-->
×

Warning

JUser: :_load: Unable to load user with ID: 29


မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းတွေမှာ အောင်မြင်ထူးချွန်သူများနဲ့ တွေ့ဆုံနိုင်မယ့်အစီစဉ်

မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းတွေမှာ အောင်မြင်ထူးချွန်သူများနဲ့ တွေ့ဆုံနိုင်မယ့်အစီစဉ် Google

တတိယကြိမ်မြောက် “မြန်မာ့စီးပွားထူးချွန်သူများနှင့်တွေ့ဆုံခြင်း” ပွဲကို မေလ ၁၈ ရက်နေ့ မနက် ၈နာရီ ကနေ နေ့လည် ၁၁ နာရီ အထိ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းမှာရှိတဲ့ UMFCCI ၊ မင်္ဂလာခန်းမမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ဆရာကြီးပါမောက္ခဒေါက်တာ အောင်ထွန်းသက် နဲ့ SCANIA မှ ကားများကို မြန်မာနိုင်ငံသို့ တင်သွင်းဖြန့်ချီနေတဲ့ Octagon International Services Co., Ltd မှ Managing Director ဦးချမ်းမြက သူဖြတ်သန်းခဲ့ရသောဘဝ၊ တွေ့ကြုံခဲ့ရသော အခက်အခဲများကျော်လွှာခဲ့ရပုံနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများကို ပြုလုပ်မှာဖြစ်ပါတယ်။

အရင်က B2B Magazine မှာ Cover Story အဖြစ် ရိုက်ကူးနေကြဖြစ်သော In-House Interview ကို အခုဆိုရင် လူကိုယ်တိုင်လာရောက်ပြီး နားထောက်နိုင်မယ့်ပွဲဖြစ်ပါတယ်။ ဒီပွဲဟာ Myanmar B2B Management Magazine မှ ကြီးမှူးကျင်းပတဲ့ပွဲဖြစ်ပြီး စီးပွားရေးလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေအတွက် Knowledge, Inspiration များရယူနိုင်မယ့်ပွဲလဲ ဖြစ်ပါတယ်။

မသုံးစေချင်တဲ့ Website တွေကို ဘယ်လိုပိတ်ထားကြမလဲ

ဒါ့အပြင် ဆရာကြီးပါမောက္ခဒေါက်တာ အောင်ထွန်းသက်မှ သူတို့ဒီနေရာကို ဘယ်လိုရောက်လဲ၊ စိန်ခေါ်မှုတွေကို ဘယ်လိုခက်ခက်ခဲခဲကျော်လွှားခဲ့ရလဲ၊ အနာဂတ်အိပ်မက်တွေက ဘာတွေလဲ စတဲ့မေးခွန်းတွေကိုမေးမြန်းသွားမှာ ဖြစ်ပြီး စီးပွားထူးချွန်သူများက ပြန်လည်ဖြေကြားပေးသွားမှာဖြစ်ပါတယ်။

သင်အနေနဲ့ စီးပွားထူးချွန်ပညာရှင်များကို (Question and Answer section ) မေးခွန်းများပါ မေးမြန်းနိုင်မယ့်အပြင် မိမိသိချင်တဲ့ အရာများကို တချိန်ထဲ တနေရာထဲမှာပဲ သိနိုင်မှာဖြစ်ပါတယ်။ လူဦးရေကန့်သတ်မထားပဲ အခမဲ့ကျင်းပပြုလုပ်မယ့် ပွဲဖြစ်ပါတယ်။

“မြန်မာ့စီးပွားထူးချွန်သူများနှင့်တွေ့ဆုံခြင်း” ပွဲကို တက်ရောက်ချင်သူတွေအနေနဲ့ Online Register - https://www.eventbrite.com/e/61486260059 လုပ်ပြီး စာရင်းသွင်းလို့ရသလို 09 785606060 သို့လည်း SMS ပေပို့ပြီး Register လုပ်နိုင်ပါတယ်။

Myanmar Advertising Directory

 

 

Read times
Rate this item
(1 Vote)