-->
×

Warning

JUser: :_load: Unable to load user with ID: 29


မားကတ်တင်းသမားတွေအခုချိန်ဘာလုပ်သင့်သလဲ

အခုအခြေအနေဟာ မားကတ်တင်းသမားတွေနဲ့ အမှတ်တံဆိပ်တစ်ခုရဲ့ မားကတ်တင်းမန်နေဂျာ တွေအတွက် အကျပ်တွေ့နေတဲ့ ကာလ တစ်ခုပါပဲ။ဒီအကျပ်အတည်းကို ရုန်းကန် ထိုးဖောက်ရင်းကောင်းတာ ဖြစ်သွားသလို ဆိုးတာလဲ ဖြစ်နိုင်ခြေတွေအများကြီးပါပဲ။

ဒီအကျပ်အတည်း ကာလ ကို သင်တစ်ယောက်ထဲရင်ဆိုင်နေရတာတော့ မဟုတ်ပါဘူး လူသား အရင်းအမြစ်တစ်ခုလုံး အဆိုပါ အကျပ်အတည်းနှင့် ရင်ဆိုင်နေရတာပါ။ဒီယခုကိုရိုနာရောဂါဖြစ်ပွား ခြင်းက ကိုယ်တွေရဲ့ဘဝတစ်စိတ်တစ်ပိုင်းသာမက ပဲကိုယ့်ရဲ့ မိသားစုဝင်တွေ , မိတ်ဆွေအပေါင်းအသင်းတွေ , လုပ်ငန်းခွင်ရှိ လူအများ အပေါ်မှာပါသက်ရောက်မှု့ ရှိနေစေတာပါ။

 

လူတွေဟာ လုပ်ငန်းခွင်မှာ သွက်လက်စွာ လှုပ်ရှားလာခဲ့ရာလုပ်ငန်းခွင်များမှ ယခုဆိုရင် Zoom မိတင် တွေသာ ကျင်းပ့ ပါတော့တယ် အိမ်တွင်းအားကစား ဗီဒီယို တွေသာ အကြည့်များလာကြတယ် ထို့အပြင် ဈေးအသွားအလာကို ထိန်းချုပ်ပြီး အစားအသောက်တွေကို ရေခဲသေတ္တာ တွင်းအောင်းကျတော့တယ်။

 

အခုအချိန်အတွင်းမှာ အရာရာအားလုံးပြောင်းလဲလာတဲ့ အပေါ် သင့်ရဲ့ ပြိုင်ဘက်တွေက သူတို့ရဲ့ မားကတ်တင်းအတွက် အသုံးပြု ငွေတွေကို လျှော့ချပြီး , ပစ္စည်းရောင်းချ ရရေး အာရုံ စိုက်လာ ကြတာတွေ့ရလိမ့်မယ် ။ ဒီအချိန်မှာ မားကတ်တင်းအတွက် အသုံးပြု ငွေတွေက ဆုံးရှုံးမှု့တွေပဲလို့ သူတို့မြင်နေကြတာကို သို့ပေမယ့် သူတို့ လုပ်သလို လိုက်မလုပ်ခင် သင်စဉ်စားမှာ က သင့် Brand ရဲ့ တည်ရှိနေမှု့ က ရှည်လျားတဲ့ ကာလ တစ်ခုကို သွားမှာလား (သို့ ) ခပ်တိုတိုအနေအထားကိုပဲ သွားမှာလားဆိုတာမျိုးပေါ့။

 

လက်ရှိမှာ ဖော်ပြချက်အရဆို Website အသုံးပြုသူက ၇၀ ရာခိုင်နှုန်းရှိတယ် သည့်အပြင် တီဗီ ကြော်ငြာ ကြည့်သူက ယခင် ၅၀ ရာခိုင်နှုန်းကြည့်ရာမှ ၆၃ ရာခိုင်နှုန်း ရှိလာခဲ့တာတွေ့ရတယ်။ယခုဆိုရင် အွန်လိုင်းမှ Website အသုံးပြု ခြင်းက နဂိုမှုလ တီဗီကြည့်ခြင်းထက်တောင် လူဦးရေ ရာခိုင်နှုန်းပိုများနေတာတွေ့ရတယ်။

 

ဒါဟာ သင့် Product ကို လူတွေဆီရောက်အောင်ပို့ဖို့အကြီးအမားဆုံး အခွင့်အရေးပဲ။ပရိသတ်တွေက အိမ်မှာ ထိုင်နေကြတယ် သင့် Product ကို ကြော်ငြာတာကို မြင်ဖို့ အခွင့်အရေး အများဆုံးပဲ Vodafone အင်တာနက်ကို အသုံးပြုသူဆိုရင် ၅၀ ရာခိုင်နှုန်းတက်လာခဲ့တယ်။Facebook တင်မက မက်ဆင်ဂျာ နဲ့ WhatsApp ကို အသုံး ပြုသူတွေ ၇၀ ရာခိုင်နှုန်းထိ မြှင့်တက်ပြီး ဒုနဲ့ ဒေး ဖြစ်လာတယ်။လူတိုင်းဟာ အခု အချိန်မှာ အရင် က ထက်ပိုပြီး ဖုန်းအသုံးပြုလာတာတွေ့ရတယ်။

 

တချို့ မားကတ်တင်း ဂုရုကြီးတွေကိုကြည့် McDonald ဆိုရင် M မှ အခုံးနှစ်ခုံးကို အလယ်တည့်တည့် ခွဲထားတယ်။ Tiger ကို ကြည့်မယ်ဆိုရင် ကျားကြီးက နေလုံးနဲ့ အပင်ကြားထဲကနေ အိမ်ထဲကို ပို့လိုက်ကြတယ်။ကိုယ်တွေအနေနဲ့ နာမည်ကြီး Brand တွေထဲက ၈၀ ရာခိုင်နှုန်းက Logo တွေကို ပြောင်းလဲလာတာတွေ့ရတယ်။သင်သိထားရမှာ နာမည်ကြီး Brand တွေက Long Term သွားတာပါပဲ။

 

အခုချိန်မှာ ကာလ ရှည်ကြာ နာမည်ကို ထိန်းသိမ်းသွားမည့် Brand တွေအနေနဲ့ မားကတ်တင်းလုပ်မယ်ဆိုရင် အကောင်းဆုံး အနေအထားမှာ ရှိတယ် သင့် Brand ကို မသိတဲ့ သူတွေ သိလာမယ် ပိုပြီးလူတွေဆီကိုရောက်မယ်။မားကတ်တက်း ဂုရုကြီးဖြစ်တဲ့ Mark Ritson ကပြောတယ် တကယ်တော်တဲ့ မားကတ်တင်းသမားက အခုအချိန်မှာ သူ့ရဲ့ မားကတ်တင်းရေးရာ အသုံးပြုမည့်ငွေကြေးတွေကို မဖြတ်ပြစ်ဘူး ဆက်လုပ်နေအုန်းမှာပဲဆိုကာပြောကြားခဲ့ပါတယ်။

 

Myanmar Advertising Directory

Read times
Rate this item
(1 Vote)