-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်ရဲ့ကံကောင်းမှုတွေကို အနမ်းတစ်ပွင့်နှင့် ဖလှယ်လိုက်ရသော အခါ ........

ဒီ Just My Luck (2006) ဇာတ္​ကား​ေလးက​ေတာ့ ၂၀၀၆ ကထြက္​႐ွိခဲ့တဲ့ American Rom-Com (အ​ေမရိကန္​ အခ်စ္​ဟာသ) ဇာတ္​ျမဴး​ေလးျဖစ္​ပါတယ္​။

၂၀၀၆ကထြက္​လို႔ ​ေဟာင္​း​ေနၿပီ​ေတာ့မထင္​ပါနဲ႔​ေနာ္​။ IMDB rating ကလည္​း 5.4 ပဲ႐ွိတယ္​ဆိုၿပီး အထင္​​ေတာ့မ​ေသးလိုက္​နဲ႔​ေနာ္​။ rating သိပ္​မ​ေကာင္​း​ေပမယ္​့ ​ေတာ္​​ေတာ္​ရယ္​ရတဲ့ဇာတ္​ကား​ေလးပါ။

 

PG-13 rate မို႔ 13 ႏွစ္​ျပည္​့ၿပီးတာနဲ႔ လြတ္​လြတ္​လပ္​လပ္​ၾကည္​့လို႔ရပါတယ္​လို႔။ဒီကား​ေလးထဲမွာ​ေတာ့ ကၽြန္မတို႔ အသည္​း​ေက်ာ္ေလး Chris Pine က အဓိကသ႐ုပ္​​ေဆာင္​ထားၿပီး

 

မင္​းသမီးအ​ေနနဲ႔က​ေတာ့ နာမည္​​ေက်ာ္​ Lindsay Lohan ေလးလည္​းပါဝင္​တာ​မို႔ fan ​ေတြအ​ေနနဲ႔​ေတာ့ လက္​မလႊတ္​သင္​့တဲ့ကား​ေလးတစ္​ကားပါပဲ​ေနာ္​။

 

သူတို႔အျပင္​ Faizon Love, Missi Pyle စတဲ့သ႐ုပ္​​ေဆာင္​မ်ားလည္​း ပါဝင္​အားျဖည္​့ထားပါတယ္။

 

ဒါ႐ိုက္​တာက​ေတာ့ How to lose a guy in 10 days ဇာတ္​ကားကို႐ုိက္​ကူးထားတဲ့ ဒါ႐ိုက္​တာ Donald Petrie ကိုယ္​တိုင္​႐ိုက္​ကူးထားတာပါ။
(How to lose a guy in 10 daysလည္းကားေကာင္းပါရွင္)

 

ဇာတ္​ၫႊန္​းကို​ေတာ့ I.Merlene King, Amy B. Harris တို႔က​ေရးသား​ေပးထားပါတယ္​။

 

ဒီကား​ေလးကို Regency Enterprises, Cheyenne Enterprises နဲ႔ Silvercup studios တို႔က ထုတ္​လုပ္​ထားၿပီး ျဖန္​႔ခ်ိ​ေရးကို​ေတာ့ နာမည္​​ေက်ာ္​ 20th Century Fox က ျဖန္​႔ခ်ိထားပါတယ္​။

 

ဇာတ္​ကားၾကာခ်ိန္​က​ေတာ့ စုစု​ေပါင္​း ၁၀၈မိနစ္​ၾကာျမင္​့ၿပီး ၂၀၀၆ ခုႏွစ္​ ​ေမလ၁၂ရက္​​ေန႔မွာ ျဖန္​႔ခ်ိခဲ့ပါတယ္​။(၂၀၀၆ က ဇာတ္​ကားမို႔ Pine က က​ေလး႐ုပ္​​ေပါက္​​ေကာင္​း​ေပါက္​​ေနလိမ္​့မည္​- ဤကားစကားခ်ပ္​)

 

ဆယ္ေက်ာ္သက္ေတြအတြက္ ရည္ရြယ္ပါတယ္ရွင္ ?? စိတ္ကူးယဥ္လို႔ေကာင္းတဲ့ကားေလးပါ။ဒီဇာတ္လမ္းရဲ႕ ျဖစ္တည္မႈ႔ေလးရဲ႕အဓိကေသာ့ခ်က္ဟာ K ... I ... S... S... I...N... G ? ပါ။

 

Alert ; သင့္အနမ္းတစ္ပြင့္ေၾကာင့္ သင့္ရဲ႕ကံေကာင္းမႈ့ေတြအားလံုးကို အျခားသူလက္ထဲထည့္ေပးလိုက္ရဖူးပါသလား !!! ??????

 

ကဲလာပါၿပီ အခု ဒီ Just my love ကားထဲမွာေတာ့ Ashley (Lindsay Lohan) ဟာကံအရမ္းေကာင္းၿပီး Good Luck Charm ရွိတဲ့ အသက္ငယ္ငယ္ေကာင္မေလးတစ္ေယာက္ပါ အရာရာအဆင္ေျပေနနဲ႔ ပန္းေလးတပြင့္လိုလန္းဆန္းေနတဲ့မိန္းမပ်ိဳေလးေပါ့ရွင္ ?

 

ဇာတ္လမ္းအစမွာ စားေသာက္ဆိုင္ တခုမွာေတာက္တိုမယ္ရသန္႔ရွင္းေရး စတိတ္ဆင္တီးဝိုင္းဆိုင္ရာ Audio ႀကိဳးတပ္သမားေလးအျဖစ္လုပ္တဲ့ Jake (Chris Pine) ဟာ ကံဆိုးမႈ႔ေတြအားလံုးဟာသူဆီမွာပဲ အေဖာ္ျပဳကိန္းေအာင္းေနတဲ့ အလြဲအလြဲအေခ်ာ္ေခ်ာ္ေတြ ခဏခဏျဖစ္တဲ့ ေကာင္ေလးပါ☔️

 

ဒီကား​ေလးကို​ေတာ့ Manhattan မွာအ​ေျခတည္​ၿပီး ဇာတ္​အိမ္​ဖြဲ႔႐ိုက္​ကူးထားတဲ့ကား​ေလးျဖစ္​ပါတယ္​။

 

Manhattan သူ​ေလး Ashley Albright (Lindsay Lohan) ဟာ သူမဘဝတစ္​​ေလ်ွာက္​လံုးမွာ ဘာလုပ္​လုပ္​အဆင္​​ေျပၿပီး ကံအရမ္​း​ေကာင္​းတယ္​လို႔နာမည္​ႀကီးတဲ့မိန္​းမလွ​ေလးတစ္​​ေယာက္​ပါ။

 

တစ္ဖက္မွာေတာ့ သူမနဲ႔ဆန္႔က်င္ဖက္ေကာင္ေလးျဖစ္တဲ့ Jake Hardin (Chris Pine) က​ေတာ့ 'ကံဆိုးမသြားရာ မိုးလိုက္​လို႔ရြာ' ဆိုတဲ့အတိုင္​းပဲ ဘာလုပ္​လုပ္​အဆင္​မ​ေျပတဲ့ ​ေမာင္​ကံဆိုး​ေလး​ေပါ့။

 

Lindsey Lohan က Ashley အျဖစ္သ႐ုပ္ေဆာင္ထားပါတယ္ ။Chris Pine ဟာ Jake အျဖစ္သ႐ုပ္ေဆာင္ထားပါတယ္။

 

တစ္​​ေန႔မွာ​ေတာ့ Jake ဟာ သူ႔အလုပ္ဝင္လုပ္တဲ့ဆိုင္က Audio ႀကိဳးအတပ္အျဖဳတ္လုပ္ေပးေနက် အဆိုေတြေလးေတြရဲ႕အေခြကို ထုတ္လုပ္သူစီးပြား​ေရးသမားတစ္​​ေယာက္​နဲ႔ ပူး​ေပါင္​းအလုပ္​လုပ္​ဖို႔ႀကိဳးစား​ေနတုန္​း ထံုးစံအတိုင္​း အလြဲလြဲအ​ေခ်ာ္​​ေခ်ာ္​​ေတြျဖစ္​ၿပီး အလုပ္​ျပဳတ္​သြားခဲ့ပါတယ္​??‍♀️

 

Ashley ကလည္​း မ်က္​ႏွာဖံုးစြပ္​ၿပီးတက္​ရတဲ့ ပါတီပြဲတစ္ခုကိုစီစဥ္​​ေနၿပီး ဒီပါတီအ​ေၾကာင္​းကို Jake ကၾကားသြားခဲ့ပါတယ္​။ ဒီပါတီပြဲကို နာမည္​ႀကီးစီးပြား​ေရးသမား​ထုတ္လုပ္သူႀကီးလည္​းတက္​မွာမို႔ Jake တစ္​​ေယာက္​ ပါတီပြဲတက္​ရဖို႔ႀကိဳးစားပါ​ေတာ့တယ္​?

 

အကသမားအ​ေယာင္​​ေဆာင္​ၿပီးပါတီပြဲကိုတက္​ခြင္​့ရခဲ့တဲ့ Jake ဟာ စီးပြားေရးသမားေနာက္လိုက္ရင္း Vip ေတြသာသြားရမဲ့ေနရာေရာက္တဲ့အခ်ိန္မွာ ဆက္မသြားရေတာ့မဲ့အတူတူလူေတြေရွ႕မထူးဘူးဆိုေခ်ာ္လဲေရာထိုင္လုပ္ခါ Ashley ကို ကဖို႔ လက္ကမ္းခဲ့ပါေတာ့တယ္ ?

 

Ashley ကလဲ သူ႔ကို တားေရာ့ ကံၾကမၼာၾကည့္သူကဒီညကံေတြေျပာင္းလဲေတာ့မယ္သတိေပးထားရက္နဲ႔ Jake နဲ႔တြဲကပါေတာ့တယ္ ?

 

No photo description available.

 

ကေနရင္းကေနပဲ မ်က္ႏွာဖံုးကိုယ္ဆီနဲ႔မို႔ မ်က္လံုးေလး ေတြသာျမင္ရေပမဲ့ မေတာ္တဆေတြ႕တာေပမဲ့လည္း လူငယ္ေတြပီပီ Jake ဟာ Ashley ေလးကို အနမ္းေလးတပြင့္ ေႁခြလိုက္မိပါေတာ့တယ္ ထိုအခ်ိန္မွာ ၾကယ္ေတြေၾကြကာ ကံတရားေတြဟာ ေဗ်ာင္းျပန္ျဖစ္သြားခဲ့ပါေတာ့တယ္ ?

 

ထိုအနမ္းေလးဟာ ထိုညေလးအတြက္ ေမွာ္ဆန္တဲ့ အနမ္းေလး တပြင့္ေပါ့ရွင္ ?ကံတရားဟာလံုးဝတစ္ပတ္လည္သြားခဲ့ပါၿပီ ?

 

Ashley တစ္​​ေယာက္ ​မယ္​ကံ​ေကာင္​းေလးဘဝကေန မယ္​ကံဆိုးဘဝကို ​ေျပာင္​းသြားတဲ့အခါ၊ Jake တစ္​​ေယာက္​ 'ကံဆိုးမသြားရာ၊မိုးလိုက္​လို႔ရြာ'တဲ့ဘဝကလြတ္​သြားတဲ့အခါ ျဖစ္​လာမယ္​့ ျဖစ္​ရပ္​​​ေတြအလြဲ​ေတြကိုၾကည္​့ရမယ္​့အျပင္​ ႏွစ္​​ေယာက္​သားျပန္​​ေတြ႔ၿပီး ျပန္အနမ္းေႁခြကာ ကံခ်င္​းျပန္​ဖလွယ္​ႏိုင္​ပါ့မလားဆိုတာကို ​​ေစာင္​့ၾကည္​့ရမယ္​့ဇာတ္​ကားေလးျဖစ္​ပါတယ္ ......

 

ဇာတ္​ကားေလးက typical love story လိုမ်ိဳး​ေပမယ္​့ မပ်င္​းရ​ေအာင္​ ၾကားထဲမွာ ဟာသ​ေလး​ေတြ အလြဲ​ေလး​ေတြပါ ထည္​့​ေပးထားတာမို႔ ​ေပ်ာ္​​ေပ်ာ္​ပါးပါးၾကည္​့႐ႈ႕ႏိုင္​တဲ့ ဇာတ္​ကား​ေလးတစ္​ကားျဖစ္​မယ္လို႔ အာမခံပါတယ္ ။

 

 

<<< Unicode >>>

 

သင့်ရဲ့ကံကောင်းမှုတွေကို အနမ်းတစ်ပွင့်နှင့် ဖလှယ်လိုက်ရသော အခါ ........

------------------------

 

ဒီ Just My Luck (2006) ဇာတ်ကားလေးကတော့ ၂၀၀၆ ကထွက်ရှိခဲ့တဲ့ American Rom-Com (အမေရိကန် အချစ်ဟာသ) ဇာတ်မြူးလေးဖြစ်ပါတယ်။

 

၂၀၀၆ကထွက်လို့ ဟောင်းနေပြီတော့မထင်ပါနဲ့နော်။ IMDB rating ကလည်း 5.4 ပဲရှိတယ်ဆိုပြီး အထင်တော့မသေးလိုက်နဲ့နော်။ rating သိပ်မကောင်းပေမယ့် တော်တော်ရယ်ရတဲ့ဇာတ်ကားလေးပါ။

 

PG-13 rate မို့ 13 နှစ်ပြည့်ပြီးတာနဲ့ လွတ်လွတ်လပ်လပ်ကြည့်လို့ရပါတယ်လို့။ဒီကားလေးထဲမှာတော့ ကျွန်မတို့ အသည်းကျော်လေး Chris Pine က အဓိကသရုပ်ဆောင်ထားပြီး

 

မင်းသမီးအနေနဲ့ကတော့ နာမည်ကျော် Lindsay Lohan လေးလည်းပါဝင်တာမို့ fan တွေအနေနဲ့တော့ လက်မလွှတ်သင့်တဲ့ကားလေးတစ်ကားပါပဲနော်။

 

သူတို့အပြင် Faizon Love, Missi Pyle စတဲ့သရုပ်ဆောင်များလည်း ပါဝင်အားဖြည့်ထားပါတယ်။

 

ဒါရိုက်တာကတော့ How to lose a guy in 10 days ဇာတ်ကားကိုရိုက်ကူးထားတဲ့ ဒါရိုက်တာ Donald Petrie ကိုယ်တိုင်ရိုက်ကူးထားတာပါ။(How to lose a guy in 10 daysလည်းကားကောင်းပါရှင်)

 

ဇာတ်ညွှန်းကိုတော့ I.Merlene King, Amy B. Harris တို့ကရေးသားပေးထားပါတယ်။

 

ဒီကားလေးကို Regency Enterprises, Cheyenne Enterprises နဲ့ Silvercup studios တို့က ထုတ်လုပ်ထားပြီး ဖြန့်ချိရေးကိုတော့ နာမည်ကျော် 20th Century Fox က ဖြန့်ချိထားပါတယ်။

 

ဇာတ်ကားကြာချိန်ကတော့ စုစုပေါင်း ၁၀၈မိနစ်ကြာမြင့်ပြီး ၂၀၀၆ ခုနှစ် မေလ၁၂ရက်နေ့မှာ ဖြန့်ချိခဲ့ပါတယ်။(၂၀၀၆ က ဇာတ်ကားမို့ Pine က ကလေးရုပ်ပေါက်ကောင်းပေါက်နေလိမ့်မည်- ဤကားစကားချပ်)

 

ဆယ်ကျော်သက်တွေအတွက် ရည်ရွယ်ပါတယ်ရှင် ?? စိတ်ကူးယဉ်လို့ကောင်းတဲ့ကားလေးပါ ဒီဇာတ်လမ်းရဲ့ ဖြစ်တည်မှု့လေးရဲ့အဓိကသော့ချက်ဟာ K ... I ... S... S... I...N... G ? ပါ

 

Alert ; သင့်အနမ်းတစ်ပွင့်ကြောင့် သင့်ရဲ့ကံကောင်းမှု့တွေအားလုံးကို အခြားသူလက်ထဲထည့်ပေးလိုက်ရဖူးပါသလား !!! ??????

 

ကဲလာပါပြီ အခု ဒီ Just my love ကားထဲမှာတော့ Ashley (Lindsay Lohan) ဟာကံအရမ်းကောင်းပြီး Good Luck Charm ရှိတဲ့ အသက်ငယ်ငယ်ကောင်မလေးတစ်ယောက်ပါ အရာရာအဆင်ပြေနေနဲ့ ပန်းလေးတပွင့်လိုလန်းဆန်းနေတဲ့မိန်းမပျိုလေးပေါ့ရှင် ?

 

ဇာတ်လမ်းအစမှာ စားသောက်ဆိုင် တခုမှာတောက်တိုမယ်ရသန့်ရှင်းရေး စတိတ်ဆင်တီးဝိုင်းဆိုင်ရာ Audio ကြိုးတပ်သမားလေးအဖြစ်လုပ်တဲ့ Jake (Chris Pine) ဟာ ကံဆိုးမှု့တွေအားလုံးဟာသူဆီမှာပဲ အဖော်ပြုကိန်းအောင်းနေတဲ့ အလွဲအလွဲအချော်ချော်တွေ ခဏခဏဖြစ်တဲ့ ကောင်လေးပါ☔️

 

ဒီကားလေးကိုတော့ Manhattan မှာအခြေတည်ပြီး ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ်။

 

Manhattan သူလေး Ashley Albright (Lindsay Lohan) ဟာ သူမဘဝတစ်လျှောက်လုံးမှာ ဘာလုပ်လုပ်အဆင်ပြေပြီး ကံအရမ်းကောင်းတယ်လို့နာမည်ကြီးတဲ့မိန်းမလှလေးတစ်ယောက်ပါ။

 

တစ်ဖက်မှာတော့ သူမနဲ့ဆန့်ကျင်ဖက်ကောင်လေးဖြစ်တဲ့ Jake Hardin (Chris Pine) ကတော့ 'ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ' ဆိုတဲ့အတိုင်းပဲ ဘာလုပ်လုပ်အဆင်မပြေတဲ့ မောင်ကံဆိုးလေးပေါ့။

 

Lindsey Lohan က Ashley အဖြစ်သရုပ်ဆောင်ထားပါတယ် ။Chris Pine ဟာ Jake အဖြစ်သရုပ်ဆောင်ထားပါတယ်။

 

တစ်နေ့မှာတော့ Jake ဟာ သူ့အလုပ်ဝင်လုပ်တဲ့ဆိုင်က Audio ကြိုးအတပ်အဖြုတ်လုပ်ပေးနေကျ အဆိုတွေလေးတွေရဲ့အခွေကို ထုတ်လုပ်သူစီးပွားရေးသမားတစ်ယောက်နဲ့ ပူးပေါင်းအလုပ်လုပ်ဖို့ကြိုးစားနေတုန်း ထုံးစံအတိုင်း အလွဲလွဲအချော်ချော်တွေဖြစ်ပြီး အလုပ်ပြုတ်သွားခဲ့ပါတယ်??‍♀️

 

Ashley ကလည်း မျက်နှာဖုံးစွပ်ပြီးတက်ရတဲ့ ပါတီပွဲတစ်ခုကိုစီစဉ်နေပြီး ဒီပါတီအကြောင်းကို Jake ကကြားသွားခဲ့ပါတယ်။ ဒီပါတီပွဲကို နာမည်ကြီးစီးပွားရေးသမားထုတ်လုပ်သူကြီးလည်းတက်မှာမို့ Jake တစ်ယောက် ပါတီပွဲတက်ရဖို့ကြိုးစားပါတော့တယ်?

 

အကသမားအယောင်ဆောင်ပြီးပါတီပွဲကိုတက်ခွင့်ရခဲ့တဲ့ Jake ဟာ စီးပွားရေးသမားနောက်လိုက်ရင်း Vip တွေသာသွားရမဲ့နေရာရောက်တဲ့အချိန်မှာ ဆက်မသွားရတော့မဲ့အတူတူလူတွေရှေ့မထူးဘူးဆိုချော်လဲရောထိုင်လုပ်ခါ Ashley ကို ကဖို့ လက်ကမ်းခဲ့ပါတော့တယ် ?

 

Ashley ကလဲ သူ့ကို တားရော့ ကံကြမ္မာကြည့်သူကဒီညကံတွေပြောင်းလဲတော့မယ်သတိပေးထားရက်နဲ့ Jake နဲ့တွဲကပါတော့တယ် ?

 

No photo description available.

 

ကနေရင်းကနေပဲ မျက်နှာဖုံးကိုယ်ဆီနဲ့မို့ မျက်လုံးလေး တွေသာမြင်ရပေမဲ့ မတော်တဆတွေ့တာပေမဲ့လည်း လူငယ်တွေပီပီ Jake ဟာ Ashley လေးကို အနမ်းလေးတပွင့် ခြွေလိုက်မိပါတော့တယ် ထိုအချိန်မှာ ကြယ်တွေကြွေကာ ကံတရားတွေဟာ ဗျောင်းပြန်ဖြစ်သွားခဲ့ပါတော့တယ် ?

 

ထိုအနမ်းလေးဟာ ထိုညလေးအတွက် မှော်ဆန်တဲ့ အနမ်းလေး တပွင့်ပေါ့ရှင် ?ကံတရားဟာလုံးဝတစ်ပတ်လည်သွားခဲ့ပါပြီ ?

 

Ashley တစ်ယောက် မယ်ကံကောင်းလေးဘဝကနေ မယ်ကံဆိုးဘဝကို ပြောင်းသွားတဲ့အခါ၊ Jake တစ်ယောက် 'ကံဆိုးမသွားရာ၊မိုးလိုက်လို့ရွာ'တဲ့ဘဝကလွတ်သွားတဲ့အခါ ဖြစ်လာမယ့် ဖြစ်ရပ်တွေအလွဲတွေကိုကြည့်ရမယ့်အပြင် နှစ်ယောက်သားပြန်တွေ့ပြီး ပြန်အနမ်းခြွေကာ ကံချင်းပြန်ဖလှယ်နိုင်ပါ့မလားဆိုတာကို စောင့်ကြည့်ရမယ့်ဇာတ်ကားလေးဖြစ်ပါတယ် ......

 

ဇာတ်ကားလေးက typical love story လိုမျိုးပေမယ့် မပျင်းရအောင် ကြားထဲမှာ ဟာသလေးတွေ အလွဲလေးတွေပါ ထည့်ပေးထားတာမို့ ပျော်ပျော်ပါးပါးကြည့်ရှု့နိုင်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်မယ်လို့ အာမခံပါတယ် ။

Myanmar Advertising Directory 

 

 

Read times
Rate this item
(1 Vote)