-->
×

Warning

JUser: :_load: Unable to load user with ID: 29







 

Coronavirus ကြောင့် ကြီးမားသော ဘယ်ဈေးကွက်ရှာဖွေရေးပွဲများကို ရွှေ့ဆိုင်းခြင်း သို့မဟုတ် ဖျက်သိမ်းခဲ့ ရသလဲ

 





 

Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)

 

<<<Unicode>>>

 

တောင်တက်ခြင်းဖြင့် North Faceရဲ့IWD(International Women’s Day)ကို မီးမောင်းထိုးပြသည့် ကန်ပိန့်

International Women’s Dayကိုအမှတ်အသားပြုသည့်အနေဖြင့် Big Groupမှဖန်တီးသော Highlightပုံပြင်ကို သူတို့၏International Women’s Dayစုစည်းမှုအသစ်အနေဖြင့် The North Faceမှ ထုတ်လွှင့်ခဲ့သည်။

၂၀၁၈ ကတည်းက Big Groupသည် The North Face၏ ဥရောပဖန်တီးမှု အေဂျင်စီဖြစ်ပြီး ၂၀၂၀ ဇန်နဝါရီလ တွင် ဂျော်ဒန်သို့ အမျိုးသမီးအဖွဲ့များစေလွှတ်ပြီး International Women’s Dayအတွက် စုစည်းမှုအသစ်အနေဖြင့်၎င်း အမျိုးသမီးများအားကိုယ်စားပြု၍ ဗီဒီယိုအသစ်ကိုThe North Faceအတွက် ဖန်တီးခဲ့သည်။ဒီဗီဒီယိုဟာ ဂျော်ဒန်ရှိအမျိုးသမီးစက်ရုံများအတွက် ရည်ညွှန်းပြီး အလုပ်သမားများ The North Face၏ ambassadorများ နှင့် အာဏာရှိသောသူများ ပါဝင်ထားသည်။The North Face ဝက်ဆိုက်ဒ်နှင့် လူမှုရေးပလက်ဖောင်းများတွင် ဗီဒီယို အတိုနှင့် အရှည်များကို ပြင်ဆင် ထုတ်လွှတ်ခဲ့သည်။

အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူ Oryana Awaishehမှ ဦးဆောင်၍ ဂျော်ဒန်၊ Al-Hasaတွင် အမျိုးသမီးများအတွက် အခွင့်အလမ်းအသစ်များဖန်တီးရန် Jerash Garments မှအမျိုးသမီးများအား လာရောက်ကြရန် စည်းရုံးခဲ့သည်။The North Faceက စက်ရုံ၏ ပထမဆုံး အမိန့်အနေဖြင့် အကန့်အသတ်ဖြင့်ပြုလုပ်ထားသော တီရှပ်များနှင့် toteအိတ်များထုတ်လုပ်ခြင်း၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ခြင်း၊အတူတကွလုပ်ဆောင်ခြင်းနှင့် ပိုမိုကောင်းမွန်သောအနာဂတ်အတွက်ကတိကဝတ်များကိုမီးမောင်းထိုးပြရန်ချမှတ်ခဲ့သည်။

ဒီလုပ်ဆောင်ချက်သည် ၎င်းတို့က အမျိုးသမီးများကိုထောက်ပံ့ကာ အမှတ်တံဆိပ်ရဲ့ အမွေအနှစ်ကို အလေးအနက်ပြုရန်ဖြစ်သည်။၁၉၇၈ခုနှစ်တွင် အမျိုးသမီးများ အားလုံးပါဝင်သည့်ပထမဆုံး လေ့လာရေးခရီးစဉ်ကို ထောက်ပံ့ခြင်းမှသည် 9a+ တက်သည့်ပထမဆုံးအမျိုးသမီး ဖြစ်လာရန် Margo Hayes၏ တောင်းဆိုမှုကို ထောက်ပံ့ခဲ့သည်။

 

ဒေသတွင်းဈေးကွက်ရှာဖွေရေးအဖွဲ့များကို တစ်စိတ်တစ်ပိုင်းအဖြစ်ကြော်ငြာအသုံးစရိတ်
မြှင့်တင်ရန်လုပ်ဆောင်ကြသည့် Abercrombie နှင့် Fitch

 

North Face သည်ambassadorအဖြစ် ပထမဆုံးအကြိမ် အဖြစ်ထင်ရှားကျော်ကြားခဲ့သော ကမ္ဘာလုံးဆိုင်ရာစူပါစတား Jess Glynne အပါအဝင်ဗြိတိန်ဓာတ်ပုံဆရာနှင့်ရုပ်ရှင်ရိုက်ကူးသူ Holly-Marie Cato တို့ကိုစာရင်းပြုစုခဲ့ကြသည်။

Jess Glynne သည် North Faceတွင် Marion Haerty၊ Caroline Ciavaldini၊ Mathilde Becerra တို့နှင့်ပူးပေါင်းပြီး Candice Brathwaite၊ Carlotta Vagnoli, Emma Svensson၊Marie Mouroum၊ Riya Hamid နှင့်Sofia Jinတို့လည်းပါဝင်ခဲ့ကြသည်။

North Face နှင့် Jerash Garments သည်အမျိုးသမီးများအတွက်နယ်နိမိတ်တွန်းအားပေးခြင်း၊ အတူတကွတက်ရောက်ခြင်းနှင့်ကွဲပြားခြားနားသောစိတ်ဓာတ်ပြင်းပြမှုများအပေါ်အတွေးအခေါ်များမျှဝေခြင်းများဖြင့်ဤအပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့(International Women’s Day)ကိုကမ္ဘာအနှံ့ရှိအမျိုးသမီးများအားထောက်ပံ့ခဲ့ကြသည်။

ဤဆောင်းပါးသည် ကမ္ဘာ၊ဈေးကွက်ရှာဖွေရေးနှင့်ကြော်ငြာအေဂျင်စီများကို ရည်ညွှန်းခြင်းဖြစ်ပါသည်။

 

Reference Source: The Drum

Myanmar Advertising Directory

Read times
Rate this item
(0 votes)