-->
×

Warning

JUser: :_load: Unable to load user with ID: 29


Ginvera ကြော်ငြာလေးက လူမသိတဲ့ နောက်ကွယ်အကြောင်းအရာလေးများ

Ginvera ကြော်ငြာလေးက လူမသိတဲ့ နောက်ကွယ်အကြောင်းအရာလေးများ google


 


 



 

ဘယ်လိုကြော်ငြာမျိုးတွေက လူတွေရဲ့အာရုံကို ဖမ်းစားနိုင်မလဲ

 



 






 

<<<unicode>>>

 

Ginvera Green Tea ကြော်ငြာလေးက မြန်မာ့ ကြော်ငြာ ရွှေခေတ် က ကြည့်ရှုမဝ နိုင်တဲ့ ကြော်ငြာလေးတစ်ခု ဖြစ်ပါတယ်။

နည်းပညာပိုင်း မတိုးတက်သေးတဲ့ အချိန်မှာ ကြော်ငြာလေးကို Animation ဆန်းဆန်းလေးနဲ့ လုပ်ထားတာ တကယ်ကိုချီးကျူးဖွယ်ကောင်းပါတယ်။

 

ကြော်ငြာထဲက မင်းသမီးချော လေးကို ဘယ်သူလို့ထင်ပါသလဲ ~~~~~

သူကတော့ နန်းဆုရတီစိုး ပါ လုံးဝထင်မထားကြဘူးမလား ? အခုမှ ကြော်ငြာလေးကို ကြည့်ရှုသူတွေကတော့ တော်တော် အံ့သြ သွားမှာ အသေအချာ ပါပဲ။

 

ကြော်ငြာ Influencer လေး Finn Wolfhard

 

ကြော်ငြာလေးကို ကျွန်တော်တို့ ကြည့်ရှုသူတွေက Ginvera Company ကြီးမှာ ရိုက်ကူးထားတယ်ထင်ရပေမဲ့ တကယ်တမ်းကတော့Studio လေးမှာရိုက်ကူးထားတာဖြစ်ပြီး နောက်ခံ အဖြူ ရိုးရိုး ကြီးသုံးပြီး ရိုက်ကူးထားတာဖြစ်တယ်လို့Ginvera ကြော်ငြာလေးရဲ့ Editor ကိုထွေးကျော်က ပြောပြခဲ့ပါတယ်။

အဲ့လိုရိုးရိုးရိုက်ကူုးထားပေမယ့် ကိုထွေးကျော်ရဲ့editing နည်းပညာလက်စွမ်းတွေရယ် နန်းစုရတီစိုးရဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့်တကယ့်ကို ပရိသတ်ရင်ထဲက ကြော်ငြာလေးတစ်ပုဒ်ဖြစ်သွားခဲ့ပါတယ်။

 

ကြော်ငြာအစ ၃ စက္ကန့်လောက်ကို အချောသတ်ဖို့ ကို အချိန် ၂ ပတ်ကြာမြင့်သွားကြောင်း ကို ထွေးကျော်က
"တစ်ခါတစ်လေမှာ ကျွန်တော်တို့ က ကြော်ငြာတွေ လုပ်တယ် ဖန်တီးတဲ့အခါ ပရိသတ်ကြည့်ရတာ ၂ စက္ကန့်လောက်ပဲ ဒါပေမဲ့ နောက်ကွယ်မှာ Editing မှာ ထိုင်လုပ်တဲ့အခါ ၂ ပတ်လောက်ကြာတာရှိတယ် ၃ ပတ်လောက်ကြာတာ ရှိတယ် "လို့ အခုလိုပြောပြခဲ့ပါတယ်။

အခုဆို ပရိသတ်ကြီးလဲ Ginvera ကြော်ငြာလေးရဲ့နောက်ကွယ်မှာ ဘယ်လိုအပင်အပန်းခံ ကြိုးစားပြီး ရိုက်ကူးထားတယ်ဆိုတာ ကို သိရှိသွားလောက်ပါပြီ။


သေသေချာချာ ပြောပြပေးတဲ့ ဆရာကိုထွေးကျော် ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

နောက်အပတ် သောကြာနေ့ယခုလို အချိန်မှာ ယခင် ခေတ်ဟောင်းကကြော်ငြာလေးတွေ ပြန် ကြည့်ကြမယ်နော်။

 

Myanmar Advertising Directory 

Read times
Rate this item
(0 votes)