-->
×
Warning
JUser: :_load: Unable to load user with ID: 29
Iris ရဲ့CEOဖြစ်သော Ian Millner နှင့် မေးခွန်း၁၀ခု
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
<<<Unicode>>>
Big Mac ဟာ McMassive ကို မိတ်ဆက်လိုက်ပါတယ်!McDonald'sဟာ ယခုအခါ အလွန်ကြီးမားပြီး ကယ်လိုရီ ၇၂၀ နှင့် အဆီ၄၃ ဂရမ်ရှိ လေးလွှာပါသော Double Big Macကို ရောင်းချပါပြီ
-The Double Big Mac သည်ဗုဒ္ဓဟူးနေ့တွင်အမဲသားပြားနှစ်ထပ်နှင့်စတင်ရောင်းချခဲ့သည်။
-Option အသစ်သည်နာမည်ကြီးသောမူရင်း Big Mac ကဲ့သို့တူညီသောပုံစံကိုအသုံးပြုထားသည်။အလယ်bun၏အထက်နှင့်အောက်တွင်အပို patty ထပ်ထည့်ထားသည်။
-The Double Big Mac ဘာဂါတွင်ကယ်လိုရီ ၇၂၀ နှင့်အဆီ ၄၃ ဂရမ်ပါရှိသည်
- fast food giantကုမ္ပဏီကြီးသည် Little Mac ကို patty တစ်ခုဖြင့်လည်း ထပ်မံ မိတ်ဆက်လိုက်ပါသည်။
-ဗားရှင်းအသေးမရှိမဖြစ် လိုအပ်တဲ့ cheeseburger ဖြစ်ပေမယ့် Big Mac ၏အထူး Sauce နှင့်အတူထည့်သွင်းပြောကြားခဲ့သည်။
-သင် ကိုယ်တိုင် ရွေးချယ်နိုင်သော အရွယ်အစားကိုမတ်လ ၁၁ ရက်မှ စ၍အချိန်အကန့်အသတ်ဖြင့်ရနိုင်သည်။
-Big Mac ကို ၁၉၆၇ ခုနှစ်တွင်ပထမဆုံးစတင်မိတ်ဆက်ခဲ့ပြီး ပရိသတ်များအတွက် အကြိုက်ဆုံး အစားအစာတစ်ခု ဖြစ်သည်။
The three different versions of the Big Mac will be available for a limited time from March 11
McDonald'sမှ ဒီဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့သည့် Big Mac၏ကမ်းလှမ်းမှုများကို အမြင့်ဆုံးတိုးမြှင့်ပေးခဲ့ပြီး၊Big Mac အားပေးသည့်နောက်ဆုံးပေါ် ထုတ်ကုန်များတွင်အသားချပ်ပြားအရေအတွက်နှစ်ဆတိုးလာသည်။
fast food giantကုမ္ပဏီကြီးသည်အကန့်အသတ်ရှိသော menu နှစ်ခုဖြစ်သည့် Double Big Mac နှင့် Little Mac တို့ကို စတင်မိတ်ဆက်စဉ်ကတည်းက ထင်ရှားသည့်ဘာဂါဖြစ်သည်။
ဒေါ်လာ ၅.၄၉ ကုန်ကျမည် ဖြစ်ပြီး ဘာဂါက သင့်အားလန်းဆန်းစေမည်။ကယ်လိုရီ ၇၂၀ ရှိမှာဖြစ်ပြီး မူလ ဘာဂါရှိ ကယ်လိုရီ ၅၄၀ ၊အဆီ ၃၄ ဂရမ်နှင့်နှိုင်းယှဉ်ပါက အဆီ ၄၃ ဂရမ်ပါဝင်နေမှာဖြစ်ပါတယ်။
Little Mac သည် McDonald's cheeseburger နှင့်အလွန်ဆင်တူသည်။ သို့သော် Big Mac ငံပြာရည်အပြင်အခြားအရာအနည်းငယ်သာပါဝင်သည်။
ဗားရှင်းအသေးကို ၂.၂၉ ဒေါ်လာနဲ့ ၃၂၀ ကယ်လိုရီ ပါရှိမှာဖြစ်ပါတယ်။
၂၀၂၀ခုနှစ် အတွင်း ရေပန်းစားလာနိုင်မယ့် Digital Marketing လမ်းကြောင်း ၁၀ခု
မူလ Big Mac ကိုဒေါ်လာ ၃.၉၉ ဖြင့်ရရှိနိုင်ပါသေးတယ်။
ဘာဂါအားလုံးသည် Big Macကိုဆယ်စုနှစ်ပေါင်းများစွာ အကြိုက်ဆုံးဖြစ်စေခဲ့သည့်ပါဝင်ပစ္စည်းများစာရင်းအတိုင်း ပြုလုပ်ထားမှာဖြစ်သည်။ အမဲသားပြားများ၊ အထူးဆော့စ်၊ ဆလတ်၊ ဒိန်ခဲ၊ ဒိန်ချဉ်၊နှမ်းစေ့၊Bunနှင့် ကြက်သွန်နီ စသဖြင့် ပါဝင်မှာဖြစ်ပါတယ်။
“ Big Mac ဟာဘာဂါထက်ပိုပါတယ်။ လွန်ခဲ့တဲ့နှစ် ၅၀ အတွင်းမှာသူဟာနိုင်ငံတကာအမှတ်တံဆိပ်တစ်ခုဖြစ်ပြီးကျွန်တော်တို့ရဲ့ပရိသတ်တွေအတွက်အကြိုက်ဆုံး အစားအစာဖြစ်ခဲ့ပါတယ်” ဟု Menu Innovation ၏ဒုတိယဥက္ကဌ Linda VanGosen ကသတင်းထုတ်ပြန်ခဲ့ပါတယ်။
'ကျွန်ုပ်တို့၏ဒဏ္ဏာရီဆန် Sauceမှသည်အကောင်းဆုံးသော လတ်လတ်ဆတ်ဆတ်အရသာရှိခြင်းနှင့် ၁၀၀% သန့်စင်သောအမဲသားအပြားများအထိ ဖောက်သည်များသည် Big Mac ၏ရှင်းလင်းသောအရသာကိုသိရှိပြီး နှစ်သက်ကြသည်။ သူတို့က သူတို့နှစ်သက်တဲ့ ဘာဂါကိုခံစားဖို့နဲ့အရသာရှိတဲ့ Big Mac ရွေးချယ်မှုသုံးခုနဲ့အရွယ်အစားအားလုံးရဲ့ စွဲလမ်းမှုကိုကျေနပ်အောင် နည်းလမ်းသစ်တွေပေးဖို့ စိတ်လှုပ်ရှားမိပါတယ်။ '
ပြီးတော့ Big Mac မှာအပြောင်းအလဲတွေပိုများလာနိုင်ပါတယ်။
“နာမည်ကြီး အသားညှပ်ပေါင်မုန့်ကို စွဲလမ်းမှုအားလုံးသည် အမှန်ပင်ဂုဏ်ပြုထိုက်သည်ဖြစ်သော်လည်း ကျွန်ုပ်တို့သည် Big Mac ၏ချစ်ခြင်းမေတ္တာနှင့်မပြီးဆုံးသေးပါဘူး။ နောက်လာမည့် အရာအား ဖော်ပြရန် မစောင့်နိုင်တော့ပါဘူး” ဟုကုမ္ပဏီကပြောကြားခဲ့သည်။
fast food chainသည်၎င်း၏ Big Mac ရွေးချယ်စရာများကိုပြောင်းလဲခဲ့သည်မှာ ပထမဦး ဆုံးအကြိမ်မဟုတ်ပါဘူး။
၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တွင် Grand Mac ကိုသူတို့ရောင်းခဲ့ကြပြီး၎င်းသည်သုံးပေါက်၊ သုံးချပ်ပုံစံကိုအသုံးပြုဆဲဖြစ်သော်လည်းပိုမိုကြီးမားသော patties နှင့် bun များကိုအသုံးပြုခဲ့ကြသည်။
McDonald'sသည် ပြိုင်ဘက်များကြောင့် သူတို့၏ကမ်းလှမ်းမှုများကို တိုးတက်စေသဖြင့် နံနက်စာမီနူးကိုမြှင့်တင်ရန် အာရုံစူးစိုက်ခဲ့ကြသည်။
အမှုဆောင်အရာရှိချုပ် Chris Kempczinski က“ Quarter Pounder” ကဲ့သို့သောပရီမီယံ ဘာဂါများသည်“ ထူးခြားထင်ရှားသောဖျော်ဖြေသူ” အဖြစ်ဆက်လက်တည်ရှိနေမည် ဟုပြောကြားခဲ့သည်။
Big Mac ကို ၁၉၆၇ ခုနှစ်တွင် McDonald's က Greater Pittsburgh နယ်မြေသို့စတင်မိတ်ဆက်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီနူးတစ်ခုဝင်ရောက်လာခဲ့ပါတယ်။
ခန့်မှန်းခြေအားဖြင့် Big Macs သန်း ၅၅၀ သည် အမေရိကန်ပြည်ထောင်စု၌ နှစ်စဉ်ရောင်းချရသည်။
ရွေးချယ်ထားသောသင်၏အရွယ်အစား Double Mac နှင့် Little Mac ရွေးချယ်မှုများကိုမတ်လ ၁၁ ရက်မှစတင်၍ စားသောက်ဆိုင်များတွင်ရရှိနိုင်ပါသည်။
Reference Source: MailOnline
Myanmar Advertising Directory
Read times
Rate this item
(0 votes)