-->
×
Warning
JUser: :_load: Unable to load user with ID: 29
အမေရိကန်သမ္မတ Donald Trump ရဲ့ ၂၀၁၆ နိုင်ငံရေးကြော်ငြာ Campaign က အကျော်ကြားဆုံးဖြစ်
အမေရိကန်သမ္မတ Donald Trump ရဲ့ ၂၀၁၆ နိုင်ငံရေးကြော်ငြာ Campaign က အကျော်ကြားဆုံးဖြစ် google
၂၀၁၆ ခုနှစ်တွင် အမေရိကန်သမ္မတ Donald Trump ၏ နိုင်ငံရေးကြော်ငြာ Campaign အကျော်ကြားဆုံးဖြစ်ခဲ့တယ်လို့ Facebook မှ တာဝန်ရှိသူ တစ်ဦးမှ ပြောကြား
Facebook မှ ဒုဥက္ကဌ ဖြစ်သူ Andrew "Boz" Bosworth ကအတည်ပြုပြောကြာ းခဲ့တာကတော့
အမေရိကန်သမ္မတ Donald Trump ရဲ့ ရွေးကောက်ပွဲမတိုင်ခင် ကြော်ငြာ Campaign တွေက ( Donald Trump အနေဖြင့်ကြော်ငြာအားကို အင်မတန်မှ သုံးထားတာဖြစ်ပြီး ကျွန်တော်မြင်ဖူးသမျှ နိုင်ငံရေးဘက်ပိုင်းဆိုင်ရာ ကြော်ငြာသူများအားလုံးထဲတွင် Donald Trump ရဲ့digital ad campaign တွေက )အကောင်းဆုံးပါပဲလို့ ပြောဆိုခဲ့ပါတယ်။
Andrew ကတော့ Facebook ရဲ့ကြော်ငြာရေးရာ ကိစ္စရပ်များတွင် လတ်တလော ခေါင်းခံ ဖြေရှင်းနေသူဖြစ်ပြီး သူဟာ ရွေးကောက်ပွဲနဲ့သက်ဆိုင်သော ကြော်ငြာများကို အကောင်းမြင်စိတ်နဲ့သာ ကြည့်ရှုသူတစ်ဦး ဖြစ်ပါတယ်။
Andrew က သူ့ရဲ့ Facebook စာမျက်နှာပေါ်တွင် နိုင်ငံရေးကြော်ငြာများနဲ့သက်ဆိုင်သော စာလုံးရေ ၂၅၀၀ ပါ စာစဉ်တစ်စောင်ကို ရေးသားခဲ့ပါတယ်။
အစၥေရး မွ Tremor International က News Corp မွ Ad unit ဝယ္ယူ
ထိုစာစဉ်ထဲတွင် Andrew ရေးသားခဲ့တာကတော့ Donald Trump နဲ့ပတ်သက်သောကိစ္စများ ၊ ရုရှားဝင်ရောက်စွက်ဖက်ခြင်းကိစ္စရပ်များ ၊ ထို့အပြင် Cambridge စစ်တမ်းဆိုင်ရာများ ၊ Facebook အသုံးပြုသူ သန်းပေါင်း ၈၇ မီလီယံရဲ့အချက်အလက် အကြမ်းဖျဉ်း အကြောင်းအရာများ နှင့် ကြော်ငြာ Target နဲ့ ပတ်သက်ပြီး ၂၀၁၆ တွင် Donald Trump လုပ်ဆောင်ခဲ့ပုံများကို အသေးစိတ်ရေးသားထားတာလည်းဖြစ်ပါတယ်။
Andrew အဓိကရည်ရွယ်ပြီးပြောခဲ့တာကတော့ ၂၀၁၆ နိုင်ငံရေးကြော်ငြာပိုင်းဆိုင်ရာ ကိစ္စရပ်များကို ပြန်လည်သုံးသပ်ခြင်းအားဖြင့် Facebook ရဲ့advertising tools ကို Donald Trump လောက် မည်သူကမှ ကောင်းမွန်စွာ အသုံးပြုနိုင်တာ မတွေ့တာကြောင့်ပဲဖြစ်ပါတယ်။
Andew ထပ်မံရေးသားတာကတော့ Trump က မယုံနိုင်စရာကောင်းတဲ့ အလုပ်တစ်ခုကို လုပ်ဆောင်သွားတာပါ။Trump အဖွဲ့သားတွေက သတင်း အတုအယောင်တွေ တင်ကာ ဆွဲဆောင်ခြင်း မဟုတ်ပါဘူး ။ သူတို့တွေက ကြော်ငြာ Target ကို ခပ်နိမ့်နိမ့် မျှော်မှန်းထားသူတွေလည်းမဟုတ်ပါဘူး။အခုတစ်မျိုး တော်ကြာတစ်မျိုး လူအမျိူးမျိုးကို မျိူးစုံပြေအာနေသူတွေလည်းမဟုတ်ပါဘူး သူတို့တွေက Facebook ရဲ့advertising tools ကို ကောင်းစွာ အသုံးပြု အသုံးချ တတ်သူတွေဖြစ်ပြီး ဖန်တီးမှုပိုင်းဆိုင်ရာကို လူအများ အကြိုက် အလိုက် ချ ပြ နိုင်သူတွေ ဖြစ်ပါတယ်။
Andew က သူ့ရဲ့စာစဉ်မှာ Cambridge Analytica က လှည့်ကွက်တစ်ချို့ရှိပေမဲ့ ကျွန်တော်တို့သိထားပါတယ်
ဒီအချိန်မှာကျွန်တော်တို့သိထားတာက ၎င်းတို့တွေက သူုတို့ကိုယ်သူတို့ ဖောက်ထွက်ဖို့ ကြိုးစားနေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ် သူတို့အနေနဲ့ ကောင်းမွန်စွာ လုပ်ဆောင်နိုင်စွမ်းမရှိဘူးဆိုရင်တော့ါ သူတို့ကိုလက်ခံသူ Client လျော့နည်းသွားမှာဖြစ်တယ် လို့ ရေးသားခဲ့ပါတယ်
ကျွန်တော်တို့လည်းသိပ်တော့မပြောနိုင်ပါဘူး ဘာလို့ဆို သူတို့အနေနဲ့က Facebook ရဲ့ အရင် Data-Set ဖြင့် အလုပ်လုပ်နေသောသူများ ဖြစ်လို့ပါပဲ ဆိုကာ စာစဉ်ထဲတွင် အဆုံးသတ် ရေးသားထားတာ တွေ့ရပါတယ်။
<<<zawgyi>>>
==============================================
ဒေဝါလီ ခံပြီးနောက်ပိုင်း e-commerce အဖြစ် ပြန်လည်ခေါင်းထောင်လာတော့မယ့် Forever 21
ဒီအချိန်မှာကျွန်တော်တို့သိထားတာက ၄င်းတို့တွေက သူုတို့ကိုယ်သူတို့ ဖောက်ထွက်ဖို့ ကြိုးစားနေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ် သူတို့အနေနဲ့ ကောင်းမွန်စွာ လုပ်ဆောင်နိုင်စွမ်းမရှိဘူးဆိုရင်တော့ါ သူတို့ကိုလက်ခံသူ Client လျော့နည်းသွားမှာဖြစ်တယ် လို့ ရေးသားခဲ့ပါတယ်
Myanmar Advertising Directory
Read times
Rate this item
(0 votes)