-->
×

Warning

JUser: :_load: Unable to load user with ID: 29




 




 


 







>>> Unicode <<<<

 

Chrome ဟာ ဗီဒီယိုအတိုတွေကို ပိတ်ပင်တော့မယ်

 

Google ဟာ Chrome မှာ သူတို့ရဲ့ ဗီဒီယိုတွေကို တိုးချဲ့ဖို့အတွက် ကြော်ငြာလုပ်ငန်းတွေကို လုပ်ဆောင်နေပြီး သူတို့ရဲ့ အလယ်အလတ် ဗီဒီယိုတွေနဲ့ အခြားဗီဒီယို အတိုတွေကို ဖယ်ရှားဖို့ လုပ်ဆောင်နေပါတယ်။


Google ဟာ ဗီဒီယိုတွေကို ပိုကောင်းလာဖို့အတွက်လုပ်ဆောင်တာဖြစ်ပြီး ရှစ်မိနစ် ဒါမှမဟုတ် ရှစ်မိနစ်ထက်နည်းတဲ့ ဗီဒီယိုတွေကို ကွန်ပျူတာ ၊ ဖုန်း နဲ့ အပလီကေးရှင် တွေမှာ ပိုအဆင်ပြေဖို့အတွက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။


ဗီဒီယိုတွေမှာ ၅ စက္ကန့် နဲ့ စက္ကန့် ၃၀ ထက်ပိုသော ကြောငြာဗီဒီယိုတွေသာ ပြသသွားဖို့ သတ်မှတ်ထားပြီး ဗီဒီယိုတွေရဲ့ အလယ်မှာ ပါဝင်တဲ့ ကြေငြာဗီဒီယိုတွေကို သုံးပုံတစ်ပုံ ဒါမှမဟုတ် နှစ်ဆယ်ရာခိုင်နှုန်းအထက် ကို ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။ လုပ်ဆောင်ချက်ကို သြဂုတ်လ ငါးရက်နေ့ကနေစပြီး အသက်ဝင်မှာ ဖြစ်ပါတယ်။

 

နိုင်ငံတိုင်းရဲ့ Chrome ပေါ်မှာ ကြော်ငြာတွေထပ်တလဲလဲ ပြတာတွေကို ရပ်ဖို့နဲ့ Chrome သုံးစွဲသူတွေအပေါ် ပိုကောင်းလာစေဖို့ ချဲ့ထွင်တာဖြစ်ပါတယ်လို့ Google Manager Jason James က ပြောခဲ့ပါတယ်။

 

များမကြာသေးမီက Youtube မှာ ကန်ဒေါ်လာ ၁၅ ဘီလီယံအထိ ဝင်ငွေရှိပြီး အခုလိုကြောငြာတွေကို ပိတ်ပင်လိုက်တဲ့ အတွက် Youtube အနေနဲ့ အခက်တွေ့စေခဲ့ပါတယ်။


ဒါဟာ Youtube အပေါ်လည်း ရိုက်ခတ်မှုရှိခဲ့ပြီး Chrome ရဲ့ မကြာသေးမီက ရရှိခဲ့တဲ့ ဝင်ငွေဟာ ကန်ဒေါ်လာ ဆယ့်ငါးဘီလီယံအထိ ရှိခဲ့ပါတယ်။


Chrome မှာ အမေရိကန် Browser ဈေးကွက်ရဲ့ ၇၀ ရာခိုင်နှုန်းလောက်မှာ ပါဝင်နေပါတယ်။ အခုလိုဗီဒီယိုကြောငြာတွေကို ဖယ်ရှားခဲ့ဖြစ်ပြီး တစ်လမပြည့်ခင်မှာပဲ ဗီဒီယို အတိုတွေကိုပါ ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

 

Myanmar Advertising Directory 

Read times
Rate this item
(0 votes)