-->
×

Warning

JUser: :_load: Unable to load user with ID: 29





 

အိုလံပစ်အားကစားပွဲ စီစဉ်သူများသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အားကစားပွဲကိုရွှေ့ဆိုင်းရန် ဆွေးနွေး

 


 

Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)

 

<<<Unicode>>>

 

Lexus ဆိုတဲ့ နာမည်တစ်လုံး ဖြစ်လာစေခဲ့တဲ့ တစ်ခုတည်းသော လျှို့ဝှက်ချက်

TOYOTA၏ ဥက္ကဌ Akio Toyoda က Lexus Brand ရဲ့ နှစ်၃ဝပြည့် အထိမ်းအမှတ် အနေဖြင့် Campaign Videoတစ်ခုကို ဖန်တီးခဲ့ပါတယ်။အဲ့ဒီ ဗီဒီယိုထဲမှာ Lexus LS 500ရဲ့ ကားအင်ဂျင်ဖုံးပေါ်သို့ ဖန်ခွက်များကိုနန်းတော်လိုတည်ဆောက်ပြီး ကားကိုစက်နှိုးပြခဲ့ခြင်း ဖြစ်သည်။

LS 400နဲ့ ကားထုတ်လုပ်ရေးလောကထဲကို ဝင်ရောက်လာခဲ့တဲ့ Lexus Brandဟာ အခုဆိုရင် နှစ် ၃ဝပြည့်ခဲ့ပြီ ဖြစ်ပါတယ်။၁၉၈၉ ခုနစ်၊Lexus ကုမ္ပဏီကို စတင်တည်ထောင်စဉ်က TOYOTA ကုမ္ပဏီ ဥက္ကဌကို သူ့ဝန်ထမ်းတွေက သူဌေးကတော့ မဖြစ်နိုင်တာတွေကိုလျှောက်ပြောပြီး မျှော်လင့်နေပြန်ပြီလို့ ပြောခဲ့ကြသော်လည်း LS 400ထွက်လာတဲ့ အခါမှာတော့ ကုမ္ပဏီက ဝန်ထမ်းတွေရော၊အထင်သေးခဲ့တဲ့ အနောက်တိုင်း ကားကုမ္ပဏီတွေကပါ အလွန်အံ့အားသင့်ခဲ့ရပြီး ဘာမှမပြောနိုင်အောင်ဖြစ်ခဲ့ရပါတယ်။LS 400ရဲ့ အင်ဂျင်လည်ပတ်မှုဟာ ချောမွေ့လွန်းတာကြောင့် Reviewerတွေ အကုန်လုံးက အခြားအနောက်တိုင်းနာမည်ကြီး ကားများနဲ့ ယှဉ်ပြကြတဲ့အထိကို ဟုန်းဟုန်းကျော်ခဲ့တာ ဖြစ်ပါတယ်။

 

၂၀၂၀ခုနှစ် အတွင်း ရေပန်းစားလာနိုင်မယ့် Digital Marketing လမ်းကြောင်း ၁၀ခု

 

LS 400ပေါ်မှာ တင်ထားတဲ့ ဖန်ခွက်များက ငြိမ်နေပြီး၊အခြားကားတွေပေါ်မှာတော့ လှုပ်ခါနေခဲ့ပါတယ်။ဒီလို ထူးခြားချက်တွေကြောင့်ပဲ Mercedesကတောင် LS 400နှစ်စီး ဝယ်ယူပြီး ပြန်လည်လေ့လာခဲ့ရသလို LSရဲ့ Qualityမျိုးရအောင် သူတို့ရဲ့ ထုတ်လုပ်မှု Operation ပုံစံတွေတောင် ပြောင်းလဲလိုက်ရတဲ့ အထိပါပဲ။ဒီ Campaignမှာ ဖန်ခွက်တွေကို ကားအင်ဂျင်ပေါ်ဖုံးပေါ်တင်ပြီး မောင်းပြခဲ့တာကြောင့် LS 400ဟာ ကမ္ဘာကျော်ခဲ့ပြီး ဒီနေ့အချိန်အထိ Lexusဆိုတဲ့ နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ယခု နှစ်၃၀ ပြည့်တဲ့ အချိန်မှာလဲ အရင်တုန်းက Campaignအတိုင်း ပြန်လည်လုပ်ဆောင်ပြခဲ့ပြီး Lexusရဲ့ အရည်အသွေးကို ထိန်းသိမ်းထားနိုင်စွမ်းကို ပြသခဲ့ပါတယ်။

 

 

Myanmar Advertising Directory

 

Read times
Rate this item
(0 votes)