-->
×

Warning

JUser: :_load: Unable to load user with ID: 29



Apple Apple


 


 


 


 


 


----------

 


 


 


 


 


 


 


 

KFC နဲ့ Crocs ပူးပေါင်းပြီး ကြက်ကြော်ပုံးပုံ ဖိနပ်ထုတ်လုပ်

 








၎ . သင့်ကို အားပေးတဲ့ လူတစ်စု ရဲ့အကြောင်းကို ကောင်းကောင်းသိထားပါ  ( သူတို့နားလည်မဲ့ အရာနဲ့ ပြောတတ်ပါစေ )






 


 

Market Research (ဈေးကွက်ရှာဖွေသုတေသနလုပ်ငန်းများ(၂၁)ခုကို ရှာဖွေရန်နှိပ်ပါ)

 

>>> Unicode <<<

 

Apple ရဲ့ ဈေးကွက် မြှင့်တင်ရေး ဗျူဟာ ၇ ချက်

------------

 

Apple ကို ၁၉၇၆ ခုနှစ်က Steve Jobs နဲ့ Ronald Wayne တို့ မှ စတင်တည်ထောင်ခဲ့ပါတယ်။Apple ဟာ ယနေ့ခေတ်မှာဆိုရင် အဆင့်အတန်းမှီမှီ iPhone တွေထုတ်ပြီး နာမည်အတော်လေး ရနေတဲ့ Brand တစ်ခုဖြစ်လာပါပြီ။

 

Apple ဟာ ယခုဆို ကြီးမားတဲ့ ပရိသတ် တစ်စုကို ပိုင်ဆိုင်ထားပြီ ဖြစ်ပြီး ထိုသို့ ပိုင်ဆိုင်ထားရခြင်းမှာလည်း ၎င်း တို့ အနေနဲ့ အသည်းအသန်အားပေးသူများပြားလာရခြင်းမှာ ခေတ်ရှေ့ပြေး တဲ့ ဒီဇိုင်းနဲ့ features အသစ်တွေကြောင့်ပါပဲ။

 

၎င်းတို့ရဲ့ အားသာချက်က နည်းပညာပြောင်းလဲ လာခြင်းကို အမြဲ မျက်စိဖွင့် ပြီး သူ့ ပစ္စည်းရဲ့ အရေအသွေး ကို ထိန်းသိမ်းထားလို့ ဖြစ်မယ်သိရပါတယ်။

 

အခြား ပြိုင်ဘက် မိုဘိုင်လ်းဖုန်းထုတ်တဲ့ လုပ်ငန်းစုတွေက Apple ကို လိုက်တုကြတယ် ဈေးတွေကို ဈေးကွက်မှာလျော့ ပေါ့ ပြီး တစ်ဝက်ဈေးနည်းနည်း နဲ့ ရောင်းကျတယ် သို့ပေမဲ့ ( Think Different / ကွဲပြားခြားနားစွာတွေးပါ ) ဆိုတဲ့ သူမတူအောင်အများ နဲ့ မတူတဲ့ Apple ကို ဘယ်သူမှ မကျော်နိုင်ခဲ့ပါဘူး Apple က သူ့ရဲ့ ပစ္စည်း အရည်အသွေးနဲ့ ဈေးကွက်ချဲ့ထွင်ရေး ဗျူဟာတွေကိုက ကောင်းမွန်လွန်းတာကိုး။

 

Apple ဟာ သူ့ Brand ကို ကမ္ဘာ့နေရာ အသီးသီး မှာ ဖြန့်ကျက်ထားပြီး နိုင်ငံ ၄၀ မှာ ရှိပါတယ် အရောင်းဆိုင်အားဖြင့် ၅၁၂ ဆိုင်ရှိပါတယ်။၎င်းရဲ့ iPhone ပထမ မျိုးဆက်ကို ၂၀၀၇ ခုနှစ်ထုတ်လုပ်ခဲ့ တာဖြစ်ပြီး ၊ ယခုဆို iPhone 11 Pro Max ထိတောင်ရောက်နေပါပြီ။

 

Online Store ကနေရောင်းချခြင်း

----------

 

၁၉၉၇ မှာ Steve Jobs က Apple ကို ပြန်လာခဲ့ပါတယ်။ Apple ကို ပြန်လာ ဆို သူတို့ လုပ်ငန်းစု နဲ့ Dell လုပ်ငန်းစု အချင်းများခဲ့လို့ပါ။

 

ထိုစဉ် Dell ရဲ့ တည်ထောင်သူ ဖြစ်သူ နဲ့ CEO ဖြစ်သူ Michael Dell နဲ့ Apple ဘက်မှ စကားအနည်းငယ်ပြောခဲ့ပါတယ် ' Apple ကို ဘယ်လို ကောင်းအောင်လုပ်မယ် ' ဆိုတာကိုပေါ့။

 

ဒါကိုတောင်မှ Dell အနေနဲ့ သူ့ရဲ့ အစုရှယ်ရာငွေကိုသာ ပြန်လည်တောင်းယူခဲ့ပါတယ်။Dell ဟာ ထိုအချိန် တစ်ခေတ်တစ်ခါက အွန်လိုင်းဈေးရောင်း ခြင်း နဲ့ အောင်မြင်နေတဲ့ အချိန်ဖြစ်ပြီး ၎င်းတို့ Online Store ကို NeXT နဲ့ တည်ဆောက်ထားကာ ရောင်းနေချိန်ပဲဖြစ်ပါတယ်။

 

" အကယ်၍ သင်အနေနဲ့ သင်အရမ်း စိတ်အားထက်သန်ပြီး စိတ်နှစ်ထားတဲ့ အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် ,
သင့် ကို သင် တွန်းနေစရာ မလိုပါဘူး , သင့်ရဲ့ အမြင်တွေက သင့်ကို ဆွဲခေါ်သွားပါလိမ့်မယ် " ပြောကြားသူ Steve Jobs .

 

Steve က Apple ရဲ့ Founder ဖြစ်တဲ့ အလျှောက် Dell နဲ့ Apple စကားများ အချင်းပွား နေချိန် Apple ဆီကို ပြန်လာကာ NeXT က ဝန်ထမ်းအနည်းငယ်နဲ့ ၎င်းတို့ Online Store ကို သူကိုယ်တိုင် စိတ်နှစ်ကာ တည်ဆောက်ခဲ့ပါတယ်။

 

ထိုအချိန် Steve Jobs စိတ်ထဲမှာရှိတာက ဈေးကွက်နဲ့ အကျွမ်းတဝင်ရှိဖို့ နည်းလမ်းက အွန်လိုင်း ကနေရောင်းချ ချင်းသာ ဖြစ်တယ် ဒါ့ထက် အွန်လိုင်းအရောင်း လောက မှာ Dell ထက်ခြေတစ်လှမ်းသာနေရမယ်ဆိုတာပါပဲ ။

 

၁၉၉၇ ရဲ့ နိုဝင်ဘာလမှာ Apple ရဲ့ စာနယ်ဇင်းရှင်းလင်း ပွဲမှာ ၎င်းတို့ Online Store အကြောင်းကိုဖော်ပြသွားခဲ့ပါတယ်။

 

သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းမည့် ဘတ်စ်ကားမှတ်တိုင်ကြော်ငြာလေးများ

 

Apple ရဲ့ ဈေးကွက်မြှင့်တင်ရေးဗျူဟာ ၇ ချက် -

၁ . ကြော်ငြာ ကိစ္စ ရပ်တွေအတွက် လိုအပ်ချက်ကို ထပ်တလဲလဲ တွေးပါ


၂ . ဈေးကစားခြင်းကို ရှောင်ကြည်ပြီး သင့်အတွက်သင့်လျော်တဲ့ ပမာဏကိုသာမက်မောပါ


၃ . သင့်ရဲ့ ဈေးကွက်မြှင့်တင်ရေးကိစ္စတွေနဲ့ သင့်ရဲ့ Product ကို ရိုးရိုရှင်းရှင်းလေးဖြစ်နေပါစေ


၄ . သင့်ကို အားပေးတဲ့ လူတစ်စု ရဲ့အကြောင်းကို ကောင်းကောင်းသိထားပါ ( သူတို့နားလည်မဲ့ အရာနဲ့ ပြောတတ်ပါစေ )

၅ . ကာစတန်မာတွေရဲ့ ခံစားချက်ကို ရှေးရှုပြီး ဒီဇိုင်းလုပ်ဆောင်ပါ


၆ . သင့် စိတ်ခံစားချက်အလိုက် ရည်မှန်းချက်ထားတတ်ပါစေ


၇ . သင့် Product ရဲ့ အသုံးပြုသူတွေနဲ့ Community တစ်ခု တည်ဆောက်ပါ

ထို အချက်တွေဟာ Apple မှ ဈေးကွက်မြှင့်တင်ရေးပိုင်းဆိုင်ရာ အချက်အလက်ဗျူဟာ များဖြစ်ပြီး ၎င်း တို့ လုပ်ငန်းစု အနေနှင့်လည်း ယခုလက်ရှိမှာ အသုံးပြု နေတယ်သိရပါတယ်။သုတ အဖြစ်ဖတ်ရှုသူအားလုံးအတွက်ရည်ရွယ်ပါတယ်။

 

Source From Forbes

Myanmar Advertising Directory 

 

 

Read times
Rate this item
(1 Vote)