-->
×

Warning

JUser: :_load: Unable to load user with ID: 29


စားသုံးသူတွေမျှော်လင့်ထားသလို ရလဒ်ကောင်းတဲ့ကြော်ငြာတစ်ခုရဖို့ အဆင့်(၃)ဆင့်


ဒီနေ့ခေတ်ကြီးမှာ ကြော်ငြာတွေဟာ အွန်လိုင်းပေါ်မှာ အထူးသဖြင့် Facebook ပေါ်မှာ ကျွန်တော်တို့နေ့စဉ်နဲ့အမျှ မြင်တွေ့နေရပါပြီ။

 

အဲဒီလို ကြော်ငြာတွေက တစ်ယောက်နဲ့တစ်ယောက်၊ လုပ်ငန်းတစ်ခုနဲ့တစ်ခု ပိုပြီးတော့ဆွဲဆောင်မှုရှိအောင် သူထက်ငါအပြိုင်ရေးကြပါတယ်။ ဟိုအရင်တီဗွီ ကြော်ငြာခေတ်တွေကနေ ဒီနေ့ခေတ်အထိ ကြော်ငြာတွေဟာ အရေးပါတဲ့ကဏ္ဍက ဦးဆောင်နေပါတယ်။ ဒီနေ့ခေတ် အွန်လိုင်းပေါ်မှာ ကြော်ငြာ တစ်ခုဖန်တီးတော့မယ်ဆိုရင် Content လို့ခေါ်တဲ့စာသား Visual အတွက်၊ ဓာတ်ပုံ၊ ဗီဒီယိုတွေကို သူ့ထက်ငါအပြိုင် ပိုကောင်းအောင်၊ ဆန်းသစ်မှုရှိအောင် အားထုတ်လာကြပါတယ်။ ဒါဟာ ကောင်းပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေလည်း ပေါ်ထွက်လာစေပါတယ်။

 

အရင်တုန်း ကမရှိခဲ့တဲ့ Content Writer, Page Admin, Digital Marketer စတဲ့ တစ်ဦးတစ်ယောက်ချင်းစီအတွက် အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေ ပေါ်ထွက်လာသလို Digital Marketing Agency တွေလည်းတော်တော်များများ ပေါ်ထွက်လာတာကိုတွေ့ရပါတယ်။ အွန်လိုင်းပေါ်မှာ ကြော်ငြာတဲ့အခါ Facebook ကလည်း Trend တွေ ပြောင်းလဲနေတဲ့အတွက် သူ့နောက်ကို Marketer တွေကအမီလိုက်ပြီးကြော်ငြာ Campaign တွေကိုဖန်တီးရပါတယ်။ အရင်တုန်းကဆို စာသားသက်သက်နဲ့အလုပ်ဖြစ်ပေမဲ့ နောက်ပိုင်းမှာဓာတ်ပုံတွေကိုဦးစားပေးလာပါတယ်။ ဓာတ်ပုံပေါ်မှာလည်းအရင်က သတင်းစာ၊ ဂျာနယ်တွေ မှာကြော်ငြာသလို စာတွေအများကြီးထည့်လို့ မရဘဲ ၈၀ း၂၀ ရာခိုင်နှုန်းအချိုးပဲရပါတယ်။ ဆိုလိုတာကပုံပေါ်မှာစာသားက ၂၀ ရာခိုင် နှုန်းထက်မပိုရပါဘူး။ အဲဒီတော့ ကိုယ်ပြောချင်တဲ့ Information ကိုပုံပေါ်မှာအများကြီးထည့်လို့မရဘဲ Content မှာပဲ အဓိက ရေးရပါတော့တယ်။

 

ဒီနေ့ခေတ် Facebook သုံးတဲ့သူတွေကလည်း Con-tinue Reading မပြောနဲ့ See More တောင်သိပ်မနှိပ်ချင်တော့ စာကိုဖတ်လိုက်တာနဲ့ ဆက်ဖတ်ချင်အောင်ရေးရ ပြန်ပါတယ်။ ဒါ့ပြင်လူတွေကပုံ ကိုအရင်သတိထားမိတာဆိုတော့ ကြော်ငြာမှာသုံးမယ့်ပုံတွေကလည်း ချက်ချက်ဖမ်းစားနိုင်အောင် ဖန်တီးရပြန်ပါတော့တယ်။ အဲဒီတော့ ကုန်ပစ္စည်းဒါမှမဟုတ် လုပ်ငန်းတစ်ခုအတွက် ဆွဲဆောင်မှုရှိတဲ့ ကြော်ငြာတွေဖြစ်အောင် အကောင်းဆုံးဖန်တီးကြတယ်။ တစ်နည်းအားဖြင့် ကြော်ငြာကတစ်ဆင့်စားသုံးသူကို ကတိတွေပေးကြတယ်။ ဒီနေ့ခေတ်မှာ Facebook ဟာ ကြော်ငြာတွေရဲ့ အဓိကပလက်ဖောင်းတစ်ခုလို့ တောင်ပြောလို့ရနေပါပြီ။ သူထက်ငါအပြိုင်ကောင်းအောင်၊ ဆွဲဆောင်မှုရှိအောင် ကြိုးစားကြတော့ စားသုံးသူတွေကို တကယ်လည်းဆွဲဆောင်နိုင်ပါတယ်။ ကြော်ငြာလေးကိုဖတ်လိုက်ရုံ၊ ပုံလေးကို ကြည့်လိုက်ရုံနဲ့ စားသုံးသူရဲ့စိတ်အာရုံကိုဖမ်းစားစေပါတယ်။ တစ်နည်းအားဖြင့်ယုံကြည်သွားစေပါတယ်။ အဲဒီတော့ စားသုံးသူကကိုယ့်ရဲ့လုပ်ငန်း ဒါမှမဟုတ်ကုန်ပစ္စည်းကို စတင်သုံးစွဲဖို့ဖြစ်လာပါပြီ။

 

စားသုံးသူတွေဟာ ကုန်ပစ္စည်း ဒါမှမဟုတ်လုပ်ငန်းကို အသုံးပြုဖို့အတွက် အနည်းဆုံး ၅၀ ရာခိုင်နှုန်း ယုံကြည်မှုရှိဖို့လိုပါတယ်။ ကိုယ့်အတွက် ဒါဟာကောင်းမယ်၊ သင့်တော်မယ်လို့ယုံကြည်တယ်၊ မျှော်လင့်တယ် ဒီအတွက်သုံးကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ အဲဒီဆုံးဖြတ်ချက်ရဖို့အတွက် Marketer တွေကကြော်ငြာတွေအပါအဝင် နည်းမျိုးစုံနဲ့စားသုံး သူတွေဆီကိုယ့်ရဲ့ ကုန်ပစ္စည်းဒါမှမဟုတ် လုပ်ငန်းအကြောင်းကို သတင်းအချက်အလက်တွေ ပေးကြတယ်။ စားသုံးသူက ယုံကြည်လို့ကိုယ့်ရဲ့ကုန်ပစ္စည်း ဒါမှမဟုတ် လုပ်ငန်းကိုစတင်အသုံးပြုပြီ။ အဲဒီအချိန် မှာရလဒ်ကောင်းဖို့အတွက် အဆင့်သုံးဆင့်ရှိပါတယ်။ စားသုံးသူတွေက သူတို့မျှော်လင့်ထားတဲ့အတိုင်း ပြန်ရတဲ့ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုကထပ်တူကျတယ်၊ စိတ်ကျေနပ် တယ်ဆိုတဲ့ Satisfaction Level၊ နောက်တစ်ခုကသူတို့ မျှော်လင့်ထားတာထက် ပိုကောင်းတယ်။ ဒါကြောင့် ပျော်ရွှင်တဲ့အထိဖြစ်စေတဲ့ Happy Level၊ ဒီထက်ပိုပြီးတော့ မမျှော်လင့်ထားလောက် အောင်ကောင်းတဲ့ ဝန်ဆောင်မှုဒါမှမဟုတ်ကုန်ပစ္စည်းကိုရတဲ့အခါ လုံးဝစိတ်ကျေနပ်နှစ်သက်ပျော်ရွှင် တဲ့ Delighted Level တို့ဖြစ်ပါတယ်။

 

စားသုံးသူဟာ အဲဒီ Level သုံးခုထဲကတစ်ခုခုကို ရရှိတယ်ဆိုရင် ကိုယ့်ရဲ့လုပ်ငန်း၊ ကုန်ပစ္စည်းကိုထပ်ပြီးတော့အသုံးပြုဖို့ Repeated Pur-chase ဖြစ်စေဖို့ အခွင့်အလမ်းများပါတယ်။ ဒါ့ပြင် အခြားသူကိုလည်း Recommend ပေးလာနိုင်ပါတယ်။ Repeated Purchase အကြိမ်အရေအတွက်များလာတဲ့အခါ ကိုယ့်ရဲ့ Loyal Customer ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့လုပ်ငန်းအမျိုးအစားအပေါ်မှာလည်း မူတည်ပါတယ်။ ဥပမာ-ကျွန်တော်က သင်တန်းကျောင်းဖြစ်တဲ့အတွက် ဒီအတန်းကိုပဲ ထပ်ခါထပ်ခါတက်လို့မရပါဘူး။ ဒါပေမဲ့ Repeated Purchase ကို ပုံစံတစ်မျိုးနဲ့ ဒီအတန်းပြီးနောက်တစ်တန်း၊ နောက်တစ်တန်းပြီးနောက်တစ်တန်း စသဖြင့်မတူတဲ့ အတန်းတွေကို ဆက်တက်ဖြစ်စေပါတယ်။ အဲဒီလို Repeated Purchase ဖြစ်ဖို့က Satisfaction Level မှာ မသေချာပါဘူး။ Happy Level ရောက်မှသာဖြစ်နိုင်ခြေပိုများပါတယ်။ အဲ့ဒီကတစ်ဆင့် ကိုယ်တင်မက အခြားသူတွေကိုပါ Recommend ပေးဖို့ဆိုရင် Delighted Level ဖြစ်အောင် ကြိုးစားရမှာပါ။

 

Read More>>>ကြော်ငြာလောကအတွက် Consumer Insight ဟာ ဘယ်လောက်အရေးပါလဲ?

 

စားသုံးသူကကြော်ငြာကိုယုံကြည်ပြီး ကုန်ပစ္စည်းဒါမှမဟုတ်လုပ်ငန်းကို တကယ်သုံးကြည့်တဲ့အခါ အထက်မှာပြောခဲ့တဲ့ Level သုံးခုကို တစ်ခုမှမရရှိဘဲ မှန်းချက်နဲ့နှမ်းထွက်မကိုက်ဆိုသလို မျှော်လင့်ထားတာနဲ့လက်တွေ့က မကိုက်ညီတဲ့အခါ Unsatisfied ဖြစ်သွားနိုင်ပါတယ်။ Satisfied နဲ့ Happy Level မှာ Recommend ပေးဖို့မသေချာပေမဲ့ Unsatisfied ဖြစ်ရင်တော့မကောင်းတဲ့ အကြောင်းကို Recommend ပေးဖို့သေချာပါတယ်။ ကောင်းတဲ့အကြောင်းကို ထောက်ခံဖို့ အဆင့်သုံးဆင့်အားထုတ်ရပေမဲ့ မကောင်းတဲ့အကြောင်းကိုထောက်ခံဖို့ကတော့ တစ်ဆင့်ပဲလိုပါတယ်။ ဒါကြောင့်မို့လို့ Marketer တွေအနေနဲ့ စားသုံးသူတွေကိုမနိုင်တဲ့ ကတိတွေမပေးမိဖို့ သတိထားရ ပါတယ်။ တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် ကတိပေးမိခဲ့ပြီဆိုရင်လည်း စားသုံးသူတွေ မျှော်လင့် ထားတဲ့အတိုင်းလုပ်ပေးနိုင်ဖို့အတွက် Operation Team နဲ့ အချိန်မီချိတ်ဆက်ဆောင်ရွက်ထား ဖို့လိုပါတယ်။ ဒါမှသာစားသုံးသူတွေစိတ်မပျက်မှာဖြစ်ပါတယ်။

 

Marketer တွေဟာ စားသုံးသူတွေကို စေတနာလွန်ကဲလို့ဖြစ်စေ၊ ပိုရောင်းချင်လို့ဖြစ်စေ အလွန်အကျူးကတိတွေပေးတဲ့အခါ ကတိမတည် နိုင်ဖြစ်ပြီး စားသုံးသူတွေကို စိတ်ပျက်စေတတ်သလို ကတိတည်နိုင်ဖို့ အတင်းကြိုးစားရတဲ့အခါ မနိုင်ဝန်ထမ်းရပြီးတော့ အလုပ်ပိုတတ်ပါတယ်။ ဒါကြောင့်မို့ စားသုံးသူတွေကိုဆွဲဆောင်တဲ့အခါ ကြော်ငြာမှာမဖြစ်နိုင်တာတွေ ကိုပြောမဲ့အစား ကိုယ်ဘာလုပ်ပေးနိုင်လဲ ဆိုတာသေချာတဲ့အရာကို စားသုံးသူတွေသိအောင် ရှင်းရှင်းလင်းလင်း ကတိပေးပြောပြပါ။ ဒါမှသာကိုယ်ကလည်း စားသုံးသူတွေ ကို နိုင်နိုင်နင်းနင်း ဝန်ဆောင်မူပေးနိုင်မှာ ဖြစ်သလို စားသုံးသူတွေဘက်ကလည်း မျှော်လင့်ချက်နဲ့ လက်တွေ့ကိုက်ညီတဲ့ရလဒ်ကို ရရှိမှာ ဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ ဒီအချက်လေးတွေကို သတိထားမိစေဖို့ မျှဝေရေးသားလိုက်ပါတယ်။ လူငယ်တွေ ကိုယ်ပိုင်လုပ်ငန်းကို စနစ်တကျစတင်ပြီး ကြီးပွားအောင်မြင်ကြပါစေ။

 

Myanmar Advertising Guide 

Read times
Rate this item
(2 votes)