-->
×
Warning
JUser: :_load: Unable to load user with ID: 29
သင့်ရဲ့ စီးပွားရေးဗျူဟာမှာ Communityက အဓိကကဏ္ဍကနေ ပါဝင်နေနိုင်ပါတယ်။
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
<<<Unicode>>>
Mason's Gin အတွက် ကြော်ငြာအေဂျင်စီအဖြစ် ခန့်အပ်ခံရသော Finnအေဂျင်စီ
စီးပွားရေးလုပ်ငန်းတွေမှာ အရောင်းမြှင့်တင်ဖို့ ကြော်ငြာဆိုတာဟာ အရမ်းအရေးကြီးတဲ့ကဏ္ဍမှာ ပါဝင်တယ်။လူအများကို ဆွဲဆောင်ပြီး စိတ်ဝင်စားမှုရအောင်လုပ်နိုင်တာကလည်း ကြော်ငြာတွေပဲဆိုတာ အသေအချာပါ။အခုရေးသားပေးမယ့်အကြောင်းအရာကတော့Mason’s Yorkshire Ginနဲ့Finn Agencyတို့အကြောင်းပဲဖြစ်ပါတယ်။
Mason’s Yorkshire Ginက Finnအေဂျင်စီကို ထီထွင်မှုအေဂျင်စီ အဖြစ် ၎င်းတို့ရဲ့ ရည်မှန်းချက်ကြီးသော အစီအစဉ်တွေအတွက် ဦးဆောင်ဖို့ခန့်အပ်ခဲ့ပါတယ်။
မနှစ်တုန်းကMasonရဲ့ အရက်ချက်စက်ရုံမီးလောင်မှုကြောင့်ဆုံးရှုံးမှုများရှိနေပြီး ယခုအခါ Finnကို ခန့်အပ်ခြင်းက ကုမ္ပဏီရဲ့ အရေးပါတဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ၂၀၂၀မှာ ပြန်လည် အသက်သွင်းဖို့ပဲဖြစ်ပါတယ်။
ဒီနှစ်မှာတော့ Masonက သူ့ရဲ့ အရက်ချက်စက်ရုံအသစ်ကို ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ပြီး ထုတ်ကုန်အသစ်များကို စတင်မိတ်ဆက်ဖြန့်ချိသွားမှာဖြစ်တယ်။
Masonတည်ထောင်သူ Karl Masonက" ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ ကြီးမားတဲ့ရည်မှန်းချက်အသစ်တွေကိုအာရုံစိုက်ပြီး စီးပွားရေးကို ပြန်လည်ဦးတည်ထားပါတယ်။ပြီးတော့ Finnနဲ့ အလုပ်တွဲလုပ်ရတဲ့ နှစ်တွေမှာ ဘယ်လောက် စိတ်လှုပ်ရှားစရာတွေဖြစ်မလာဆိုတာ စောင့်ကြည့်နေကြပါတယ်။"
ကမ္ဘာ့ ကြော်ငြာ လောက မှာ ငွေကြေး အများဆုံးအသုံးပြု ထားသော လုပ်ငန်းအမှတ်တံဆိပ်များ
"Masonကအခုမှ ပြန်လည်ထူထောင်နေတာပါ အဲ့တာကြောင့် အနာဂတ်မှာ အောင်မြင်ဖို့ အာရုံထားပြီး
ရင်းနှီးမြှပ်နှံမှုတွေတိုးပွားအောင်ပြုလုပ်နေကြပါတယ်။"လို့ပြောသွားပါတယ်။
ထို စနစ်တကျသွားမယ့် အကြောင်းအရာတွေကြောင့် Finnအေဂျင်စီကို လက်တွဲလိုက်တာပဲဖြစ်ပါတယ်။
"Finnက ဗျူဟာတွေနဲ့ကိုင်တွယ်ပြီး စိတ်လှုပ်ရှားစရာ ထီထွင်ဖန်တီးမှုတွေနှင့် စီးပွားရေးရှူထောင့်ကို နားလည်တဲ့ အေဂျင်စီဖြစ်တာကြောင့် သူတို့နဲ့ လက်တွဲရတာ ကျွန်တော်တို့အရမ်းကို သဘောကျနှစ်သက်ပါတယ်။"လို့ Masonရဲ့ သဘောထားကိုပြောပြသွားပါတယ်။
Finnရဲ့ အကောင့်ဒါရိုက်တာ Nadia Pluck က"အရက်ချက်စက်ရုံ အသစ်ကို စတင်လိုက်တာက Masonsရဲ့
အတွေ့အကြုံအသစ်တွေကိုကိုယ်စားပြုတဲ့ ရင်နှီးမြှုပ်နှံမှုဖြစ်ပြီး ကျွန်တော်တို့အတွက် ရှေ့ဆက်တက်လမ်းတွေမှာ ဘယ်ဟာကစီးပွားရေးလုပ်ငန်းအတွက် စိတ်လှုပ်ရှားစရာအချိန်ဖြစ်မလဲဆိုတာကို ရင်ဖိုစေတယ်"လို့ ဖွင့်ဟခဲ့ပါတယ်။
ဤဆောင်းပါးသည် ကမ္ဘာ၊ Digital Advertising၊ Marketing ၊Advertisingနှင့် Agencyတို့ကို ရည်ညွှန်းခြင်းဖြစ်ပါသည်။
Reference Source: The Drum
Myanmar Advertising Directory
Read times
Rate this item
(0 votes)