-->
×
Warning
JUser: :_load: Unable to load user with ID: 29
ဘယ်လိုကြော်ငြာမျိုးတွေက လူတွေရဲ့အာရုံကို ဖမ်းစားနိုင်မလဲ
ဘယ်လိုကြော်ငြာမျိုးတွေက လူတွေရဲ့အာရုံကို ဖမ်းစားနိုင်မလဲ GOOGLE
Customer တွေကို ဆွဲဆောင်နိုင်ဖို့ Creation ကောင်းကောင်းလေးဘယ်လိုဖန်တီးမလဲ
အရင်ခေတ် Facebook မပေါ်ခင်က လူတွေက နာမည်ကြီးမင်းသားမင်းသမီး ကြော်ငြာထားတဲ့ကြော်ငြာတွေ ၊သီချင်းမြူးမြူးလေးနဲ့ လိုက်ဆိုလို့ကောင်းတဲ့ ကြော်ငြာတွေ စသဖြင့် အဲ့လို ကြော်ငြာမျိုးတွေက လူတွေရဲ့ အာရုံကို စွဲဆောင်နိုင်တာပေါ့
Pyae Phyo Naing ( Xain )
<<<Unicode>>>
အခုခေတ်မှာ လူများစုက အရင်လို သတင်းစာ ထိုင်ဖတ်လေ့ဖတ်ထ မရှိတော့ပါဘူး။
မြန်မာနိုင်ငံမှာ လူများစုက Facebook ကိုတွင်တွင်ကျယ်ကျယ် ကို အသုံးပြုလာကြတာ တချို့ဖွံ့ဖြိုးမှု အားနည်းနေတဲ့ရွာတွေ မှာတောင် ဖွဘုတ် ဖွဘုတ်နဲ့ ခလေးအစခွေးအဆုံး သိကြပါတယ်။
အဲ့တော့ ကြော်ငြာရှင်တွေကလည်း လူသုံးများတဲ့ Facebook ကနေ သူတို့ ကြော်ငြာလေးတွေတင်တယ်။ပုံစံအမျိူးမျိူးနဲ့ပေါ့။
အဲ့ထဲမှာမှဘယ်လို နည်းလမ်း ဘယ်လိုပုံစံက မြန်မာ နိုင်ငံမှာ လူကြိုက်များလဲဆိုတော့~~~~~~
ကြော်ငြာ Video လေးတွေပေါ့
လူတွေက စာဖတ်ရတာကို Video ကြည့်ရတာလောက် သဘောမကျဘူး။
သူတို့ အကြိုက်ဆုံးစာ ကိုတောင် အများဆုံး ၂ ခါ ထပ်ပိုမဖတ်ကြဘူး။Video ဆို နှစ်ခါသုံးခါမက ကြည့်တယ်။
တစ်ခါတစ်လေ အဲ့ Video လေးကို သဘောကျတယ်ဆိုရင် ကို့ရဲ့ အသိမိတ်ဆွေသူငယ်ချင်းတွေကို Mention ခေါ် ပြတာနဲ့ Messenger က ပို့လိုက်တာနဲ့ လုပ်ကြတယ်။
အဲ့တော့ ကြော်ငြာမှာ ထိရောက်တဲ့နည်းက Video Advertising ( ကြော်ငြာဗီဒီယို အတိုလေးတွေပေါ့)
ကြော်ငြာ Influencer လေး Kylie Jenner
အဲ့လိုကြော်ငြာ Video လေးတွေမှာမှ ဘယ်လိုရိုက်ကူးထားတဲ့ ကြော်ငြာတွေက လူတွေကို ပိုစွဲဆောင်နိုင်လဲ
အရင်ခေတ် Facebook မပေါ်ခင်က လူတွေက နာမည်ကြီးမင်းသားမင်းသမီး ကြော်ငြာထားတဲ့ကြော်ငြာတွေ ၊သီချင်းမြူးမြူးလေးနဲ့ လိုက်ဆိုလို့ကောင်းတဲ့ ကြော်ငြာတွေ စသဖြင့် အဲ့လို ကြော်ငြာမျိူးတွေက လူတွေရဲ့ အာရုံကို စွဲဆောင်နိုင်တာပေါ့
အခုခတေ် Facebook ပေါ်လာပြီး နောက်ပိုင်း အခြေအနေ က တော်တော် ပြောင်းလဲသွားတယ်။အခုဆို Facebook Cele တွေ ကြော်ငြာတဲ့ ကြော်ငြာတွေခပ်ပေါပေါ ဟာသဆန်ဆန် ကြော်ငြာတွေက လူကြိုက်များ ကျော်ကြားလာတယ်။
ပြီးတော့ တချို့ကြော်ငြာရှင်တွေဆို သူတို့ရဲ့ ကြော်ငြာတွေကို Facebook Cele တွေရဲ့ ဟာသ Video လေးတွေ သူတို့ရဲ့ Facebook Wall ( Facebook ကိုယ်ပိုင်စာမျက်နှာတွေ ပေါ်မှာ ထည့်သွင်းပြီး ကြော်ငြာစေတယ်။
ဒါပေမဲ့ ကြော်ငြာတန်ဖိုးကို လျော့ကျမသွားစေချင်ဘူး။
ခပ်ပေါပေါ ဖြစ်လို့ လူကြည့်များတာထက် Idea ဆန်းဆန်းလေးနဲ့ လူတွေ စိတ်ဝင်စားတဲ့ ကြော်ငြာလေးတွေ ဖန်တီးတာက ကို့ရဲ့ကြော်ငြာတန်ဖိုးကို မြင့်တက်စေရုံသာမက လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်မှာ အသေအချာပါပဲ။
Pyae Phyo Naing ( Xain )
Myanmar Advertising Directory 
Read times
Rate this item
(0 votes)