-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကမ္ဘာ့အချမ်းသာဆုံး ဖြစ်တဲ့ဘီလ်ဂိတ်ရဲ့ နည်းပညာမျိုးစုံသုံးစံအိမ်တော်အကြောင်း

ကမ္ဘာ့အချမ်းသာဆုံး ဖြစ်တဲ့ဘီလ်ဂိတ်ရဲ့ နည်းပညာမျိုးစုံသုံးစံအိမ်တော်အကြောင်း Google

ဘီလ်ဂိတ် (Bill Gates) ဟာ အသားတင်ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၈၆ဘီလီယံ (သန်း ၈၆,ဝဝဝ) နဲ့ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးဖြစ်ပါတယ်။

ဒီလောက်ကြွယ်ဝချမ်းသာနေတဲ့ လူတစ်ယောက် သူနေတဲ့ သီရိဂေဟာကလည်း ဘယ်လောက်ခမ်းနားလိမ့်မယ်ဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။

ဘီလ်ဂိတ်ဟာ သူနေတဲ့ စံအိမ်ကို Xanadu 2.0 လို့ နာမည်ပေးထားတယ်။ ဒါကလည်း Citizen Kane (1941) ဇာတ်လမ်းထဲက ဇာတ်ကောင် Charles Foster Kane နေထိုင်တဲ့ Xanadu နေအိမ်ကို အစွဲပြုပြီး ကင်ပွန်းတပ်ထားတဲ့သဘောပါ။ Xanadu 2.0 စံအိမ်က အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ် (Washington) မီဒင်နာမြို့ (Medina) ရဲ့ ဝါရှင်တန်ကန် (Lake Washington) ဘေးမှာ တည်ဆောက်ထားတာပါ။

Xanadu 2.0 သီရိဂေဟာက ဧရိယာစတုရန်းမီတာ ၆၆,ဝဝဝ (၁.၅၁၅ ဧက) ကျယ်ဝန်းပါတယ်။ စံအိမ်တစ်ခုလုံးကို အဆင့်မြင့်နည်းပညာတွေနဲ့ ဖန်တီးထားပြီး သာမန်လူတစ်ယောက်အနေနဲ့ တွေးမကြည့်နိုင်လောက်အောင်ပါ။
ဘီလ်ဂိတ်ဟာ Xanadu 2.0 စံအိမ်ကို ၁၉၈၈ခုနှစ်က ဒေါ်လာ၂သန်းနဲ့ ဝယ်ခဲ့တာပါ။ စံအိမ်ကြီးကို ၇နှစ်ကြာအောင် ပြင်ဆင်ပြီးတော့ သန်း၆ဝနီးပါး ကုန်ကျခဲ့ပါတယ်။

King Country အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီက Xanadu 2.0 စံအိမ်ရဲ့ကာလတန်ကြေးဟာ အမေရိကန်ဒေါ်လာ ၁၂၄.၉၉သန်းရှိတယ်လို့ သတ်မှတ်ခဲ့ပါတယ်။ ဝယ်လိုအားပေါ်မူတည်ပြီး ဒီထက်ပိုဈေးမြင့်နိုင်ပါတယ်။
ဘီလ်ဂိတ်ကိုယ်တိုင်လည်း အိမ်ပိုင်ဆိုင်မှုအခွန်ငွေအတွက် အမေရိကန်ဒေါ်လာ ၁.ဝ၈သန်း (၁,ဝ၈ဝ,၄၄၃.၁၇ ဒေါ်လာ) ပေးချေခဲ့ရပါတယ်။

ဘီလ်ဂိတ်ဟာ စံအိမ်တော်ကို ပြင်ဆင်ဆောက်လုပ်တုန်းက ဝန်ထမ်းပေါင်း ၃ဝဝကျော် အသုံးပြုခဲ့ရပါတယ်။ ဝန်ထမ်း ၁ဝဝကျော်က လျှပ်စစ်ပညာရှင်တွေချည်းပါ။ အိမ်ဆောက်တဲ့ သစ်သားတွေကလည်း ခိုင်ခံ့မှုရှိအောင်လို့ အနည်းဆုံးနှစ် ၅ဝဝ သက်တမ်းရှိတဲ့ Douglas fir သစ်တွေပဲ အသုံးပြုခဲ့ပါတယ်။

အိမ်ရှေ့မှာ ဧည့်သည်တစ်ယောက်လာပြီဆိုကတည်းက လုံခြုံရေးတွေက Pin တစ်ခုပေးလိမ့်မယ်။ ဒါမှသာ အိမ်တွင်းလုံခြုံရေးစနစ်တွေကို ဖြတ်ကျော်နိုင်မှာပါ။ အခန်းထဲကို ဝင်လာပြီဆိုတာနဲ့ အပူချိန်တွေ ပြောင်းလဲသွားပြီး ဂီတသံစဉ်တွေ ပေါ်ထွက်လာမှာပါ။

ပြန်ထွက်သွားတာနဲ့ သီချင်းသံတွေက အလိုလိုပိတ်သွားမှာဖြစ်ပါတယ်။ Xanadu 2.0 စံအိမ်ဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အဓိကထားပြီး တည်ဆောက်ထားခဲ့အိမ်ကြီးပါ။ လေထုညစ်ညမ်းစေတဲ့အရာတွေကို မသုံးဘဲနဲ့ သစ်ပင်ပန်းပင်နဲ့ သဘာဝအခြေအနေတွေကိုပဲ အလေးပေးတည်ဆောက်ထားတာပါ။

ဘီလ်ဂိတ်ဟာ သူ့ရဲ့လုံခြုံရေးအတွက် ပတ်ဝန်းကျင်မှာရှိတဲ့ ၉အိမ်ကိုလည်း ဝယ်ခဲ့ပါသေးတယ်။ ဒါကလည်း ဒေါ်လာ ၁၄.၄သန်း ကုန်ခဲ့တာပါ။ အခန်းနံရံတွေမှာ ပန်းချီကားချပ်တွေကို ချိတ်ဆွဲထားပြီး နောက်ကွယ်က ဒေါ်လာ ၈သောင်းတန်တဲ့ ကွန်ပျူတာမျက်နှာပြင်တွေကို အသုံးပြုထားတဲ့အတွက် နံရံတွေကို ထိလိုက်ရုံနဲ့ ပန်းချီကားချပ်တွေက ရုပ်ပုံပြောင်းလဲသွားတာပါ။

စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် အဆင်မပြေမှုတွေကို ဖြေရှင်းနိုင်မယ့်နည်းလမ်းများ

ပြီးတော့ ၆ဝပေ × ၁၇ပေ ကျယ်ဝန်းတဲ့ ရေကူးကန်တစ်ခုလည်း ရှိပါသေးတယ်။ ရေအောက်မှာ ဂီတစနစ်တပ်ဆင်ထားတဲ့အတွက် သီချင်းနာထောင်ရင်း ရေကူးလို့ရပါသေးတယ်။ အိမ်ကြီးထဲမှာလည်း ရေချိုးခန်း ၄ခန်းရှိတဲ့အပြင် ရေချိုးကန်တွေလည်း အများကြီးရှိပါသေးတယ်။

အားကစားအခန်းဟာလည်း ၂,၅ဝဝ စတုရန်းပေ ကျယ်ဝန်းပြီး ရေနွေးချိုးခန်း၊ Gym ခန်းနဲ့ ချွေးထုတ်ခန်းတွေရှိတဲ့အပြင် အမျိုးသားနဲ့ အမျိုးသမီးတွေအတွက် သီးသန့်ခန်းတွေ ရှိပါသေးတယ်။ ပေ၂ဝလောက် မြင့်တဲ့အထိ စိတ်ကြိုက်ခုန်လို့ရတဲ့ Trampoline Room တွေလည်း ရှိပါသေးတယ်။

Xanadu 2.0 သီရိဂေဟာမှာ စတုရန်းပေ ၂၃ဝဝ ကျယ်တဲ့ ဧည့်ခန်းလည်း ရှိပါသေးတယ်။ ဧည့်ခန်းထဲမှာ ဧည့်သည် ၂ဝဝလောက်ကို တည်ခင်းနိုင်ပြီး နံရံပေါ်မှာလည်း ၆ပေကျယ်တဲ့ ဗီဒီယိုတွေအပြင် ၂၂ပေလောက်ကျယ်တဲ့ နံရံကပ်ဗီဒီယိုတွေကို တပ်ဆင်ထားပါတယ်။

အိမ်ထဲမှာ အိပ်ခန်းပေါင်း ၂၄ခန်းရှိပြီး ၁ဝခန်းက ရေချိုးခန်း၊ အိမ်သာ အပြည့်အစုံရှိတဲ့အခန်းတွေပါ။ ဒါတွေကလည်း ရပ်ဝေးတဲ့ ဧည့်သည်တွေအတွက် ဘီလ်ဂိတ်က လိုလေသေးမရှိအောင် ဖန်တီးထားတာပါ။ ဘီလ်ဂိတ်မှာ စတုရန်းပေ ၂,၁ဝဝ ရှိတဲ့ စာကြည့်ခန်းရှိပါသေးတယ်။ စာကြည့်ခန်းထဲမှာ လုံခြုံရေးအမိုးအပြင် လျို့ဝှက်စာအုပ်စင်၂ခု ရှိပါတယ်။

ရှေးဟောင်းစာအုပ်တွေအပြင် ၁၆ရာစုနှစ်တုန်းက လီယိုနာဒို ဒါဗင်ချီ (Leonardo da Vinci) ရဲ့ လက်ရေးမူလည်း ရှိပါသေးတယ်။ “Codex Leicester” လို့ခေါ်တဲ့ လက်ရေးမူကို ၁၉၉၄ ခုနှစ်တုန်းက ဒေါ်လာ ၃ဝ.၈သန်းနဲ့ လေလံအောင်ခဲ့တာဖြစ်ပါတယ်။

အိမ်တွင်းရုပ်ရှင်ရုံလည်း Art Deco ဒီဇိုင်းနဲ့ တည်ဆောက်ထားပြီး လူ ၂ဝစာ ထိုင်ခုံတွေရှိပါတယ်။ ရုပ်ရှင်ကြည့်ရင်း ဇိမ်ခံလှဲအိပ်နိုင်ပြီး သရေစာအတွက် ပြောင်းဖူးပေါက်ပေါက်တွေလည်း ရှိပါတယ်။ ရုပ်ရှင်ခန်းက အားလပ်ရက်တွေမှာ မိသားစုနဲ့ အတူကြည့်လို့အောင် တည်ဆောက်ထားပုံ တူပါတယ်။

Xanadu 2.0 စံအိမ်မှာ အခြေအနေပေါ် မူတည်ပြီး သုံးနိုင်အောင်လို့ ကားဂိုထောင်တွေ အများကြီးရှိပါတယ်။ စိတ်ဝင်စားစရာအကောင်းဆုံးက အင်္ဂတေနဲ့ သံမဏိ ပူးတွဲတည်ဆောက်ထားတဲ့ မြေအောက်ကားဂိုထောင်ပါ။အဲဒီဂိုထောင်ထဲမှာ ကား ၁ဝစီးလောက် ဆန့်ပါတယ်။ အိမ်ထဲမှာရှိတဲ့ ကားဂိုထောင်တွေဟာ ကား ၂၃စီးစာ ဆန့်ပါတယ်။

ခြံထဲမှာ သစ်ပင်တွေကို ၂၄နာရီတစ်ခါ စက်တွေနဲ့ ရေဖြန်းပေးထားပါတယ်။ ဘီလ်ဂိတ်ဟာ သူဂရုစိုက်ရတဲ့ မေပယ်ပင် (Maple) လည်း ရှိပါသေးတယ်။ အဲဒီအပင်ဟာ နှစ်၎ဝ သက်တမ်းရှိပြီး မြေဆီလွှာခြောက်သွေ့တာနဲ့ အလိုလိုရေဖြန်းနိုင်အောင် ကွန်ပျူတာနဲ့ စီစဉ်ထားပါတယ်။

မြေဆီလွှာခြောက်သွေ့မှုကို ကာကွယ်နိုင်မယ့် လူလုပ်စမ်းချောင်းတစ်ခုကိုလည်း ဖန်တီးထားပြီး ငါးတွေကိုလည်း အလှမွေးထားပါသေးတယ်။ ပြီးတော့ ကိုယ်ပိုင်ကမ်းခြေကိုလည်း ဖန်တီးထားပြီး ကာရစ်ဘီယံပင်လယ်က သဲတွေကို ဖွဲ့စည်းထားပါတယ်။

Microsoft ကုမ္ပဏီဟာ ဘီလ်ဂိတ်ရဲ့ Xanadu 2.0 စံအိမ်ကို အလည်အပတ်သွားဖို့ ဝန်ထမ်းတွေကို နှစ်စဉ် လေလံခေါ်လေ့ရှိပြီး ၂ဝဝ၉ ခုနှစ်တုန်းက ဝန်ထမ်းတစ်ယောက်ဟာ ဒေါ်လာ ၃၅,ဝဝဝ နဲ့ လေလံအောင်ဖူးပါတယ်။
ဒီပိုက်ဆံတွေကိုမှ ဖောင်ဒေရှင်းကို လှူဒါန်းမှာဖြစ်ပါတယ်။

Source : Akhayar
Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)