-->
×

Warning

JUser: :_load: Unable to load user with ID: 29


(၁၇)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် (၁၇)ကြိမ်မြောက် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ကျင်းပမည်

(၁၇)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (The 17th China-ASEAN Expo) နှင့် (၁၇) ကြိမ် မြောက် တရုတ်-အာဆီယံစီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှု ထိပ်သီးအစည်းအဝေး (The 17th China-ASEAN Business and Investment Summit) ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးပြည်နယ် နန်နင်းမြို့တွင် နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ Online ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ Online CAEXPO ၌ B2B အစီအစဉ်များတွင် one- on-one match meeting ပွဲနှင့် Business Matching များ၊ Online Business Talks များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
 
 
ယခုနှစ် ကုန်စည်ပြပွဲတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာလုပ်ငန်းရှင်ကုမ္ပဏီများ သွားရောက်မပြသနိုင်သော်လည်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ရောက်ရှိနေသော မြန်မာလုပ်ငန်း ရှင်ကုမ္ပဏီခွဲ ၁၆ ခုက မြန်မာ့ထွက်ကုန်နမူနာပစ္စည်းများကို မြန်မာသံရုံး (ပေကျင်း)နှင့် ကောင်စစ် ဝန်ချုပ်ရုံး (နန်နင်း)တို့၏ ပူးပေါင်းမှုဖြင့် ပြခန်း ၂၈ ခန်း ပါဝင်ပြသရန် စီစဉ်ထားသည်။
 
 
နန်နင်းကောင်စစ်ဝန်ချုပ်ရုံး အနေဖြင့် တရုတ်-အာဆီယံကုန်စည်ပြပွဲ၌ ၈၁ စတုရန်းမီတာ အကျယ်အဝန်းရှိ မြန်မာပြခန်းဆောင်၌ မြန်မာ နိုင်ငံအရပ်ရပ်ရှိ ထင်ရှားသောမြို့များ၏ မြန်မာ့ ရှုခင်း၊ မြန်မာ့ရိုးရာပွဲတော်များ၊ စီးပွားရေး ကဏ္ဍများအား ဓာတ်ပုံများဖြင့် ပြသရန် စီစဉ် ထားရာ မြန်မာလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ လုပ်ငန်းများကို မိတ်ဆက်ပြသလိုပါက မြန်မာ လုပ်ငန်းရှင်များ၏ တရားဝင်တည်ထောင်ထားသော လုပ်ငန်းများ၏ လုပ်ငန်း/ ကုန်စည်/ ဝန်ဆောင်မှု/ ခရီးသွားလုပ်ငန်းဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေး ဗီဒီယိုဖိုင် (ကြာမြင့်ချိန် ၅ မိနစ်မှ ၁၀ မိနစ်ခန့်၊ ဖိုင်အမျိုးအစား- mp4၊ နောက်ခံစကားပြောအဖြစ် အင်္ဂလိပ် (သို့မဟုတ်) တရုတ်စကားပြော ဖြစ်ရ မည်။
 
 
မြန်မာစကားပြောနောက်ခံဖြစ်ပါက အင်္ဂလိပ် ဘာသာ (သို့မဟုတ်) တရုတ်ဘာသာဖြင့် sub-title ရေးထိုးရမည် ) ပြုစု၍ ပြသနိုင်သည်။ သို့ပါ၍ နန်နင်းမြို့ရှိ မြန်မာစီးပွားရေးသံမှူး၊ This email address is being protected from spambots. You need JavaScript enabled to view it. နှင့်This email address is being protected from spambots. You need JavaScript enabled to view it. တို့သို့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၀ ရက်ထက်နောက် မကျစေဘဲ ပေးပို့ပြသနိုင်ပါကြောင်း သိရသည်။
 
 
The Mirror Daily 
Read times
Rate this item
(0 votes)