-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဆုကြေးငွေဒေါ်လာ (၂၅၀၀)နဲ့အတူ ကုမ္ပဏီဖွင့်ဖို့ရုံးခန်းနေရာ ၃လစာအထိရရှိနိုင်မယ့် startup challenge

ဆုကြေးငွေဒေါ်လာ (၂၅၀၀)နဲ့အတူ ကုမ္ပဏီဖွင့်ဖို့ရုံးခန်းနေရာ ၃လစာအထိရရှိနိုင်မယ့် startup challengeွGoogle

Startup Challenge ပြိုင်ပွဲတွေဟာ စီးပွားရေးအိုင်ဒီယာကောင်းတစ်ခုရှိရုံနဲ့ ပါဝင်ယှဉ်ပြိုင်နိုင်တဲ့ စွန့်ဦးတီထွင်ပြိုင်ပွဲဖြစ်ပြီး ပြည်တွင်း Startup acclearator တစ်ခုဖြစ်တဲ့ 'ဖန်တီးရာ' ကနေ ဦးဆောင်ကျင်းပနေတာပါ။ ဒီနှစ် Startup Challenge 2019 ဟာ စတုတ္ထအကြိမ်မြောက် startup ပြိုင်ပွဲဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာလည်း စုစုပေါင်းဆုကြေး ဒေါ်လာ ၁၅၀၀၀ ပေးသွားခဲ့တာဖြစ်ပါတယ်။

အခုလာမယ့် Startup Challenge 2019 ပွဲကို ဇွန်လ (၂၉)ရက်နေ့ကနေ ဇူလိုင်လ (၇)ရက်နေ့ထိ ၉ရက်တာကျင်းပသွားမှာ ဖြစ်ပါတယ်။ (၉)ရက်တာ ပါဝင်ယှဉ်ပြိုင်ရုံနဲ့ မိမိရဲ့စီးပွားရေးလုပ်ငန်းအကြံဉာဏ်ကို အကောင်အထည်ဖော်နိုင်ဖို့လိုအပ်သည်များကို အစအဆုံးပံ့ပိုးပေးသွားမှာဖြစ်ပြီး ဆုကြေးငွေ ဒေါ်လာ ၂၅၀၀အထိနဲ့အတူ ကုမ္ပဏီဖွင့်ဖို့ ရုံးခန်းနေရာ ၃လစာအထိရရှိနိုင်မယ့် startup challenge ပြန်လာပါပြီ။

Read More >>>Brand တစ်ခုအောင်မြင်ဖို့အတွက် လူပြောများဖို့ကအဓိကကျလား...?

ယခု Startup Challenge 2019 အတွက် ရွေးချယ်ရမယ့် focus track က ၄ ခုရှိပါတယ်။
(၁) အမျိုးသမီးများလုံခြုံရေးအတွက် နည်းပညာ product တွေတည်ဆောက်ရမယ့် Tech for Women Safety
(၂) အခုနောက်ပိုင်း ပိုမိုပြီးလိုအပ်လာတဲ့ ငွေကြေးပိုင်းဆိုင်ရာ product တွေတည်ဆောက်မှု Fintech
(၃) အနာဂတ် မြို့ပြများ ပိုမိုတိုးတက်ရေး Tech for Cities နဲ့
(၄) စိုက်ပျိုးရေး ဆိုင်ရာနည်းပညာ Tech for Farm ဆိုပြီး ၄ ခု ထဲက တစ်ခုကိုရွေးချယ်ရမှာပါ။

Startup Challenge 2019 ကို စိတ်ဝင်စားသူမည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။ အထူးသဖြင့် နည်းပညာကိုအသုံးပြုပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ချင်သူများအနေနဲ့ လုံးဝလက်မလွတ်သင့်တဲ့ ပွဲဖြစ်ပါတယ်။ Startup Challenge ဟာ စီးပွားရေးအကြံဉာဏ်ရှိသူတွေ၊ Startups တွေမှာ ဝင်ရောက်လုပ်ကိုင်လိုတဲ့သူတွေအတွက်အထူးသင့်တော်ပြီး ကိုယ်တိုင်စီးပွားရေးကို လက်ရှိလုပ်ကိုင်နေသူများအနေနဲ့လဲ မိမိ Business Model ကိုပိုမိုကောင်းမွန်အောင်လုပ်ကိုင်ဖို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ပါတယ်။

စွန့်ဦးတီထွင်သူဖြစ်ဖြစ်၊ ဒီဇိုင်နာ၊ Developer၊ အင်ဂျင်နီယာ၊ Marketer၊ Accountant၊ ကျောင်းသားကျောင်းသား အစရှိသဖြင့် မည်သူမဆို Startup Challenge 2019 မှာ ပါဝင်ဆင်နွဲဖို့ ဖိတ်ခေါ်ပါတယ်။ သင်က နည်းပညာစွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ http://bit.ly/30PIfbq-Applynow မှာ စာရင်းပေးသွင်းပြီး အခမဲ့ပါဝင်လိုက်ပါ။

Source; Phandeeyar
Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)