-->
×

Warning

JUser: :_load: Unable to load user with ID: 29


မေလးရွား TNB ၏ တရုတ္နွစ္သစ္ကူး အလန္းစားေၾကာ္ျငာ

မေလးရွား TNB ၏ တရုတ္နွစ္သစ္ကူး အလန္းစားေၾကာ္ျငာ google

ယခု မၾကာခင္ အခ်ိန္မွာပဲ တရုတ္နွစ္သစ္ကူး ၾကြက္နွစ္ ေရာက္ရွိလာမွာ ျဖစ္ပါတယ္။

တရုတ္နွစ္သစ္ကူးေရာက္တိုင္း Brand ေတာ္ေတာ္မ်ားမ်ား လုပ္ငန္းရွင္ေတြ အမ်ားအျပားက တရုတ္နွစ္သစ္ကူးကို ၾကိဳဆိုလက္ခံသည့္အေနနဲ႕ တရုတ္နွစ္သစ္ကူးနဲ႕ဆက္စပ္ယွက္ႏြယ္ျပီး ေၾကာ္ျငာေတြရုိက္ကူးၾကတယ္။ ရုိက္ကူးတဲ႔ေၾကာ္ျငာေတြကလည္း လုံးဝ အမိုက္စားေတြပါ။

 

မေလးရွားလွ်ပ္စစ္ကုမၸဏီ TNB မွ တ႐ုတ္ႏိုင္ငံ၏ ႏွစ္သစ္ကူး (CNY) အတြက္ ေၾကာ္ျငာေလး တစ္ခု ရုိက္ကူုးထားပါတယ္။ ဇာတ္လမ္းတို ေၾကာ္ျငာေလးပါ။ထို ဇာတ္လမ္းတို ေၾကာ္ျငာေလးကို Reality Not Virtual ဟု အမည္ေပးထားျပီး Reservoir World မွ Director Quek Shio Chuan က ရုိက္ကူးေပးတာ ျဖစ္ပါတယ္။

 

ထို ဇာတ္လမ္းတို ေၾကာ္ျငာေလးမွာ တကယ့္ကို ဟာသ ရသေရာ ရင္ထဲ လြမ္းဆြတ္မႈ ပါ ခံစားေစပါတယ္။ အိမ္နဲ႕ေဝးကြာေနသူေတြ သာ ၾကည့္ရင္ ပိုလို႔ အိမ္နဲ႕ အမွတ္တရ ေတြ ေတြးမိျပီး လြမ္းဆြတ္ေစပါတယ္။

 

တရုတ္နိုင္ငံတြင္ က်ား / မ ေၾကာ္ျငာစနစ္ စတင္

 

ေၾကာ္ျငာ၏အဓိကေခါင္းစဥ္ျဖစ္ေသာ“ ပြဲေန႔မ်ားသည္ လက္ေတြ႕ဘဝ၏ အေကာင္းဆုံးအေတြ႕အႀကဳံမ်ားျဖစ္သည္” ဆိုေသာစကားေလးက မိသားစုတန္ဖိုးမ်ားကို ဆက္လက္တည္ၿမဲေစပါတယ္။

 

Reprise ၏ အလုပ္အမႈေဆာင္ ဖန္တီးမႈဒါ႐ိုက္တာ Kevin Le က "နည္းပညာဟာ ကြၽႏ္ုပ္တို႔၏ လူမႈဘဝတြင္ ပိုမိုပ်ံ႕ႏွံ႔ေနေသာ္လည္း ထုံးတမ္းအစဥ္အလာကို မည္သို႔မွ် အစားထိုးႏိုင္မည္ မဟုတ္ဟု ကြၽန္ေတာ္ေျပာလိုပါတယ္။ဒီကေန႔လူငယ္ေတြဟာ ေပ်ာ္စရာေကာင္းတဲ့အခ်ိန္ ဒါမွမဟုတ္ ပြဲလမ္းသဘင္အခမ္းအနားေတြမွာ မိသားစုနဲ႔အတူတူေနျခင္း (သို႕) မိဘနဲ႕ေဝးကြာေနသူေတြက မိဘအိမ္ျပန္ေလ့ ျပန္ထ မရွိေတာ့ဘူး လူငယ္ေတြက မိသားစုနဲ႔အခ်ိန္ကုန္ေပ်ာ္ရႊင္ေနရတာကို သူတို႕သိပ္သေဘာမေတြ႕ပုံပါ " ဟုေျပာၾကားခဲ့ပါတယ္။

 

အခုဒီေၾကာ္ျငာေလးက ေတာ့ နည္းပညာမွ တစ္ဆင့္ မိသားစုနဲ႔အခ်ိန္ကုန္ေနရတာ ကို ဘယ္ေလာက္တန္ဖိုးရွိ ေၾကာင္း လူငယ္ေတြကို လည္း ဒီလို နွစ္သစ္ကူးေတြ ပြဲေတာ္ေတြ ပိတ္ရက္ရွည္ေတြမွာ ကို႕အိမ္ကို လြမ္းစိတ္ ငါသာဆိုရင္ေရာ ေၾကာ္ျငာထဲကလို ျဖစ္မလားဆိုတဲ့စိတ္ေတြ ဖန္တီးေပးပါတယ္။

 

TNB မွ အေထြေထြမန္ေနဂ်ာ Sutapa Bhattacharya က “ TNB သည္မိသားစုတန္ဖိုးမ်ားကိုခိုင္မာစြာေထာက္ခံသူျဖစ္ၿပီး၊ ဤပြဲလမ္းသဘင္မ်ားသည္ မိသားစုေႏွာင္ႀကိဳးကိုထိန္းသိမ္းရန္အတြက္ အေရးႀကီးေသာအစိတ္အပိုင္းျဖစ္သည္။  က်ြန္ေတာ္တို႕ဟာ က်ြန္ေတာ္တို႕ရဲ႕ Brand အမွတ္တံဆိပ္ကို အခ်ိန္ကာလႏွင့္အညီ ေခတ္မီွတိုးတက္ေနေအာင္ နည္းလမ္းမ်ား အၿမဲတမ္း ရွာေဖြေနပါတယ္။ ဒီေၾကာ္ျငာေလးက က်ြန္ေတာ္တို႕ ရဲ႕အလုပ္သက္ေသကို တိုးျမွင့္ေပးသလိုပါပဲ" လို႕ေျပာၾကားခဲ့ပါတယ္။

 

ထိုေၾကာ္ျငာကို Facebook ၊ Instagram ၊ Twitter ၊ YouTube ႏွင့္အခမဲ့႐ုပ္သံတီဗီကြန္ရက္မ်ားျဖင့္ TNB ၏ လူမႈမီဒီယာလိုင္းမ်ားမွ ထုတ္လႊင့္ရန္ စီစဥ္ထားေလသည္။

ကဲအားလုံးပဲ အတူတူ ေၾကာ္ျငာ ေလးကို ၾကည့္လိုက္ရေအာင္

 

 

<<<unicode>>

 

 မလေးရှား TNB ၏ တရုတ်နှစ်သစ်ကူး အလန်းစားကြော်ငြာ

=======================================================

ယခု မကြာခင် အချိန်မှာပဲ တရုတ်နှစ်သစ်ကူး ကြွက်နှစ် ရောက်ရှိလာမှာ ဖြစ်ပါတယ်။ တရုတ်နှစ်သစ်ကူးရောက်တိုင်း Brand တော်တော်များများ လုပ်ငန်းရှင်တွေ အများအပြားက တရုတ်နှစ်သစ်ကူးကို ကြိုဆိုလက်ခံသည့်အနေနဲ့ တရုတ်နှစ်သစ်ကူးနဲ့ဆက်စပ်ယှက်နွယ်ပြီး ကြော်ငြာတွေရိုက်ကူးကြတယ်။ ရိုက်ကူးတဲ့ကြော်ငြာတွေကလည်း လုံးဝ အမိုက်စားတွေပါ။

 

မလေးရှားလျှပ်စစ်ကုမ္ပဏီ TNB မှ တရုတ်နိုင်ငံ၏ နှစ်သစ်ကူး (CNY) အတွက် ကြော်ငြာလေး တစ်ခု ရိုက်ကူုးထားပါတယ်။ ဇာတ်လမ်းတို ကြော်ငြာလေးပါ။ထို ဇာတ်လမ်းတို ကြော်ငြာလေးကို Reality Not Virtual ဟု အမည်ပေးထားပြီး Reservoir World မှ Director Quek Shio Chuan က ရိုက်ကူးပေးတာ ဖြစ်ပါတယ်။

 

ထို ဇာတ်လမ်းတို ကြော်ငြာလေးမှာ တကယ့်ကို ဟာသ ရသရော ရင်ထဲ လွမ်းဆွတ်မှု ပါ ခံစားစေပါတယ်။ အိမ်နဲ့ဝေးကွာနေသူတွေ သာ ကြည့်ရင် ပိုလို့ အိမ်နဲ့ အမှတ်တရ တွေ တွေးမိပြီး လွမ်းဆွတ်စေပါတယ်။

 

Bollywood နာမည္ေက်ာ္ Khan မင္းသား တစ္ဦး၏ သမီးနဲ႕ Vivo S1 Pro အားေၾကာ္ျငာ

 

ကြော်ငြာ၏အဓိကခေါင်းစဉ်ဖြစ်သော“ ပွဲနေ့များသည် လက်တွေ့ဘဝ၏ အကောင်းဆုံးအတွေ့အကြုံများဖြစ်သည်” ဆိုသောစကားလေးက မိသားစုတန်ဖိုးများကို ဆက်လက်တည်မြဲစေပါတယ်။

 

Reprise ၏ အလုပ်အမှုဆောင် ဖန်တီးမှုဒါရိုက်တာ Kevin Le က "နည်းပညာဟာ ကျွန်ုပ်တို့၏ လူမှုဘဝတွင် ပိုမိုပျံ့နှံ့နေသော်လည်း ထုံးတမ်းအစဉ်အလာကို မည်သို့မျှ အစားထိုးနိုင်မည် မဟုတ်ဟု ကျွန်တော်ပြောလိုပါတယ်။ဒီကနေ့လူငယ်တွေဟာ ပျော်စရာကောင်းတဲ့အချိန် ဒါမှမဟုတ် ပွဲလမ်းသဘင်အခမ်းအနားတွေမှာ မိသားစုနဲ့အတူတူနေခြင်း (သို့) မိဘနဲ့ဝေးကွာနေသူတွေက မိဘအိမ်ပြန်လေ့ ပြန်ထ မရှိတော့ဘူး လူငယ်တွေက မိသားစုနဲ့အချိန်ကုန်ပျော်ရွှင်နေရတာကို သူတို့သိပ်သဘောမတွေ့ပုံပါ " ဟုပြောကြားခဲ့ပါတယ်။

 

အခုဒီကြော်ငြာလေးက တော့ နည်းပညာမှ တစ်ဆင့် မိသားစုနဲ့အချိန်ကုန်နေရတာ ကို ဘယ်လောက်တန်ဖိုးရှိ ကြောင်း လူငယ်တွေကို လည်း ဒီလို နှစ်သစ်ကူးတွေ ပွဲတော်တွေ ပိတ်ရက်ရှည်တွေမှာ ကို့အိမ်ကို လွမ်းစိတ် ငါသာဆိုရင်ရော ကြော်ငြာထဲကလို ဖြစ်မလားဆိုတဲ့စိတ်တွေ ဖန်တီးပေးပါတယ်။

 

TNB မှ အထွေထွေမန်နေဂျာ Sutapa Bhattacharya က “ TNB သည်မိသားစုတန်ဖိုးများကိုခိုင်မာစွာထောက်ခံသူဖြစ်ပြီး၊ ဤပွဲလမ်းသဘင်များသည် မိသားစုနှောင်ကြိုးကိုထိန်းသိမ်းရန်အတွက် အရေးကြီးသောအစိတ်အပိုင်းဖြစ်သည်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ Brand အမှတ်တံဆိပ်ကို အချိန်ကာလနှင့်အညီ ခေတ်မှီတိုးတက်နေအောင် နည်းလမ်းများ အမြဲတမ်း ရှာဖွေနေပါတယ်။ ဒီကြော်ငြာလေးက ကျွန်တော်တို့ ရဲ့အလုပ်သက်သေကို တိုးမြှင့်ပေးသလိုပါပဲ" လို့ပြောကြားခဲ့ပါတယ်။

 

ထိုကြော်ငြာကို Facebook ၊ Instagram ၊ Twitter ၊ YouTube နှင့်အခမဲ့ရုပ်သံတီဗီကွန်ရက်များဖြင့် TNB ၏ လူမှုမီဒီယာလိုင်းများမှ ထုတ်လွှင့်ရန် စီစဉ်ထားလေသည်။

ကဲအားလုံးပဲ အတူတူ ကြော်ငြာ လေးကို ကြည့်လိုက်ရအောင်

 

 

 Source: The Drum

Myanmar Advertising Directory 

Read times
Rate this item
(0 votes)