-->
×

Warning

JUser: :_load: Unable to load user with ID: 29


မားကတ်တင်းရဲ့ အခြေခံ အချက် ၅ ချက်

အင်တာနက်က စီးပွားရေးလုပ်ငန်းတွေကို အလားအလာရှိတဲ့ ကာစတန်မာတွေ ဖောက်သည်တွေနဲ့ တွေ့ပေးတဲ့ နေရာတစ်ခုပါ။စီပွားရေးလုပ်ငန်းတွေ အနေနဲ့ စျေးကွက်မြင့်တင်ရေးလုပ်ရာတွင်ထဲထဲဝင်ဝင်လုပ်မယ်ဆို အင်မတန်မှ လွယ်ကူပါသည် သို့ပေမည့် မားကတ်တင်းရဲ့ အခြေခံအချက်လေးတွေကို လူတွေက မေ့လျော့နေကြပါတယ်။

 

ထိုအချက်တွေ က ခေတ်တွေ ဘယ်လောက် ပြောင်းလာလာ နည်းပညာတွေ မည်သို့ပြောင်းစေကာမှု နဂိုရှိမြဲတိုင်းရှိနေပါတယ်။ စျေးကွက် မြှင့်တင်ရေး သမားတွေ အနေနဲ့ သတိမပြုမိတဲ့ အချက်လေးတွေက အမြဲရှိနေပါတယ်။အဆိုပါအချက်လေးတွေက သဘာ၀နဲ့ အပ်စပ်ပြီး အရမ်းရိုးရှင်းပါတယ်။ အဆိုပါအချက်လေးတွေကို သိထားလိုက်ရအောင်ပါ။

 

၁ . သင့်ကိုသင်သိအောင်ကြိုးစားပါ

 

လူတွေက စီးပွားရေးလုပ်ငန်းတစ်ခု ကို ယုံကြည်ချက်တစ်ခုနဲ့ လုပ်ကြပါတယ်။ထိုအချက်ကြောင့်ပဲ သူတို့ရဲ့ ကုန်ပစ္စည်းနဲ့ ကုန်အမှတ်တံဆိပ်ကိုနေရာရဖို့ ယုံကြည်ချက် ရဖို့အားသွန်ခွန်စိုက်လုပ်ဆောင်ကြပါတယ်။မားကတ်တင်းသမားတွေက သူတို့ရဲ့ ပရိသတ်လိုအပ်ချက် ကိုအမြဲအာရုံထားပြီး ပရိသတ်နဲ့ အမြဲထိတွေ့နေသင့်ပါတယ်။ဒီတော့ကား ကိုယ့်က ဘာကို စျေးကွက်မြင့်တင်ချင်တာလဲ ၊ ကိုယ့်ပရိသတ်က ဘယ်အရွယ်ကို ပြစ်မှတ်ထားတာလဲဆိုတာသင်ကိုယ်တိုင်သိထားသင့်ပါတယ်။

 

၂ . ယှဉ်ပြိုင်မှုတွေရှိနေပါစေ

 

မားကတ်တင်းသမားတိုင်းဟာ သူတို့ရဲ့ ပစ္စည်းနဲ့ ဝန်ဆောင်မှုက ကမ္ဘာ့အကောင်းဆုံး နံပါတ် ၁ လို့ထင်နေကြပါတယ်။လက်တွေ့ အခြေအနေမှာတော့ လူအများစုက သင့် ပစ္စည်းအပေါ် အမြင်စုံရှိတယ်သိရပါတယ်။စားသုံးသူတွေ ဘက်ကကြည့်ပြန်တော့ လည်း Product တစ်ခုကို လွတ်လပ်စွာမြင်ပိုင်ခွင့်ရှိပါတယ်။သင့်အနေနဲ့ မားကတ်တင်းသမား တစ်ယောက်ဆိုပါက သင့်စားသုံးသူတွေ အပေါ် နားလည်မှု ပေးနိုင်ရပါမယ်။သို့ပေမယ့် အခြား လုပ်ငန်းတူတွေနဲ့ တော့ မသိမသာလေး ပြိုင်ခွင့်ရှိပါတယ်။

 

၃ သင့်ပရိသတ်ကို နားလည်ပါ

 

လူတိုင်းက တစ်ယောက်နဲ့ တစ်ယောက်စိတ်မတူကြပါဘူး။သင့်အနေနဲ့ သူတို့စိတ်ကြိုက်‌တွေကို မလုပ်ပေးနိုင်ဖူးဆိုတာတောင်မှ သူတို့ ဘာကို စိတ်ဝင်စားနိုင်လဲဆိုတာသင်သိပြီးသား ထိတွေ့နေကြပါ။သူတို့အကြိုက်အမြဲလိုက်ပေးနေဖို့မလိုပါဘူးသို့ပေမယ့် သူတို့အကြောင်း နားလည်ထားတော့ သင်လုပ်သမျှ Campaign တွေတိုင်းအောင်မြင်တာပေါ့။

 

၄ ပရိသတ်ကို လျင်မြန်စွာချပြပါ

 

တကယ့်ပရော်ဖက်ရှင်နယ်မားကတ်တင်းသမားတွေက အရွေ့သိပ်မြန်ပါတယ်။သူတို့ရဲ့ ပရိသတ်တွေကို ဘယ်လို ချပြရမလဲသိတယ် သည့်ထက် အရာရာကို လျင်မြန်စွာ လုပ်ရှားသွားနိုင်တယ်။ရက်ရှည်ဆွဲဆန့်ရမည့်ကြော်ငြာ Campaign လိုကိစ္စတွေမှာ မြန်ဆန်တာက အကုန်အကျ နည်းပြီး ကာမိတာမျိုးပါ စေတနာပါတော့ပါသင့်ပါတယ်နော် ပရိသတ်နဲ့ ကုန်အမှတ်တံဆိပ်ကြားအရေးကြီးတာက သင့် Brand မှာ အရေးကြီးဆုံးက သင့်ပရိသတ်ပါ။.

 

၅ . သင့်ပရိသတ်တွေ ပျော်ရွှင်အောင်လုပ်ပါ

 

အမြဲတမ်းသင်ကြားဖူးတဲ့ စကားတစ်ခု ရှိမှာပါ '' ပရိသတ်က အမြဲမှတ်တယ်ဆိုတဲ့ '' စကားပေါ့။သင့်အနေနဲ့ သင့်ပရိသတ်အပေါ်သစွာရှိရမယ်၊ရိုးသားရပါမယ်။သင့်အနေနဲ့ ထိုသို့ လုပ်ကြည့်ပါက သင့်ရဲ့ ပရိသတ်ကလည်း ပျော်ရွှင်ရမှာပါ။ကုန်အမှတ်တံဆိပ်တချို့နှစ်ရှည်လများ အောင်မြင်နေတာက ပရိသတ်ပေါ်၎င်းကုန်အမှတ်တံဆိပ်က သစွာရှိလို့ပါ။

 

အထက်ပါ မားကတ်တင်းရဲ့ အခြေခံကြတဲ့ အချက် ၅ ချက်ကို အသုံးပြုပါက သင့်အနေနဲ့ အမှားနည်းတဲ့ လုပ်ရပ်တစ်ခုကို လူတွေရှေ့မှာပြသနိုင်မှာဖြစ်ပြီးအောင်မြင်တဲ့ ကုန် အမှတ်တံဆိပ်တည်ဆောက်ရေး အတွက် အဆင်ချောစေမှာပါ။

 

Ref : Marketing Land

Read times
Rate this item
(3 votes)