-->
×
Warning
JUser: :_load: Unable to load user with ID: 29
ဒီအတောအတွင်းမှာ US ရှိ Coronaက ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး လက်ရှိ ကြောက်ရွံ့မှုများကြောင့် hard seltzers အသစ်အတွက် အွန်လိုင်း ကြော်ငြာကို မသင့်လျော်ဘူးလို့ သတ်မှတ်ပြီး နောက်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေကြပါတယ်။
Pradaရဲ့ အောင်မြင်နေမှုကို ဖြတ်တောက်လိုက်တဲ့ Coronavirus
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
<<<Unicode>>>
Corona Beerဟာ Coronavirus ဖြစ်ပွားနေချိန်မှာ ဒေါ်လာ ၂၆၀ မီလီယံထိ ရောင်းအားတက်ခဲ့
ကမ္ဘာ့အကြီးဆုံးဘီယာ ကုမ္ပဏီဖြစ်သော Brewer Anheuser-Busch InBev (AB InBev) က Coronavirus ကမ္ဘာပေါ် ပျံ့နှံ့ဖြစ်သွားမှုကြောင့် Corona Beer ရဲ့ရောင်းအားသည် ဒေါ်လာ ၂၆၀ မီလီယံထိ ရောက်ရှိခဲ့တယ်လို့ တင်ပြခဲ့ပါတယ်။
လူအများစုက ဘီယာသောက်ခြင်းက ဗိုင်းရပ်စ် ကိစ္စနဲ့ ပက်သက်နေတယ်လို့ ထင်မြင်နေကြပါတယ်။
ပြီးခဲ့တဲ့ လက Corona lager ကို “beer virus” နှင့် “Corona beer virus” ရှာဖွေသူများသည် ၁၁၀၀ ရာခိုင်နှုန်းထိ တိုးလာခဲ့ကြောင်း Google ကပြောကြားခဲ့ပါတယ်။
ဘယ်လ်ဂျီယံအခြေစိုက် AB InBev က Corona ၊Budweiser နဲ့ Stella Artois အပါအဝင် ကမ္ဘာ့ရောင်းအားအကြီးဆုံး ဘီယာအမှတ်တံဆိပ်အချို့ကို ထုတ်လုပ်ခဲ့ပါတယ်။
ဘီယာကုမ္ပဏီက ယခုနှစ် ပထမသုံးလပတ်ဝင်ငွေသည် ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားနိုင်တယ်လို့ တင်ပြခဲ့သဖြင့် AB InBev ရဲ့ရှယ်ယာ ၈ ရာခိုင်နှုန်းအောက်ဟာ အရောင်းအဝယ်ဖြစ်နေကြပါတယ်။
AB InBev ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကြေညာချက်တစ်ခုမှာ“ Covid-19 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုကြောင့် ကျွန်တော်တို့ရဲ့ စီးပွားရေး အပေါ်သက်ရောက်မှုများက ဆက်လက်ဖြစ်ပေါ်နေပါတယ်။"
“ ရောဂါဖြစ်ပွားမှုက တရုတ်ရဲ့ on-premiseနဲ့ in-homeချန်နယ်တွေမှာ ဝယ်လိုအားကို သိသိသာသာ ကျဆင်းသွားစေပါတယ်။ဒါ့အပြင် တရုတ်နှစ်သစ်ကူးကာလအတွင်းမှာ ဝယ်လိုအားက ယခင်နှစ်များထက်နည်းနေပြီး၊ ဗိုင်းရပ်စ်ဖြစ်ပွားမှုနဲ့ တိုက်ဆိုင်နေပါတယ်။"
ဒီအတောအတွင်းမှာ US ရှိ Coronaက ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး လက်ရှိ ကြောက်ရွံ့မှုများကြောင့် hard seltzers အသစ်အတွက် အွန်လိုင်း ကြော်ငြာကို မသင့်လျော်ဘူးလိ့ု သတ်မှတ်ပြီး နောက်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေကြပါတယ်။
၎င်းကြော်ငြာက “coming ashore soon”နဲ့ အတူကြော်ငြာမှာဖြစ်ပါတယ်။
Coronavirus ပျံ့နှံ့ဖြစ်ပွားနေချိန်မှာ တစ်ထောင့်တစ်နေရာကနေ ကူညီအားဖြည့်ပေးတဲ့ အလှကုန်ပစ္စည်း Brand (၈)မျိုး
မည်သို့ပင်ဆိုစေကာမူ တွစ်တာ အသုံးပြုသူများက ၎င်းအခြေအနေများကြောင့် tagline ကိုမကျေမနပ် ဖြစ်နေကြပါတယ်။
လူအများက ၎င်းကြော်ငြာကို“ အလွန်ညံ့ဖျင်းသောအရသာ” "in extremely poor taste" လို့ ခေါ်ကြပြီး ကုမ္ပဏီကို“ ပိုမိုကောင်းမွန်သောလုပ်ဆောင်မှု” “do better” ပေးရန် တောင်းဆိုခဲ့ကြပါတယ်။
“ တကယ့် ကမ္ဘာ့ကျန်းမာရေး အကျပ်အတည်းကို အမြတ်ထုတ်တဲ့အတွက် ခင်ဗျားတို့ကိုရှက်တယ်။ နောက်တစ်ခါ ဘီယာဝယ်လိုက်ရင် Corona ဖြစ်မှာမဟုတ်ဘူး။"လို့ စာများရေးသားခဲ့ကြပါတယ်။
သို့သော် Brandက ဝေဖန်မှုလုံးဝမရှိခဲ့ပါဘူး။ Business Insider ကိုပြောရေးဆိုခွင့်ရှိသူတစ် ဦး က“ Corona နဲ့ ကျွန်တော်တို့ရဲ့ ကြော်ငြာက လွန်ခဲ့တဲ့ အနှစ် ၃၀ လုံးလုံးလှုပ်ရှားခဲ့သောလှုပ်ရှားမှုနဲ့ ကိုက်ညီပြီး စားသုံးသူတွေရဲ့ စိတ်ပေါ် မူတည်ပါတယ်။
"ဒီဗိုင်းရပ်စ်ပိုးကူးစက်ခံရတဲ့သူတွေကိုစာနာမိပြီး အခြေအနေကိုဆက်လက်စောင့်ကြည့်နေတုန်းမှာ ကျွန်တော်တို့ရဲ့စားသုံးသူတွေကဒီဗိုင်းရပ်စ်ပိုးနဲ့ ကျွန်တော်တို့ရဲ့စီးပွားရေး အကြားဆက်နွယ်မှုမရှိဘူးဆိုတာ ကိုနားလည်သဘောပေါက်ပါတယ်"လို့ပြောကြားခဲ့ပါတယ်။
Reference Source: Bandt
Myanmar Advertising Directory
Read times
Rate this item
(0 votes)