-->
×

Warning

JUser: :_load: Unable to load user with ID: 29


မိမိကြော်ငြာရဲ့ သူရဲကောင်းဖြစ်အောင် ဖန်တီးယူပါ

မိမိကြော်ငြာရဲ့ သူရဲကောင်းဖြစ်အောင် ဖန်တီးယူပါ google

ခင်ဗျားစွမ်းဆောင်ဖို့ အဆင်ပြေတဲ့အချိန်တိုင်း၊ ကုန်ပစ္စည်းကို ခင်ဗျားကြော်ငြာရဲ့ သူရဲကောင်းအဖြစ် ဖန်တီးယူရမှာ ဖြစ်ပါတယ်။

ကုန်ပစ္စည်းက သိပ်မစွံဘူးလို့ ထင်နေရင်၊ ခင်ဗျားသိအောင် တစ်ခုပြောဖို့ရှိတယ်။ မစွံတဲ့ ကုန်ပစ္စည်းဆိုတာမရှိဘူး။ မစွံတဲ့ စာစီသမား Copywriter ပဲရှိတယ်။

ကျွန်တော်ကတော့ စာစီသမားဟာ ဒီကုန်ပစ္စည်းပေါ်အသေအချာ စိတ်ဝင်စားတယ်လို့ မထင်ရင် သူ့ဆီအပ်ကို မအပ်ဘူး။ မအောင်မြင်တဲ့ကမ်ပိန်းတွေ ကျွန်တော်လုပ်မိခဲ့တိုင်းဟာ၊ အဲ့ဒီ့ကုန်ပစ္စည်းက ကျွန်တော်နဲ့ လမိုင်းမကပ်လို့သာပဲ ဖြစ်ပါလိမ့်မယ်။

အေဂျင်စီတွေ နဖူးတွေ့ဒူးတွေ့တွေ့ရတဲ့ ပြဿနာကတော့ ကုန်ပစ္စည်းတွေဟာ ပြိုင်ဖက် တွေနဲ့ ကွာခြားမှုမရှိတာပဲ။ ထုတ်လုပ်ရေးသမားတွေကလည်း နည်းပညာတူတယ်။ ဈေးကွက်ဖော်ဆောင်သူတွေကလည်း ဒီစစ်တမ်းတွေကိုပဲကောက်၊ လူကြိုက်များမယ်ထင်တဲ့ အရောင်၊ အရွယ်အစား၊ ဒီဇိုင်း၊ အရသာ စသဖြင့်တွေကိုပဲ ရွေးချယ်ထုတ်လုပ်ကြတယ်။

ဂုဏ်ရည်တူ ကုန်ပစ္စည်းတွေရောင်းရတဲ့အခါ၊ ဒြပ်မဲ့တန်ဖိုး ကုန်ပစ္စည်းရဲ့အနှစ်သာရကို ပြိုင်ဖက်ထက်သာအောင် တခမ်းတနားပြောဖို့ပဲ မျှော်လင့်နိုင်မယ်။ နောက်ပြီး ကြော်ငြာပုံကြော်ငြာနည်း မတူအောင်လုပ်နိုင်ပါတယ်။


ဒါတွေက ကြော်ငြာလုပ်ငန်းကပေးဝေနိုင်မယ့် “ထပ်ပေါင်းတန်ဖိုး” ဖြစ်ပါတယ်။ ဒီလိုကိစ္စမျိုးမှာတော့ ကျွန်တော်က ကျွမ်းကျင်လွန်းလို့ ကိုယ့်ဖာသာကိုယ်တောင် မနာလိုဖြစ်မိပါတယ်။

 


Peter Soe Moe ( Ogilvy on Advertising by David Ogilvy )

Myanmar Advertising Directory

 

Read More...လက်လီအရောင်းဆိုင်တွေအတွက် သတိထားရမယ့် အချက်များ

Read times
Rate this item
(1 Vote)