-->
×

Warning

JUser: :_load: Unable to load user with ID: 29


မိသားစုနဲ့ အတူကြည့်သင့်တဲ့ Onward ဇာတ်ကား

အခုဆိုရင္ေတာ့ ပိတ္ရက္မွာ Stay Home ရင္းၾကည့္လို႔ရမည့္ဇာတ္ကားေလးတစ္ကားကို ပရိသတ္ႀကီးကိုၫႊန္းေပးခ်င္ပါတယ္။ဒီဇာတ္ကားေလးကေတာ့ အျခားဇာတ္ကားမဟုတ္ပါဘူး Onward ဆိုတဲ့ ဇာတ္ကားပါ ထိုဇာတ္ကားထဲမွာေတာ့ ခ်စ္စရာ ကာတြန္းဇာတ္ေကာင္ ခပ္ျပာျပာနား႐ြက္ကားကားေလးနဲ႔ နတ္သူငယ္ေကာင္ေလးေတြပါဝင္ပါတယ္။

ဒီဇာတ္ကားေလးဟာ Animation ( အ႐ုပ္မ်ားကို လႈပ္ရွား သက္ဝင္ႏိုင္ေသာ နည္းပညာ ) ျဖင့္႐ုိက္ကူးထားၿပီး မိသားစုႏွင့္ အထူးသျဖင့္ ကေလးသူငယ္မ်ားႏွင့္ ၾကည့္ရန္ အထူးသင့္ေတာ္ပါသည္။

 

ဇာတ္ကားၾကာခ်ိန္ ၁ နာရီနဲ႔ ၄၂ မိနစ္ပါၾကာျမင့္ပါတယ္ သို႔ေပမဲ့ မပ်င္းရပါဘူး ပထမ ဇာတ္ဝင္ခန္း ၁၅ မိနစ္နဲ႔တင္သင္ဇာတ္ရွိန္တက္သြားေစမွာပါ။

 

Onward ဟာ Pixar Animation Studios နဲ႔ Walt Disney Pictures တို႔ပူးေပါင္း တင္ဆက္ထားတဲ့ဇာတ္ကားေလးပါ။

 

ဇာတ္ကား ထုတ္လုပ္တဲ့ ရက္က ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၉ ရက္ေန႔က ျဖစ္ၿပီး ဒါ႐ိုက္တာ Dan Scanlon က ႐ိုက္ကူးထားပါတယ္။

 

Box office မွာ ၁ဝဝဝ မီလီယံ ေက်ာ္ရရွိထားကာ ဇာတ္ကား အတြက္ကုန္က် ေငြက ၂၀၀ မီလီယံပါ အေတာ္ေလး အျမတ္အစြန္းရရွိထားတဲ့ ဇာတ္ကားေလးပါပဲ။

 

ထိုဇာတ္ကားထဲတြင္ ပါဝင္တဲ့ အသံသ႐ုပ္ေဆာင္ေတြကေတာ့ တကယ့္ဒိတ္ဒိတ္က်ဲေတြပါပဲ Barley Lightfoot အျဖစ္ Chris Pratt ( Marvel မွ Star lord ) , Ian Lightfoot အျဖစ္ Tom Holland ( Marvel မွ Spiderman ) , Laurel Lightfoot အျဖစ္ Julia Louis-Dreyfus ႏွင့္ The Manticore အျဖစ္ Octavia Spencer ပါဝင္ၿပီး အျခား အႏုပညာရွင္မ်ားစြာ အသံသ႐ုပ္ေဖာ္ အားျဖည့္ကာ ဇာတ္ကားထဲတြင္ပါဝင္ထားပါတယ္။

 

Onward ဇာတ္ကားေလးက IMDb rating 7.5 ရရွိထားၿပီး , Rotten Tomatoes မွ 88 % rating ရရွိထားပါတယ္ ထို႔အျပင္ Google users မ်ားရဲ႕89 % က Onward ဇာတ္ကားေလးကို ႏွစ္သက္ၾကပါတယ္။

 

Onward ဇာတ္ကားအၫႊန္း - ဇာတ္ကားေလး ဇာတ္အိမ္တည္ထားပုံက ေမွာ္ဆန္တဲ့ နတ္သူငယ္ ဆယ္ေက်ာ္သက္ ညီအကို ႏွစ္ေယာက္ဟာ ေပ်ာက္ဆုံးေနတဲ့ သူတို႔ ဖခင္ကို လိုက္လံရွာေဖြျခင္းျဖင့္ ဟာသဆန္ဆန္ အလြဲေလးမ်ားနဲ႔ ဇာတ္အိမ္တည္ထားပါတယ္။

 

Spoiler Alert

-----------

 

နတ္သူငယ္ ဆယ္ေက်ာ္သက္အ႐ြယ္ေလးေတြ ျဖစ္တဲ့ Ian နဲ႔ Barley တို႔ ညီအကို ႏွစ္ဦးသားသာ အငယ္ဆုံးေလး Ian ရဲ႕ 16 ႏွစ္ျပည့္ ေမြးေန႔မွာ သူတို႔ မိခင္ထံမွ သူတို႔ ဖခင္ မဆုံးပါးခင္ သူ႔သားႏွစ္ေယာက္လုံး ၁၆ ႏွစ္ ျပည့္ၿပီးသြားလွ်င္ေပးဖို႔ မွာခဲ့တဲ့ သစ္သားကိုင္း ေလးကို Ian နဲ႔ Barley တို႔ကို Ian ေမြးေန႔မွာ အေမက လက္ေဆာင္ထုတ္ေပးခဲ့ပါတယ္။

 

Ian နဲ႔ Barley က ထို သစ္ကိုင္းေလးမွာ ေမွာ္ႏွင္တံ ျဖစ္ေၾကာင္းသူတို႔ဖခင္မွာ အစြမ္းရွိတဲ့ ေမွာ္ဆရာျဖစ္ေၾကာင္း သူတို႔ မိခင္ကိုေျပာျပတဲ့ အခါမွာ မိခင္ျဖစ္သူက ရယ္လ်က္ သူတို႔ ဖခင္မွာ သာမန္ စာရင္းကိုင္တစ္ဦးသာ ျဖစ္ေၾကာင္းေျပာၾကားခဲ့ပါတယ္။

 

Ian နဲ႔ Barley ဟာ သူတို႔ အသိစိတ္ထဲမွာေတာ့ ထို ေမွာ္ႏွင္တံကို အသုံးျပဳဖို႔ စိတ္ႏွစ္လုံးသာရခဲ့ရင္သူတို႔ဖခင္ကို သူတို႔ျပန္လည္ရရွိမွာပါ။

 

ပထမ စိန္ပြင့္ေလးဟာ ႀကိဳးစားရွာေဖြေတာ့ လြယ္ကူစြာသူတို႔ ရွာႏိုင္ခဲ့ပါတယ္သို႔ေပမဲ့ ထိုစိန္တစ္လုံးကို ေမွာ္ႏွင္တံမွာတပ္ ေမွာ္ဂါထာ႐ြက္ဆိုလိုက္စဥ္ သူတို႔ ႏွစ္ဦးဟာ သူတို႔ ဖခင္ရဲ႕ ေအာက္ပိုင္းေျခေထာက္ကိုသာ သက္ဝင္လႈပ္ရွားေနတဲ့ အေနျဖင့္ေမွာ္ဆန္စြာ ျပန္ရရွိတာပါ။

 

ဒီေတာ့ ေမွာ္ႏွင္တံ ထိပ္တက္ဖို႔ စိန္ပြင့္ေလးကို သူတို႔ ဖခင္ရဲ႕ အေပၚပိုင္းကို ရရွိဖို႔ လုပ္ေဆာင္ရပါေတာ့မယ္ ဒါ့ေၾကာင့္ ညီအကို ႏွစ္ဦးသားဟာ ဖခင္ရဲ႕ ေျခေထာက္ေအာက္ပိုင္းႏွင့္အတူ သူတို႔ဖခင္ကို ျပန္ေခၚဖို႔ ေမွာ္ႏွင္တံမွာ ေနာက္ဆုံးတပ္ဆင္ရမည့္ စိန္ပြင့္ေလးကိုစြန္႔စားခရီးထြက္ကာ လိုက္ရွာရပါေတာ့တယ္။

 

ဇာတ္ကား တစ္ေလွ်ာက္မွာ သူတို႔ဖခင္ကို လြမ္းပုံေတြ ၊ ဖခင္မရွိပဲ ႀကီးလာခဲ့ ရပုံေတြ ကို သနားစရာေကာင္းစြာ သူတို႔ ခံစားခ်က္ေလးေတြကို ျမင္ေတြ႕ရမည့္အျပင္ ဆယ္ေက်ာ္သက္တို႔ရဲ႕ စြန္႔စားခန္းေလးေတြ အလြဲ အေခ်ာ္လုပ္မႈေတြကို ျမင္ရေတြ႕ရမွာပါ

ထိုၾကားထဲမွာမွ ရယ္ေမာ ေပ်ာ္႐ႊင္စရာေလးေတြပါ ပါဝင္လာမွာမို႔ ဒီဇာတ္ကားေလးဟာ ယခုလို ပိတ္ရက္မွာ သင့္မိသားစုႏွင့္အတူ အခ်ိန္ေပးၾကည့္တန္တဲ့ ဇာတ္ကားေကာင္းတစ္ကားပါ။

 

 

Mahar Mobile Application မှ ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကား ၂၀၀၀ ကျော် တစ်လတာ အခမဲ့ ပြသမည့်ကိစ္စ တွေ့ဆုံဆွေးနွေး

 

<<< Unicode >>>

 

မိသားစုနဲ့ အတူကြည့်သင့်တဲ့ Onward ဇာတ်ကား

-------------------------------

 

အခုဆိုရင်တော့ ပိတ်ရက်မှာ Stay Home ရင်းကြည့်လို့ရမည့်ဇာတ်ကားလေးတစ်ကားကို ပရိသတ်ကြီးကိုညွှန်းပေးချင်ပါတယ်။

 

ဒီဇာတ်ကားလေးကတော့ အခြားဇာတ်ကားမဟုတ်ပါဘူး Onward ဆိုတဲ့ ဇာတ်ကားပါ ထိုဇာတ်ကားထဲမှာတော့ ချစ်စရာ ကာတွန်းဇာတ်ကောင် ခပ်ပြာပြာနားရွက်ကားကားလေးနဲ့ နတ်သူငယ်ကောင်လေးတွေပါဝင်ပါတယ်။

 

ဒီဇာတ်ကားလေးဟာ Animation ( အရုပ်များကို လှုပ်ရှား သက်ဝင်နိုင်သော နည်းပညာ ) ဖြင့်ရုိက်ကူးထားပြီး မိသားစုနှင့် အထူးသဖြင့် ကလေးသူငယ်များနှင့် ကြည့်ရန် အထူးသင့်တော်ပါသည်။

 

ဇာတ်ကားကြာချိန် ၁ နာရီနဲ့ ၄၂ မိနစ်ပါကြာမြင့်ပါတယ် သို့ပေမဲ့ မပျင်းရပါဘူး ပထမ ဇာတ်ဝင်ခန်း ၁၅ မိနစ်နဲ့တင်သင်ဇာတ်ရှိန်တက်သွားစေမှာပါ။

 

Onward ဟာ Pixar Animation Studios နဲ့ Walt Disney Pictures တို့ပူးပေါင်း တင်ဆက်ထားတဲ့ဇာတ်ကားလေးပါ။

 

ဇာတ်ကား ထုတ်လုပ်တဲ့ ရက်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့က ဖြစ်ပြီး ဒါရိုက်တာ Dan Scanlon က ရိုက်ကူးထားပါတယ်။

 

Box office မှာ ၁ဝဝဝ မီလီယံ ကျော်ရရှိထားကာ ဇာတ်ကား အတွက်ကုန်ကျ ငွေက ၂၀၀ မီလီယံပါ အတော်လေး အမြတ်အစွန်းရရှိထားတဲ့ ဇာတ်ကားလေးပါပဲ။

 

ထိုဇာတ်ကားထဲတွင် ပါဝင်တဲ့ အသံသရုပ်ဆောင်တွေကတော့ တကယ့်ဒိတ်ဒိတ်ကျဲတွေပါပဲ Barley Lightfoot အဖြစ် Chris Pratt ( Marvel မှ Star lord ) , Ian Lightfoot အဖြစ် Tom Holland ( Marvel မှ Spiderman ) , Laurel Lightfoot အဖြစ် Julia Louis-Dreyfus နှင့် The Manticore အဖြစ် Octavia Spencer ပါဝင်ပြီး အခြား အနုပညာရှင်များစွာ အသံသရုပ်ဖော် အားဖြည့်ကာ ဇာတ်ကားထဲတွင်ပါဝင်ထားပါတယ်။

 

Onward ဇာတ်ကားလေးက IMDb rating 7.5 ရရှိထားပြီး , Rotten Tomatoes မှ 88 % rating ရရှိထားပါတယ် ထို့အပြင် Google users များရဲ့89 % က Onward ဇာတ်ကားလေးကို နှစ်သက်ကြပါတယ်။

 

Onward ဇာတ်ကားအညွှန်း - ဇာတ်ကားလေး ဇာတ်အိမ်တည်ထားပုံက မှော်ဆန်တဲ့ နတ်သူငယ် ဆယ်ကျော်သက် ညီအကို နှစ်ယောက်ဟာ ပျောက်ဆုံးနေတဲ့ သူတို့ ဖခင်ကို လိုက်လံရှာဖွေခြင်းဖြင့် ဟာသဆန်ဆန် အလွဲလေးများနဲ့ ဇာတ်အိမ်တည်ထားပါတယ်။

 

Spoiler Alert

------------

 

နတ်သူငယ် ဆယ်ကျော်သက်အရွယ်လေးတွေ ဖြစ်တဲ့ Ian နဲ့ Barley တို့ ညီအကို နှစ်ဦးသားသာ အငယ်ဆုံးလေး Ian ရဲ့ 16 နှစ်ပြည့် မွေးနေ့မှာ သူတို့ မိခင်ထံမှ သူတို့ ဖခင် မဆုံးပါးခင် သူ့သားနှစ်ယောက်လုံး ၁၆ နှစ် ပြည့်ပြီးသွားလျှင်ပေးဖို့ မှာခဲ့တဲ့ သစ်သားကိုင်း လေးကို Ian နဲ့ Barley တို့ကို Ian မွေးနေ့မှာ အမေက လက်ဆောင်ထုတ်ပေးခဲ့ပါတယ်။

 

Ian နဲ့ Barley က ထို သစ်ကိုင်းလေးမှာ မှော်နှင်တံ ဖြစ်ကြောင်းသူတို့ဖခင်မှာ အစွမ်းရှိတဲ့ မှော်ဆရာဖြစ်ကြောင်း သူတို့ မိခင်ကိုပြောပြတဲ့ အခါမှာ မိခင်ဖြစ်သူက ရယ်လျက် သူတို့ ဖခင်မှာ သာမန် စာရင်းကိုင်တစ်ဦးသာ ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

 

Ian နဲ့ Barley ဟာ သူတို့ အသိစိတ်ထဲမှာတော့ ထို မှော်နှင်တံကို အသုံးပြုဖို့ စိတ်နှစ်လုံးသာရခဲ့ရင်သူတို့ဖခင်ကို သူတို့ပြန်လည်ရရှိမှာပါ။

 

ပထမ စိန်ပွင့်လေးဟာ ကြိုးစားရှာဖွေတော့ လွယ်ကူစွာသူတို့ ရှာနိုင်ခဲ့ပါတယ်သို့ပေမဲ့ ထိုစိန်တစ်လုံးကို မှော်နှင်တံမှာတပ် မှော်ဂါထာရွက်ဆိုလိုက်စဥ် သူတို့ နှစ်ဦးဟာ သူတို့ ဖခင်ရဲ့ အောက်ပိုင်းခြေထောက်ကိုသာ သက်ဝင်လှုပ်ရှားနေတဲ့ အနေဖြင့်မှော်ဆန်စွာ ပြန်ရရှိတာပါ။

 

ဒီတော့ မှော်နှင်တံ ထိပ်တက်ဖို့ စိန်ပွင့်လေးကို သူတို့ ဖခင်ရဲ့ အပေါ်ပိုင်းကို ရရှိဖို့ လုပ်ဆောင်ရပါတော့မယ် ဒါ့ကြောင့် ညီအကို နှစ်ဦးသားဟာ ဖခင်ရဲ့ ခြေထောက်အောက်ပိုင်းနှင့်အတူ သူတို့ဖခင်ကို ပြန်ခေါ်ဖို့ မှော်နှင်တံမှာ နောက်ဆုံးတပ်ဆင်ရမည့် စိန်ပွင့်လေးကိုစွန့်စားခရီးထွက်ကာ လိုက်ရှာရပါတော့တယ်။

 

ဇာတ်ကား တစ်လျှောက်မှာ သူတို့ဖခင်ကို လွမ်းပုံတွေ ၊ ဖခင်မရှိပဲ ကြီးလာခဲ့ ရပုံတွေ ကို သနားစရာကောင်းစွာ သူတို့ ခံစားချက်လေးတွေကို မြင်တွေ့ရမည့်အပြင် ဆယ်ကျော်သက်တို့ရဲ့ စွန့်စားခန်းလေးတွေ အလွဲ အချော်လုပ်မှုတွေကို မြင်ရတွေ့ရမှာပါ။

ထိုကြားထဲမှာမှ ရယ်မော ပျော်ရွှင်စရာလေးတွေပါ ပါဝင်လာမှာမို့ ဒီဇာတ်ကားလေးဟာ ယခုလို ပိတ်ရက်မှာ သင့်မိသားစုနှင့်အတူ အချိန်ပေးကြည့်တန်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။

 

 

Myanmar Advertising Directory 

 

Read times
Rate this item
(0 votes)