-->
×

Warning

JUser: :_load: Unable to load user with ID: 29



ကြော်ငြာလုပ်ငန်းရှင်တွေ အတွက် အသုံးဝင်ဆုံး ဖြစ်လာတော့မယ့် Podcast Advertising google


 


 

 


 


 

 


 


 

ကြော်ငြာ ကုမ္ပဏီများက ဝန်ထမ်းများအား ကိုရိုနာ ( ဝူဟန် ) ဗိုင်းရပ်စ် မှ အပြင်း အထန် ကာကွယ်

 

အသက်အရွယ်အပိုင်းအခြားအရ Podcast အများဆုံးနားထောင်သော အသက်အရွယ်အုပ်စုမှာ ၁၆ - ၃၄ နှစ် အရွယ်များဖြစ်ပြီး ၄င်းတို့ထဲမှ ၁၄ ရာခိုင်နှုန်း သည်နေ့စဉ်နားထောင်ပြီး ၂၉ ရာခိုင်နှုန်း မှာ တစ်ပတ်လျှင်အကြိမ်များစွာနားထောင်ကြတယ်လို့သိရပါတယ်။

 


 




 

<<<unicode>>>

 

ကြော်ငြာလုပ်ငန်းရှင်တွေ အတွက် အသုံးဝင်ဆုံး ဖြစ်လာတော့မယ့် Podcast Advertising

=====================================================

 

DMA ၏ သုတေသနပြု လေ့လာချက် အရ အပတ်စဉ် Podcast နားထောင်သူများ၏ ၂၇ ရာခိုင်နှုန်းသည် အသံကြော်ငြာမှ တစ်ဆင့် ကုန်အမှတ်တံဆိပ်အသစ်များ ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ Podcast Advertising ( ကြော်ငြာ ) ဟာ တဖြည်းဖြည်း အရှိန် ကောင်းနဲ့ ကြော်ငြာ ကဏ္ဍ ရပ်မှာ တောက်ပလာ ပါတယ်။

 

 

Podcast Advertising ဆိုတာ ဘာလဲ ???

 

Podcast Advertising ဆိုတာ Advertising ဆိုတာကတော့ ကြော်ငြာဆိုတာ အားလုံးသိပြီးသားပါ။ Podcast ဆိုတဲ့ စကားလုံးဖြစ်ပေါ်လာတာကတော့ "iPod" နဲ့ "broadcast" စကားလုံးကို ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတာပါ။ထို နည်းပညာ အသစ်တစ်ခုကို နာမည်ပေးခဲ့သူကတော့ BBC မှ နည်းပညာပိုင်းဆိုင်ရာ စာနယ်ဇင်းသမား Ben Hammersley က နေပြီး ၂၀၀၄ ခုနှစ်ကနေ စတင် အမည်ပေးခဲ့တာပါ။

 

Podcast က အသံ Audio ဖိုင်အတိုလေးတွေ ကို ညွှန်းဆိုခြင်းဖြစ်ပါတယ်။ထို Audio ဖိုင်အတိုလေးတွေကို မှ ကြော်ငြာထားတဲ့ အသံဖိုင်လေးတွေ Podcast Advertising ပါပဲ။

 

Podcasts များနှင့် ရေဒီယိုများပေါ်တွင် လွှင့်သော ကြော်ငြာများ ဈေးကွက် များက နားထောင်သူ အများစု ကို စိတ်ဝင်တစား လေ့လာချင်စိတ် ဖြစ်အောင် တော်တော် စွဲဆောင် နိုင်တယ် စွဲဆောင်အား ကောင်းတယ်လို့သိရှိရပါတယ်။

 

ထို့အပြင် သုတေသနပြု လေ့လာချက် အရ ဗြိတိန်နိုင်ငံသား ၃၇ ရာခိုင်နှုန်း က လစဉ် Podcast ကို နားထောင်တယ်လို့သိရှိရပါတယ်။

 

အောင်မြင်ကျော်ကြားသူတိုင်း မှာ ရှိတဲ့ တူညီတဲ့ အရာ တစ်ခု

 

အသက်အရွယ်အပိုင်းအခြားအရ Podcast အများဆုံးနားထောင်သော အသက်အရွယ်အုပ်စုမှာ ၁၆ - ၃၄ နှစ် အရွယ်များဖြစ်ပြီး ၎င်းတို့ထဲမှ ၁၄ ရာခိုင်နှုန်း သည်နေ့စဉ်နားထောင်ပြီး ၂၉ ရာခိုင်နှုန်း မှာ တစ်ပတ်လျှင်အကြိမ်များစွာနားထောင်ကြတယ်လို့သိရပါတယ်။

 

 

Podcast နှင့် စပ်လျဉ်း၍ DMA မှ တာဝန်ရှိ အကြီးအကဲ Tim Bond က“ Podcasts ဟာ လတ်တလော လူကြိုက်များတဲ့ အသံမီဒီယာလိုင်း တစ်ခုပါ။ ၎င်းသည် အခြားဈေးကွက်ရှာဖွေရေးလမ်းကြောင်းများနှင့် နှိုင်းယှဉ်လျှင် မြင့်မား ထိရောက်သော ဈေးကွက်ရှာဖွေရေး လမ်းကြောင်း ဖြစ်တယ် "
လို့ပြောကြားခဲ့ပါတယ်။

 

 

Apple statistics ရဲ့ စစ်တမ်းများ အရ Podcast ပေါင်း သိန်း ၅၂၅၀၀၀ ခန့်ရှိပြီး အခန်းခွဲ အနေနဲ့ ဆို ၁၈. ၅ သန်းရှိတယ်လို့ သိရှိရပါတယ်။လူတွေမသိရှိသေးတဲ့ အချက်က Podcast မှာ ကြော်ငြာခြင်း သည်လည်း အခြားကြော်ငြာခြင်းများ နည်းတူ လူတွေစီကို ရောက် စေ ပါတယ်။
အနောက်တိုင်းမှာ ဆိုရင် ပြီးခဲ့ ၉ နှစ်ကထက် Podcast ကို နားထောင်သူ ဦးရေ ၂ ဆ ထောင်တက်လာ တယ်လို့ သိရပါတယ်။

 

Source: The Drum

Myanmar Advertising Directory

Read times
Rate this item
(1 Vote)