-->
×

Warning

JUser: :_load: Unable to load user with ID: 29


Mark Zuckerberg က ဘာကြောင့် Facebook မသုံးတာလဲ...?

Mark Zuckerberg က ဘာကြောင့် Facebook မသုံးတာလဲ...? google

အသက် ၃၄ နှစ်ရှိပြီ ဖြစ်တဲ့ Mark Zuckerberg ဟာ သူကိုယ်တိုင် တည်ထောင်ထားတဲ့ Facebook ကိုတော့ အသုံးပြုခြင်း မရှိပါဘူး။

ဒါပေမဲ့ သူရဲ့ Facebook Page က ဘာကြောင့် အမြဲတမ်း Update ဖြစ်နေတာလဲ။

မဆန်းပါဘူး။ သူ့ရဲ့ ပုံတွေ၊ သူနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ၊ ဖေ့ဘုတ်ခ်နဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေ မှန်သမျှကို သူ့ရဲ့ ဝန်ထမ်း ၁၂ ယောက်ကျော်က နေ့စဉ် အဆက်မပြတ် တင်ပေးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် Mark Zuckerberg ကို ဝေဖန် တိုက်ခိုက်တဲ့  စကားလုံးတွေ၊ ကောမန့်တွေကိုလည်း အချိန်နဲ့အမျှ ဖေ့ဘုတ်ခ်ပေါ်ကနေ ဖယ်ရှားပေးနေတာ ဖြစ်ပါတယ်။

သူ့ရဲ့ ကိုယ်ပိုင် Facebook Page မှာဆိုရင် သူရဲ့ အတွေးအခေါ်တွေ၊ အစည်းအဝေး ကျင်းပနေတာတွေ၊ သူ့မိသားစုနဲ့ အတူရှိတဲ့ ပုံတွေဟာ အမြဲတမ်း တက်နေတာကို တွေ့ရမှာပါ။

အခုဆိုရင် သူ့ရဲ့ Facebook Page ကို Follow လုပ်ထားတဲ့သူဟာ စုစုပေါင်း ၁၈၈ မီလီယံလောက် ရှိနေပါပြီ။

Facebook, Instagram, Twitter တွေမှာ Followers များများရဖို့ဆိုရင်

သူဟာ ဘာကြောင့် ဖေ့ဘုတ်ခ် မသုံးတာလဲဆိုတော့ အလုပ်အရမ်းများလို့ပါ။ အလုပ်ကိစ္စနဲ့ ပတ်သတ်ပြီး တွေ့ဆုံ ဆွေးနွေးကြရင်တောင် သူဟာ မီးခိုးရောင် တီရှပ်နဲ့ ဂျင်းဘောင်းဘီကိုပဲ ၀တ်ဆင်လေ့ ရှိပါတယ်။ အင်္ကျီတစ်ထည်ထဲ ၀တ်နေသယောင်တောင် တွေ့ရမှာ ဖြစ်ပါတယ်။

Mark Zuckerberg ရဲ့ အကြိုက်ဆုံး ဓာတ်ပုံဆရာကတော့ Charles Ommanne ဖြစ်ပါတယ်။ အဲဒီ ဓာတ်ပုံဆရာဟာ ဆီးရီးယား ဒုက္ခသည်အရေးမှာ သတင်းဓာတ်ပုံဆု ရရှိခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

Mark Zuckerberg ဟာ ဖေ့ဘုတ်ခ်ကို ၂၀၀၄ ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး အခုဆိုရင် ၁၅ နှစ် သက်တမ်း ရှိနေပါပြီ။

သူဟာ လက်ရှိအချိန်ထိ ဖေ့ဘုတ်ခ်ကနေ အမေရိကန်ဒေါ်လာ ၆၁.၂ ဘီလီယံ အမြတ်ငွေ ရရှိခဲ့ပြီး အမေရိကန် နည်းပညာ စွန့်ဦးတီထွင်သူတစ်ဦးအဖြစ် ကျော်ကြားနေဆဲ ဖြစ်ပါတယ်။

Su Mon Oo

Myanmar Advertising Directory

Read times
Rate this item
(1 Vote)