-->
×

Warning

JUser: :_load: Unable to load user with ID: 29





 

မြန်မာနိုင်ငံရှိ နာမည်ကြီး ပုဂ္ဂလိကဘဏ်များ

 






 

Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)

 

 

<<<Unicode>>>

 

၉၄%သော ဈေးကွက်ရှာဖွေရေးသမားများသည် အမှတ်တံဆိပ်လုံခြုံမှုကိုကိုင်တွယ်ရန်အတွက် blacklists စာရင်းများကိုအသုံးပြုကြသည်ဟု IAB မှတွေ့ရှိ

Brand လုံခြုံမှုကို တိုးမြှင့်စေရန်ကြိုးပမ်းမှုတစ်ခုအနေဖြင့် IAB Europe သည် လက်ရှိဈေးကွက်များမှ ကုန်ပစ္စည်း Brand လုံခြုံမှုရှိသည့် ပတ်ဝန်းကျင်တစ်ခုဖြစ်စေရန် သုတေသနများကို လေ့လာစမ်းစစ်ခဲ့ပါတယ်။

Brand ဘေးကင်းလုံခြုံမှုစစ်တမ်းတွင် ဒီဂျစ်တယ်ကြော်ငြာbackgroundမှ အကြီးတန်းဥရောပခေါင်းဆောင် အယောက်၉၀ကို ၂၀၁၉ ခုနှစ်တွင် ဒီပြဿနာကို မည်သို့ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်းမေးခွန်းထုတ်ခဲ့ကြသည်။ ၂၀၂၀ တွင်တိုးတက်သင့်သည်ဟု သူတို့ထင်မြင်သည့် အရာများကိုလည်းဖော်ပြခဲ့ပါတယ်။

 

၂၀၂၀ခုနှစ် အတွင်း ရေပန်းစားလာနိုင်မယ့် Digital Marketing လမ်းကြောင်း ၁၀ခု

 

တွေ့ရှိချက်များအရ blacklistsစာရင်း နှင့်whitelistsစာရင်းများသည် ကြီးစိုးထားသော နည်းစနစ်များအဖြစ်ဆက်လက်ရှိနေပြီး ကြော်ငြာရှင် ၉၃.၈ ရာခိုင်နှုန်းနှင့် ၈၇.၈% တို့သည် ထိုစနစ်များကြား ရွေးချယ်ကြပါတယ်။

အခြား လက်တွေ့လေ့လာမှုများတွင် တုန့်ပြန်သူများရဲ့ ၉၁% သော Keywordများကိုအသုံးပြုခြင်းနှင့်လုပ်ဖော်ကိုင်ဖက်များအတည်ပြုခြင်း၊ ၈၃.၉%လိုက်နာသော နည်းဗျူဟာများပါဝင် ပါသည်။

သုတေသနပြုချက်အရ Brand၏လုံခြုံမှုသည် ၇၇ ရာခိုင်နှုန်းဖြင့် ပြဿနာကိုအဓိက ဦး စားပေးဖော်ပြခဲ့ပါတယ်။ ယခုလအစောပိုင်းတွင် YouTube သည် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးကို အားဖြည့်ရန်အတွက် ကိုယ်ပိုင်ကြော်ငြာတားမြစ်ချက်ကိုစတင်ခဲ့ပါတယ်။

အစီရင်ခံစာ၏ရှာဖွေတွေ့ရှိမှုကို ဆွေးနွေးရာတွင် IAB ဥရောပ၏အမှုဆောင် အရာရှိချုပ်ဖြစ်သူ Townsend Feehan က“ကုန်အမှတ်တံဆိပ်တွေက လုံခြုံရေးဖောက်ဖျက်မှုကြောင့် ဂုဏ်သိက္ခာကိုထိခိုက်စေမှာကိုစိုးရိမ်ပြီးသူတို့ရဲ့ကြော်ငြာတွေ ဘယ်လောက်အောင်မြင်နေတယ်ဆိုတာကို ပိုပြီးထိုးထွင်းသိမြင်နိုင်ဖို့ မျှော်လင့်ထားကြပါတယ်။ခေတ်မှီပြီး Brandကိုထိတွေ့မှုပိုမိုရှိစေရန်နှင့် ပြောင်းလဲမှု၏လုပ်ဆောင်ချက်တစ်ခုအနေဖြင့် ဖန်တီးမှုများအတွက် ဖိအားများပေးပါတယ် ဒါဟာecosystem တစ်ခုလုံးကို အကျိုးသက်ရောက်မှု ရှိစေပါတယ်။"လို့ပြောကြားသွားပါတယ်။

ဤဆောင်းပါးသည် ကမ္ဘာ၊ Brandလုံခြုံရေး နှင့် ဈေးကွက်ရှာဖွေရေးများကို ရည်ညွှန်းခြင်းဖြစ်ပါသည်။

 

Reference Source: The Drum

Myanmar Advertising Directory

Read times
Rate this item
(0 votes)