-->
×

Warning

JUser: :_load: Unable to load user with ID: 29


Apple Logo ကဘာဖြစ်လို့ "ပန်းသီးတစ်ခြမ်းပဲ့" ဖြစ်နေရတာလဲ

Apple Logo ကဘာဖြစ်လို့ "ပန်းသီးတစ်ခြမ်းပဲ့" ဖြစ်နေရတာလဲ google

ဒီအကြောင်းကို ပြောရမယ်ဆိုရင် အင်္ဂလန်နိုင်ငံက Alan Turing အကြောင်းကို အရင်ဆုံး ပြောရပါမယ်။

ဒုတိယကမ္ဘာစစ်ပွဲတုန်းက ဂျာမန်တွေ အင်္ဂလန်ကို တိုက်နေလို့ အင်္ဂလန်တွေ အလဲလဲအကွဲကွဲ ရှုံးနိမ့်နေရချိန်မှာ Mr. Churchill က ဟစ်တလာတို့ကို ပြန်တိုက်ဖို့ Secret အဖွဲ့တစ်ခုကို ဖွဲ့ခဲ့ပါတယ်။ အဲ့ဒီ အဖွဲ့မှာ Alan Turing က mathematician, computer scientist... Alan Turing ရဲ့ တီထွင်နိုင်ခဲ့တဲ့ ပစ္စည်းကြောင့် (hacking လုပ်နိုင်ခဲ့တယ်လို့ပဲ ပြောမလား) ဂျာမန်တွေ ဗုံးချဲမယ့်နေရာ၊ စစ်ဆင်ရေးလုပ်မယ့် နေရာတွေကို သိခဲ့ပြီး အင်္ဂလန်က ဂျာမန်ကို ပြန်လည်ချေမှုန်းနိုင်ခဲ့တာပါ။ အဲ့တော့ Alan Turing က သိပ်တော်ပြီး ဂုဏ်ပြုအသိအမှတ်ပြုရမယ့် သူတစ်ယောက်ပါ။ ဒါပေမယ့် Alan Turing သေဆုံးခဲ့ပြီးတဲ့ နောက်ပိုင်းမှာတောင် သူ့ကို ဘယ်သူကမှ အသိအမှတ်မပြုခဲ့ကြပါဘူး။

 

Alan Turing မှာ ချစ်သူကောင်မလေး တစ်ယောက်ရှိပါတယ်။ ဂျာမန်တွေကို စစ်ဆင်ရေးလုပ်နေတဲ့အချိန်မှာ Turing တစ်ယောက် stress တွေ များနေတဲ့ အခါမှာဖြစ်ဖြစ်၊ depression ရနေတဲ့ အချိန်မှာ ဖြစ်ဖြစ် Turing ချစ်သူက သူ့ဘေးနားမှာဘဲ အကောင်းဆုံး အဖော်အဖြစ်ရှိခဲ့ပါတယ်။ စစ်ပွဲပြီးသွားတော့ အလုပ်ကိုဘဲ စိတ်ဝင်စားတဲ့ Turing ကို ချစ်သူကောင်မလေးက လက်ထပ်ရအောင် စပြောခဲ့တယ်။ အဲ့ဒီမှာတင် Turing က ကောင်မလေးကို လက်မထပ်ချင်ဘူး။ Turing က ငယ်ငယ်ကတည်းက သူချစ်ရတဲ့သူရှိဖူးပါတယ်။ သူစိတ်ဝင်စားတဲ့သူ ဘယ်သူဖြစ်မလဲ။ သူ့သူငယ်ချင်း best friend တစ်ယောက်။ အဲ့ဒီ Turing စိတ်ဝင်စားတဲ့ သူငယ်ချင်းဆိုတာက ကောင်လေး သူငယ်ချင်းဖြစ်နေတာဘဲ သူလူပျိုဖြစ်လာတဲ့ အချိန်မှာလည်း Turing က homo တစ်ယောက်ဖြစ်ခဲ့ပြီး လူသူသိပ်မသိအောင် သိုသိုဝှက်ဝှက် နေနေခဲ့တယ်။ ဒါကြောင့်Turing က သူ့ကောင်မလေးကို လက်မထပ်နိုင်ခဲ့ဘူး။ Alan Turing တစ်ယောက် Homo ဖြစ်ကြောင်းကတော့ သူ့ကောင်မလေးနဲ့ပြတ်ပြီး အဖြစ်မှန်တွေ ပေါ်လာခဲ့ပါတယ်။

Read More...SEO နဲ့ SMO ဘယ်လို အလုပ်လုပ်လဲ?

 

Alan Turing တို့ခေတ်မှာ homo (LGBT) တွေဟာ ရာဇဝတ်မှု သက်ရောက်တယ်။ Homo တွေကို တစ်သက်တစ်ကျွန်းထောင်ချလို့ရတယ်။ ထောင်ထဲ မဝင်ချင်ရင် Diethylstilbestrol (DES) injection ထိုးရတယ်။ အဲ့ဒီတော့ LGBT တစ်ယောက်ဖြစ်တဲ့ Turing က အင်္ဂလန်နိုင်ငံကို ဂျာမန်လက်ထဲကနေ အမြန်ဆုံးကယ်တင်နိုင်ခဲ့တဲ့ ကျေးဇူးရှင် သူရဲကောင်း ဖြစ်သော်လည်း ကျေးဇူးအတင်မခံရတဲ့အပြင် ဇာတ်မြုပ်ပြီးတောင် နေရရှာတယ်။ Turing က ထောင်ဒဏ်ကို မခံယူဘဲ DES injection ထိုးမယ့် အပြစ်ဒဏ်ကို ရွေးချယ်ခဲ့တယ်။ Turing လည်း အပြစ်ပေးခံယူနေချိန်အတွင်းမှာ အလုပ်လည်းမလုပ်ရ၊ အပေါင်းအသင်းလည်းမရှိ၊ နိုင်ငံရပ်ခြားကိုလည်း ထွက်သွားလို့မရတဲ့ နောက်ပိုင်းမှာ စိတ်ဓာတ်တွေကျလာပြီးတော့ သူ့ကိုယ်သူ suicide လုပ်ခဲ့တယ်။

 

Turing က Cyanide သုတ်လိမ်းထားတဲ့ ပန်းသီးကို ကိုက်စားပြီး suicide လုပ်ခဲ့တာ။ Turing သေတော့ သူ့ဘေးမှာ "ပန်းသီးတစ်လုံးကို တစ်ခြမ်းကိုက်ထားတဲ့ ပန်းသီးတစ်ခြမ်းပဲ့လေးရှိတယ်" လို့ Investigator တွေက ပြောခဲ့တယ်။ MacBook တို့၊ iPhone တို့ကို တည်ထောင်တဲ့သူတွေက Alan Turing ကို သူတို့ လေးစားတယ်လို့ ပြောကြတယ်။ ဘာကြောင့်ဆို LGBT ကိစ္စတွေနဲ့တော့မဆိုင် သေချာတာကတော့ Turing က သိပ်တော်ခဲ့ပြီးတော့ နိုင်ငံတော်ကို ကယ်တင်နိုင်ခဲ့တဲ့ computer scientist ကြီး တစ်ယောက်လေ။

 

Source; Hlaing Moh Moh Thu

Myanmar Advertising Directory

Read times
Rate this item
(2 votes)