-->
×

Warning

JUser: :_load: Unable to load user with ID: 29


coronavirus ႏွင့္သက္ဆိုင္ေသာ မွားယြင္းတဲ့ ေၾကာ္ျငာေတြကို သတိမျပဳရန္ Consumer Ombudsmanမွ သတိေပး

Consumer Ombudsman က သူမဟာ Coronavirus ေရာဂါကူးစက္မႈကို မွားယြင္းေသာစြပ္စြဲခ်က္မ်ား ျပဳလုပ္ၿပီး အျမတ္ထုတ္ေနေသာ ကုမၸဏီမ်ား၊သံသယရွိေသာကုန္ပစၥည္းမ်ားႏွင့္ ၀န္ေဆာင္မႈမ်ားကို စားသုံးသူမ်ားထံ မလိုလားအပ္ေသာ တြန္းအားေပးေနသူမ်ားကို တားဆီးရန္ဆႏၵရွိတယ္ လိ့ု ေျပာၾကားခဲ့ပါတယ္။

Consumer Ombudsman Katri Väänänen က EUစားသုံးသူ အာဏာပိုင္မ်ားသည္ coronavirus ကူးစက္ေရာဂါျဖင့္ အလြဲသုံးစားလုပ္ျခင္းကို ေရာင္းခ်သူမ်ားက တိုက္ဖ်က္ရန္ ျပဳျပင္ေျပာင္းလဲမႈမ်ားစြာကို စတင္ခဲ့ေၾကာင္း တနလၤာေန႔က ထုတ္ျပန္ခဲ့ပါတယ္။

Finlandႏိုင္ငံရွိ အဖြဲ႕အစည္းမ်ား၊ ကုန္သည္မ်ားႏွင့္အျခားေနရာမ်ားတြင္ ကူးစက္ပ်ံ႕ႏွံ႔မႈကို အေရာင္းအ၀ယ္ အျဖစ္အသုံးခ်ၿပီး အံ့ဖြယ္ ထုတ္ကုန္မ်ား လို႔ေခၚေဝၚသုံးစြဲၾကတဲ့ အစဥ္အလာ ရွိေနပါတယ္။

ဥေရာပေကာ္မရွင္တြင္လည္း ပါ၀င္ပတ္သက္မႈရွိခဲ့ၿပီး Coronavirusႏွင့္ သက္ဆိုင္တဲ့ မွားယြင္းတဲ့ေၾကာ္ျငာေတြကို ထုတ္ေဖာ္ႏိုင္ရန္ ကုမၸဏီႀကီးမ်ား ပူးေပါင္းေဆာင္႐ြက္ရန္ ေတာင္းဆိုၾကၿပီး Facebook ၊Googleႏွင့္Finlandႏိုင္ငံမွ ေလလံတင္သည့္ Tori.fi ကဲ့သို႔ေသာ ေရာင္းခ်သူမ်ားက Covid-19 ႏွင့္သက္ဆိုင္ေသာ ေၾကာ္ျငာမ်ားကို ဖယ္ရွားပစ္ရန္ အားထုတ္မႈမ်ားကို ထုတ္ျပန္ခဲ့ပါတယ္။

 

Burger King Franceေၾကာ္ျငာတဲ့ Whopper recipe

 

Väänänenသည္ စားသုံးသူမ်ားအား အထူးသျဖင့္ ဗိုင္းရပ္စ္အေျခအေနမ်ားတြင္ မမွ်တသည့္ စီးပြားေရးလုပ္ထုံးလုပ္နည္းမ်ားကို တားျမစ္ထားသည္ကို သတိေပးရန္ႏွင့္လူမႈေရးဆိုင္ရာ
တာ၀န္မ်ားကို ထည့္သြင္းစဥ္းစားသင့္တယ္ လို႔ ထပ္မံေျပာၾကားခဲ့ပါတယ္။

"ကုမၸဏီေတြဟာ တာဝန္သိသိျဖင့္ အလုပ္လုပ္ရမွာျဖစ္ၿပီး ထူးျခားတဲ့ အေျခအေနေတြေၾကာင့္ ျဖစ္ေပၚလာတဲ့ စားသံုးသူေဖာက္သည္ေတြရဲ႕ ေၾကာက္စိတ္ကို အျမတ္ထုတ္ဖို႔ေရွာင္ၾကဥ္ရမယ္" လို႔ သူမကေရးသားခဲ့ပါတယ္။

ယခင္က Finland အမ်ိဳးသားစုံစမ္းစစ္ေဆးေရးဗ်ဴ႐ိုႏွင့္အင္တာပိုလ္တို႔သည္ လက္သန႔္ရွင္းေဆးေရာင္းသူမ်ားႏွင့္အခ်ိဳ႕ေသာ တီထြင္ထားတဲ့ တစ္ကိုယ္ေရသန႔္ရွင္းေရးပစၥည္းမ်ားကို door-to-doorစနစ္ျဖင့္ လည္းေကာင္း၊online ျဖင့္လည္းေကာင္း လိမ္လည္ၿပီး ေရာင္းခ်ဖို႔ ႀကိဳးစားျခင္းမျပဳၾကရန္ သတိေပးခဲ့ပါတယ္။

 

Advertising Agencies & Specialists (ေၾကာ္ျငာေအဂ်င္စီမ်ားႏွင့္ကၽြမ္းက်င္သူမ်ား (၄၃၈)ခုကိုရွာရန္ႏွိပ္ပါ)

 

<<<Unicode>>>

 

 

coronavirus နှင့်သက်ဆိုင်သော မှားယွင်းတဲ့ ကြော်ငြာတွေကို သတိမပြုရန် Consumer Ombudsmanမှ သတိပေး

Consumer Ombudsman က သူမဟာ Coronavirus ရောဂါကူးစက်မှုကို မှားယွင်းသောစွပ်စွဲချက်များ ပြုလုပ်ပြီး အမြတ်ထုတ်နေသော ကုမ္ပဏီများ၊သံသယရှိသောကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို စားသုံးသူများထံ မလိုလားအပ်သော တွန်းအားပေးနေသူများကို တားဆီးရန်ဆန္ဒရှိတယ် လိ့ု ပြောကြားခဲ့ပါတယ်။

Consumer Ombudsman Katri Väänänen က EUစားသုံးသူ အာဏာပိုင်များသည် coronavirus ကူးစက်ရောဂါဖြင့် အလွဲသုံးစားလုပ်ခြင်းကို ရောင်းချသူများက တိုက်ဖျက်ရန် ပြုပြင်ပြောင်းလဲမှုများစွာကို စတင်ခဲ့ကြောင်း တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။

Finlandနိုင်ငံရှိ အဖွဲ့အစည်းများ၊ ကုန်သည်များနှင့်အခြားနေရာများတွင် ကူးစက်ပျံ့နှံ့မှုကို အရောင်းအဝယ် အဖြစ်အသုံးချပြီး အံ့ဖွယ် ထုတ်ကုန်များ လို့ခေါ်ဝေါ်သုံးစွဲကြတဲ့ အစဉ်အလာ ရှိနေပါတယ်။

ဥရောပကော်မရှင်တွင်လည်း ပါဝင်ပတ်သက်မှုရှိခဲ့ပြီး Coronavirusနှင့် သက်ဆိုင်တဲ့ မှားယွင်းတဲ့ကြော်ငြာတွေကို ထုတ်ဖော်နိုင်ရန် ကုမ္ပဏီကြီးများ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုကြပြီး Facebook ၊Googleနှင့်Finlandနိုင်ငံမှ လေလံတင်သည့် Tori.fi ကဲ့သို့သော ရောင်းချသူများက Covid-19 နှင့်သက်ဆိုင်သော ကြော်ငြာများကို ဖယ်ရှားပစ်ရန် အားထုတ်မှုများကို ထုတ်ပြန်ခဲ့ပါတယ်။

 

အိန္ဒိယနိုင်ငံတွင် Coronavirusနှင့်ပတ်သက်သော သတင်းအမှားတွေကို တိုက်ဖျက်ဖို့ chatbotနှင့်news hubကို စတင်မိတ်ဆက်လိုက်တဲ့ Facebook

 

Väänänenသည် စားသုံးသူများအား အထူးသဖြင့် ဗိုင်းရပ်စ်အခြေအနေများတွင် မမျှတသည့် စီးပွားရေးလုပ်ထုံးလုပ်နည်းများကို တားမြစ်ထားသည်ကို သတိပေးရန်နှင့်လူမှုရေးဆိုင်ရာ
တာဝန်များကို ထည့်သွင်းစဉ်းစားသင့်တယ် လို့ ထပ်မံပြောကြားခဲ့ပါတယ်။

"ကုမ္ပဏီတွေဟာ တာဝန်သိသိဖြင့် အလုပ်လုပ်ရမှာဖြစ်ပြီး ထူးခြားတဲ့ အခြေအနေတွေကြောင့် ဖြစ်ပေါ်လာတဲ့ စားသုံးသူဖောက်သည်တွေရဲ့ ကြောက်စိတ်ကို အမြတ်ထုတ်ဖို့ရှောင်ကြဉ်ရမယ်" လို့ သူမကရေးသားခဲ့ပါတယ်။

ယခင်က Finland အမျိုးသားစုံစမ်းစစ်ဆေးရေးဗျူရိုနှင့်အင်တာပိုလ်တို့သည် လက်သန့်ရှင်းဆေးရောင်းသူများနှင့်အချို့သော တီထွင်ထားတဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းများကို door-to-doorစနစ်ဖြင့် လည်းကောင်း၊online ဖြင့်လည်းကောင်း လိမ်လည်ပြီး ရောင်းချဖို့ ကြိုးစားခြင်းမပြုကြရန် သတိပေးခဲ့ပါတယ်။

 

Reference Source:yle

Myanmar Advertising Directory

 

 
Read times
Rate this item
(0 votes)