-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ(၅၀၀)စာရင်းမှာ အကောင်းဆုံးနည်းပညာကုမ္ပဏီဖြစ်လာတဲ့ Apple

ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ(၅၀၀)စာရင်းမှာ အကောင်းဆုံးနည်းပညာကုမ္ပဏီဖြစ်လာတဲ့ Apple Google

Fortune Magazine က ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ (၅၀၀) ရဲ့အဆင့်သတ်မှတ်ချက်ကို နှစ်စဉ်ထုတ်ပြန်လေ့ရှိပါတယ်။

ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ (၅၀၀)စာရင်းမှာ Apple ဟာ နံပါတ် (၁၁)နေရာ၊ Samsung က နံပါတ်(၁၅)နဲ့ Google ရဲ့မိခင်ကုမ္ပဏီ Alphabet က နံပါတ် (၃၇) နေရာမှာရှိနေပါတယ်။ နည်းပညာကဏ္ဍမှာတော့ Apple က နံပါတ် (၁) နေရာကို သိမ်းပိုက်ထားပါတယ်။

Samsung က နံပါတ် (၂)နဲ့ Alphabet က နံပါတ်(၃)၊ Huawei က နံပါတ် (၄)နေရာမှာ ရှိနေပါတယ်။ sony, LG, Nokia, Xiaomi တို့က သူတို့ရဲ့အနောက်မှာ အစဉ်လိုက်ရပ်တည်နေပါတယ်။ OPPO, Vivo နဲ့ OnePlus တို့ရဲ့ မိခင်ကုမ္ပဏီ ဖြစ်တဲ့ BBK Electronics ကတော့ စာရင်းထဲမပါလာပါဘူး။

Nokia က ဒီစာရင်းထဲ ပါလာရခြင်းမှာ စမတ်ဖုန်းရောင်းအားကောင်းခြင်းကြောင့်မဟုတ်ဘဲ ဆက်သွယ်ရေးကိရိယာများထုတ်လုပ်တဲ့ သူ့ရဲ့မိခင်ကုမ္ပဏီ HMD Global ကို ကိုယ်စားပြုခြင်းကြောင့် ပါဝင်လာတာ ဖြစ်ပါတယ်။ စာရင်းထဲပါလာတဲ့ အထင်ကရကုမ္ပဏီများထဲမှာ Foxconn က နံပါတ် ၂၃ ၊ AT&T က နံပါတ် ၂၅၊ JD.com က နံပါတ် ၁၃၉ နေရာများမှာ ရှိနေပါတယ်။

စာရင်းအရ Apple ဟာ ပြီးခဲ့တဲ့ ကွာတားက iPhone ရောင်းအား ကျဆင်းခဲ့ပေမယ့် အမြတ်ငွေ ဒေါ်လာ ၅၉ ဘီလီယမ် ရထားပါတယ်။ ပြီးခဲ့တဲ့ ၁၂ လ အတွင်းမှ ဒေတာများကိုကောက်ယူပြီး စာရင်းကိုပြုစုထားတာ ဖြစ်ပါတယ်။

Read More>>>TikTok ရဲ့ အရှေ့တောင်အာရှထိပ်သီးညီလာခံ

Credit; Digital Times

 

Read times
Rate this item
(1 Vote)