-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာလောကအတွက် Consumer Insight ဟာ ဘယ်လောက်အရေးပါလဲ?

ကြော်ငြာလောကအတွက် Consumer Insight ဟာ ဘယ်လောက်အရေးပါလဲ? Google

Advertising agencies တွေမှာ ကွဲပြားခြားနားတဲ့လုပ်ငန်းတာဝန်တွေဖြစ်တဲ့ client contact (account management), buying (media), and ideas (creative)စသည်တွေဖြင့်ခွဲခြားပြီး တာဝန်ယူလုပ်ဆောင်ရပါတယ်။

consumer insight (မြန်မာလိုအလွယ်ပြန်မယ်ဆို တစ်နည်းအားဖြင့် စားသုံးသူပြည်သူတွေရဲ့ အတွင်းကျကျသဘောထား)ကိုသိပြီး အဲ့ဒီအချက်ပေါ်အခြေခံကာ ကိုယ့်ကြော်ငြာကို တိုးတက်အောင်လုပ်ဆောင်ရတာဟာ ခက်ခဲတဲ့လုပ်ငန်းတစ်ရပ်ပဲဖြစ်ပါတယ်။ အထူးသဖြင့် ၁၉၈၀ ပြည့်နှစ်တွေတုန်းက US ကြော်ငြာအေဂျင်စီတွေက account planning ဆိုတဲ့ ရာထူးအသစ်ကိုစတင်လိုက်တဲ့ အချိန်တည်းကစခဲ့တယ်လိုဆိုရမှာပါ။

ဒီ account planning ဆိုတဲ့ ရာထူးအသစ်ကို A British advertising researcher တစ်ယောက်ဖြစ်တဲ့ Stanley Pollitt ဆိုသူကစခဲ့တာဖြစ်ပြီး သူကဘယ်လိုခံစားရလဲဆိုရင် Consumer တွေရဲ့ information အစစ်အမှန်ကိုအေဂျင်စီတွေကမရဘူး တစ်နည်းအားဖြင့် ကြော်ငြာတွေက Consumer insight တွေနဲ့လွဲနေတယ်လို့ခံစားခဲ့ရပါတယ်။ အဲ့အတွက်ကြောင့်မို့လို့ ကြော်ငြာအေဂျင်စီကိုလည်း ကိုယ်စားမပြု ကုန်ပစ္စည်းထုတ်လုပ်သူတွေကိုလည်း ကိုယ်စားမပြုတဲ့ account planners တွေဟာ Creative တွေနဲ့ လက်တွဲပူပေါင်းပြီး Consumer တွေရဲ့ အတွင်းကျကျ သဘောထားကိုနက်နက်နဲနဲ တူးဖော်ကြည့်ပြီး Creative Ideas တွေကို မှန်ကန်တဲ့ကြော်ငြာတွေဖြစ်လာအောင်ကူညီပေးရင်း ကြော်ငြာအေဂျင်စီအတွက် အကျိုးကျေးဇူးဖြစ်ထွန်းစေရမယ်လို့ သူကပြောခဲ့ပါတယ်။

ဒီ account planner ဆိုတဲ့ ရာထူးဟာ unique position လို့တင်စားရလောက်အောင် အရေးကြီးပါတယ်။ ဘာကြောင့်ပါလိမ့်။ သူတို့ဟာ သူတို့ရဲ့အထူးကျွမ်းကျင်တဲ့ research ပညာကိုအသုံးချပြီး customer နဲ့ market ကို ကောင်းကောင်းသဘောပေါက်အောင် လုပ်နိုင်ကြပါတယ်။ အဲ့ဒီအချက်ဟာ ကြော်ငြာအေဂျင်စီတွေအတွက် သေရေးရှင်ရေးတမျှ အရေးကြီးတဲ့အချက်လည်းဖြစ်ပါတယ်။ သူတို့ရဲ့ရလာတဲ့ တိကျသေချာတဲ့ research တွေကိုအသုံးချပြီး ပိုကောင်းတဲ့ကြော်ငြာအိုင်ဒီယာတွေကို မြန်မြန်ပိုထုတ်နိုင်ကြပါတယ်လို့ပြောထားပါတယ်။

Account planner တစ်ယောက်ရဲ့ အရေးကြီးဆုံးတာဝန်တစ်ခုဖြစ်တဲ့ ရလာတဲ့ research (Target Audience Insight) တွေနဲ့ client ရဲ့ need and want ပေါ်အခြေတည်ပြီး Creative Brief ကောင်းကောင်းတစ်ခုလုပ်ခြင်းဟာလည်း Advertising campaign ကို develop လုပ်မယ့် Creative team အတွက် ရွှေထုပ်ကြီးတစ်ထုပ်ပမာပါပဲ။ ဒါပေမယ့် ပေးလိုက်တဲ့ Creative brief ဟာ Data အချက်အလက်တွေချည်းပဲဆိုရင်တော့ အလုပ်မဖြစ်ပါဘူး။ Creative brief ဟာ Creative Process ကို မီးလောင်ရာလေပင့်သလို လုပ်ပေးနိုင်မှဖြစ်မှာပါ။

တစ်ချို့ account planner တွေဟာ Client ရဲ့ စကားလုံးတွေကိုပဲ မှတ်လာပြီး ရော့....အင့် ဆိုပြီး Creative team ကို ထိုးပေးတတ်ကြပါတယ်။ အဲလိုလုပ်ရင်တော့ Creative တွေနဲ့ တစ်ဂျိမ်းဂျိမ်းနဲ့ကို ချနေရမှာနော့်....
ဆိုကြပါစို့.... Breif ထဲမှာ အသက် ၁၈နှစ် မှ ၃၀နှစ် အတွင်းမိန်းမတစ်ယောက်၊ လက်ထပ်ပြီးသား၊ ဝင်ငွေဘယ်လောက်၊ ဘယ်မှာနေတယ် စသည်တွေဖော်ပြထားမယ်ဆိုရင်တော့ အဲ့ဒီ Brief ဟာ Media Buying အတွက် ကောင်းချင်ကောင်းလိမ့်မယ်။ ဒါပေမယ့် Creative အတွက်ကတော့ စာရွက်သက်သက်မျှသာဖြစ်ပါတယ်။

Read More >>>ကြော်ငြာဘေဘုတ်ထားရှိမယ့်နေရာပေါ်မှုတည်ပြီး ရွေးချယ်သင့်တဲ့ဒီဇိုင်းပုံစံများ

ဒါဆိုဘယ်လို Creative Brief မျိုးပေးရမလဲဆိုရင် ကိန်းဂဏန်းတွေကို ခဏဘေးချိတ်ပြီး သူမက ဘာတွေကြိုက်တတ်တယ် သူဘာတွေကိုချစ်ပြီး ဘာတွေကိုမုန်းတတ်တယ်၊ သူမဟာ ဘာတွေကို မျှော်လင့်ပြီး သူမရဲ့အိပ်မက်က ဘာဖြစ်တယ်၊ သူမကိုယ်သူမ ဘာတွေမြင်တတ်တယ်၊ သူမကိုယ်သူမ ဘာတွေဖြစ်ချင်တယ်၊ သူမရဲ့ idol ကဘယ်သူတွေဖြစ်တယ် စသည်တွေကို ဖော်ပြရမှာဖြစ်ပြီး ဒီကုန်ပစ္စည်းကို ယခုလက်ရှိ သူမဘယ်လိုမြင်နေတယ် ၊ ဒီကုန်ပစ္စည်းကို ဘယ်လိုမြင်စေချင်တာ ဆိုတဲ့ Creative Brief တစ်ခုပေးနိုင်ပြီဆိုရင်တော့ သင်ဟာ Creative Team အတွက် ဒဏ္ဍာရီလာနတ်သမီးလေးတစ်ပါးဖြစ်နေမှာ အမှန်ပါပဲ။

အဲဒီလိုမျိုး Creative Brief ဟာလည်း အပင်ကြီးဖြစ်ဖို့ မြေကြီးကနေထိုးထွက်လာတဲ့ မြေစာပင် Creative Idea အတွက် အကောင်းဆုံးသော မြေဆီလွှာပဲဖြစ်ပါတယ်။ Creatice Brief ဟာ Target audience ကို ဒီကုန်ပစ္စည်းနဲ့ ပတ်သတ်ပြီး ဘာလုပ်စေချင်လဲဆိုတာရယ် Target audience ဆီက ဘာတွေမျှော်လင့်လဲဆိုတာတော့ အနည်းဆုံးပြောပြနိုင်ရပါမယ်။ ပြောရမယ်ဆိုရင်တော့ Strong Account Planner မရှိရင် Strong Creative မဖြစ်သလို Strong Creative Agency လည်းမဖြစ်လာတော့ပါဘူး။

ဒါတွေကို ပြန်သုံးသပ်မယ်ဆိုရင် ကြော်ငြာလောကအတွက် consumer insight (Creative Brief) ကဘယ်လောက်အရေးကြီးလဲဆိုတာ သိသာပါတယ်။ Insignt မရရင် ကြော်ငြာကောင်းကောင်းထွက်ဖို့တော်တော်ကို အလားအလာနည်းပါတယ်။ မြန်မာပြည်မှာလည်း ထုံးစံအတိုင်းကြော်ငြာတစ်ခုလုပ်တော့မယ်ဆို ကုန်ထုတ်လုပ်သူတွေဘာလိုချင်တယ်ဆိုတာပဲ ပြောတတ်ကြပြီး တကယ့် target audience ရဲ့ insight တွေမပါတော့ လုပ် သမျှကြော်ငြာတွေက အလွဲတွေပဲဖြစ်နေတတ်ပါတယ်။ ကိုယ်ကြော်ငြာမယ့် ကုန်ပစ္စည်းရဲ့ target audience ရဲ့တစ်ကယ့် insight တွေကိုရှာဖွေပြီး တစ်ကယ်ထိရောက်တဲ့ ကြော်ငြာတွေဖန်တီးနိုင်ကြပါစေကြောင်း ဆွေးနွေးတင်ပြလိုက်ရပါတယ်။

Source; Advertising in myanmar

 

Read times
Rate this item
(0 votes)