-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုဗစ်ထိခိုက်မှုနဲ့ကြော်ငြာရေးရာ

ကမ္ဘာ့ ကြော်ငြာ ရေးရာ နယ်ပယ်က တော့ ရံဖန်ရံခါ အခု လိုပဲ အကျပ်အတည်းနဲ့ ကြုံနေရတာပါပဲ။အခု လို Covid - 19 ရောဂါ တစ်ကမ္ဘာ့ လုံးနဲ့ အမျှ ခံစားနေရတာနဲ့ အမျှ နိုင်ငံ အသီးသီးက ခေါင်းဆောင်တွေ အစိုးရ အဖွဲ့ ဝင်တွေကလည်းတိုင်းသူပြည်သားတွေအတွက် ကျန်းမာရေး ဆိုင်ရာ ထိခိုက်မှု့ အမြှောက်အများ မဖြစ်စေ ရအောင်ကာကွယ်ဖို့ ကြိုးစားကြပါတော့တယ်။

 

WPP , Google , Microsoft , Twitter , Hitachi , Apple , Amazon , Chevron , Salesforce , Spotify စတဲ့ လုပ်ငန်းစုကြီးများ အပြင် အင်္ဂလန် နိုင်ငံ ၊ အမေရိကန် နိုင်ငံ နှင့် တောင်ကိုရီးယား နိုင်ငံရဲ့ လုပ်ငန်းစုကြီးအတော်များများဟာ ပြီးခဲ့တဲ့ ၂၀၂၀ မတ်လလောက်က နေစတင်ကာ အိမ်မှ အလုပ်လုပ်တဲ့ စနစ်ကို စတင်နေပြီသိရပါတယ်။

 

ကြော်ငြာ အေဂျင်စီတွေ အတော်များများ အနေဖြင့် တချို့ လုပ်လို့ရတဲ့ ကိစ္စရပ်တေွကိုသာ အိမ်မှ လုပ်ကိုင်လျက်ရှိပြီး လူစု လူဝေးဖြင့်လုပ်ရမဲ့ ကြော်ငြာ ပိုင်းဆိုင်ရာ Billboard လမ်းမထက်ထားရှိ ရမည့်ကိစ္စရပ်များ ၊ ဘတ်စ်ကား မှတ်တိုင်ကြော်ငြာ ထည့်သွင်းခြင်းလုပ်ငန်းများ အပြင် လူစုလူဝေးဖြင့် တီဗီကြော်ငြာ ရိုက်ကူးရမည့် ကိစ္စတွေကို ရှောင်ကြည်ထားတယ်သိရပါတယ်။

 

ထို့ အပြင် Talk Show အစီအစဉ်များလဲ မရှိတော့ ကာ ကြားဖြတ်ကြော်ငြာ တွေလဲ မတွေ့ရတော့ ဘူးပေါ့ Jimmy Kimmel , Jimmy Fallon နှင့် Ellen စတဲ့ နာမည်ကြီး Talk Show အကျော်အမော် တွေလဲ အိမ်မှာပဲ နေနေ ကြပါတယ်။ရုပ်သံဌာန တွေကလည်း ဝန်ထမ်းတွေ ကို အိမ်ကနေပဲ အလုပ်လုပ်ခိုင်းပါတော့တယ်။

 

The Marketing Society က လူတွေရဲ့ ပြောဆိုပုံ အရဆို ကိုရိုနာ ရောဂါဖြစ်တာ ကြောင့် ၎င်းရောဂါစတင်ဖြစ်ပွါးတဲ့ ရက်ထဲ ကကြော်ငြာ ရေးရာ နယ်ပယ် က အေးစက်လာပါတယ်တဲ့ အခုအခါမှာလည်း အတော်လေး ကြော်ငြာ ရေး ရာ ကိစ္စ ရပ် လုပ်ကိုင်သူနည်းပါးကာ ကြော်ငြာ Industry ရပ်တန့် သလိုတောင်ဖြစ်လာပြီ။

 

၂၀၂၁ မှာတော့ ကြော်ငြာ လုပ်ငန်းဆောင်တာများအနေနဲ့ တဖြေးဖြေးပြန်လည်လုပ်ဆောင်နိုင်လာမှာဖြစ်ပြီး ဆက်လက် တပြေးညီရေးသားပါအုံးမည် .. မျှော်

 

Source From Ad Week

Read times
Rate this item
(1 Vote)