဦးနှောက်၊ နှလုံး၊သွေးကြောများ နှင့် အဆုတ် တို့ကိုပျက်စီးစေနိုင်ပါသည်။

အိုင်ယာလန် အစိုးရမွ အဆိုပါ e-cigarette ကြော်ငြာများကို ၄ ကြိမ်မြှောက်ထုတ်ပြန်မည့် ပြဌာန်းချက်တွင် ပြသခွင့်မပြုကြောင်းထည့်သွင်းပေးရန် Irish Heart Foundation မှ တောင်းဆိုထားခြင်းဖြစ်သည်။

Irish Heart Foundation ၏ အကြီးအကဲ ဖြစ်သူ Chris Macey ရဲ့ပြောကြားချက်ကတော့ - ' ဒီကြော်ငြာများကို ပိတ်စေချင်တာက လူငယ်တွေရဲ့ အတွေးစိတ်ကူးထဲမှာ ရှိမနေအောင် ရည်ရွယ်ပါတယ်၊

တချို့ e-cigarette လုပ်ငန်းများဆိုလျှင် ဆေးရွက်ကြီးရဲ့ လွမ်းမိုး မူ့ကတစ်အားများနေပါတယ် ' ဆိုကာပြောကြားခဲ့ပါတယ်။

နှလုံးနှင့် ပတ်သတ်သော ပညာရှင် များရဲ့ ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ထွက်ရှိလာသော လေ့လာချက်တွင် သူတို့လေ့လာတွေ့ရှိခဲ့တာက e-cigarette သုံးစွဲခြင်းဟာ ဦးနှောက်၊ နှလုံး၊သွေးကြောများ နှင့် အဆုတ် တို့ကိုပျက်စီးစေနိုင်ပါသည်။

ထို နှလုံးနှင့် ပတ်သတ်သော ပညာရှင် များရဲ့ လေ့လာချက်ကို European Heart Journal မှာ ဆောင်းပါးအဖြစ်ထည့် သွင်းဖော်ပြထားပြီး e-cigarette ဟာ လူအများအတွက်ရန်သူဖြစ်ကြောင်း ၊ vaping process လုပ်ဆောင်နေစဉ်

ဓာတုအဆိပ်အတောက်များ ခန္ဓာအတွင်းသို့ စိမ့်ဝင်စီးဆင်းနေပါတယ်။ထိုအခြင်းအရာမှာ vaping process ပြီးဆုံးခံနီး ထိုအရည် အနည်းငယ်ပဲ ကျန်ရှိချိန်တွင် ပိုမို စိမ့်ဝင်စီးဆင်း စေပါတယ်။

John Player ထုတ်လုပ်တဲ့ e-cigarette Brand တစ်ခုဖြစ်သော Blu မှာ အိုင်ယာလန်တွင် ဖြန့်ချီပြီး ကြော်ငြာ campaign လုပ်ဆောင်ထားကာ Dublin မြို့ရှိနေရာပေါင်း ၃၂၀ တွင် Billboard များရှိနေသည်သိရပါသည်။

ယခုလောလောဆယ်မှာ အိုင်ယာလန် အစိုးရမ e-cigarette ကို ရေဒီယိုကြော်ငြာ , TV ကြော်ငြာ များတွင် ပိတ်ပင်ထားပြီးဖြစ်ပြီး Billboard များနှင့် ကားများပေါ်တွင်ကြော်ငြာထားသော ကြော်ငြာများကို မပိတ် သိမ်းရသေးပါဘူးတဲ့။

အိုင်ယာလန် ရဲ့ ကြော်ငြာ ပြသခွင့် ခွင့်ပြုချက်မှာတော့ အသက် ၁၈ နှစ်မပြည့်သေးသော ကလေးများကို ပေါ်တင်ပြသခြင်းမရှိတဲ့မပြင် , 25 နှစ်အောက်လူငယ်များကိုလဲ e-cigarettes ကိုမည်သို့ မည်ပုံ သုံးစွဲရမည်ဆိုတာကိုပြသခွင့်မရှိပါဘူး။

e-cigarette Brand တစ်ခုဖြစ်သော Blu မှာ သူ့ရဲ့ ထုတ်ပိုးမူ့ကို လူငယ်များအကြိုက် အရောင် တောက်တောက် စက္ကူ ဖြင့် ထုတ်ပိုးထားပြီး ကာတွန်းပုံအချို့ပါဝင်နေချင်းမှာ လူငယ်များကို ဆွဲဆောင်နေသလိုပဲဆိုကာ Chris Macey မှ ပြောပြခဲ့ပါတယ်။

Chris Macey ဟာ ကျန်းမာရေးအရ ဆိုးကျိုးများစေတာမို့ လူငယ်များအားနီကိုတင်းကို မစွဲလမ်းနေစေရန် ထိုကြော်ငြာများ ကို Billboard များပေါ်တွင်ပြသခွင့်မပြုရန် အိုင်ယာလန် အစိုးရအားတောင်းဆိုနေချင်းဖြစ်သည်ဟုသိရှိရသည်။

 

Myanmar Advertising Directory 

 

Source from The Irish Times 

 

 

Read times
Rate this item
(1 Vote)