-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကမ္ဘာ့ ထိပ်သီး ဆက်သွယ်ရေး လုပ်ငန်းများ



 


---------------------


 


------------------


 


--------------------


 


-------------------

 


 


-------------------

 


 

Swisscom - Swisscom AG

-------------------

 


 


---------------------

 


 


---------------------

 


 

Kpn - KPN N.V

---------------

 

KPN က ဒတ်ခ်ျ လူမျိုးတွေရဲ့ ဆက်သွယ်ရေး အော်ပရေတာ ဖြစ်ပြီး Dutch landline and mobile telecommunications company လို့လူသိများပြီး နယ်သာလန်နိုင်ငံရဲ့ ရိုသာဒန်မြို့မှ အခြေတည်သော လုပ်ငန်းစုလို့သိရပါတယ်။

 


------------------

 


 


 


 


 


 

<<< Unicode >>>

 

 

ကမ္ဘာ့ ထိပ်သီး ဆက်သွယ်ရေး လုပ်ငန်းများ

------------------

 

နည်းပညာတိုးတက်လာတာနှင့်အမျှ ဆက်သွယ်ရေး နယ်ပယ်တွေမှာပါ တိုးတက်မှု့ရှိလာပါတယ်။ဒီတစ်ခါမှာတော့ ကမ္ဘာ့ ထိပ်သီး ဆက်သွယ်ရေး လုပ်ငန်းစု ဆယ်ခုကို ဖော်ပြပေးသွားမှာပါ မိတ်ဆွေတို့ အနေနဲ့ ဗဟုသုတ ရစေရန်အလို့ဟာ ဖတ်ရှု့စေလိုပါတယ်။

 

AIS - Advanced Info Service

-------------------

AIS လုပ်ငန်းစုဟာ ယိုးဒယား ရဲ့ အကြီးဆုံး ဆက်သွယ်ရေး လုပ်ငန်းစုပါ ၂၀၁၆ ကတည်းက ၎င်းရဲ့ GSM မိုဘိုင်းဖုန်း အော်ပရေတာကို အသုံးပြုသူ ၃၉.၈၇ မီလီယံ ကျော်ရှိပါတယ် ၁၉၈၆ ဧပြီလမှာ စတင်တည်ထောင်ခဲ့တာပါ။အစပိုင်းမှာ AIS ကွန်ပြုတာအငှားဝန်ဆောင်မှု့အနေနဲ့ဈေးကွက်ထဲဝင်လာခဲ့တာပါ ၁၉၉၀ မှာ ဆယ်လူလာ ဖုန်းတွေ ထုတ်လုပ်ရာမှ နောက်ပိုင်း GSM ဖုန်းအော်ပရေတာအဖြစ်လုံးလုံးလျားလျား ဈေးကွက်ကို ထိုးဖောက်ခဲ့ပါတယ်။

 

MTS - Mobile TeleSystems

--------------------

MTS ကတော့ ရရှားမှာ ဖြစ်ပြီး အသုံး ပြုသူ ၈၆.၇ မီလီယံကျော်ရှိပါတယ် ထို့အပြင် MTS ကို Armenia နဲ့ Belarus စတဲ့ တိုင်းပြည်များတွင်ပါအသုံးပြုပါတယ်။MTS က ရရှား မှာ မားကတ်ရှယ်ရာ များပြားတဲ့ လုပ်ငန်းစုဖြစ်ပြီး ၃၁ ရာခိုင်နှုန်းရှိတယ်သိရပါတယ်

 

Vodacom - Vodacom Group Limited

-------------------

 

Vodacom ကတော့ တောင်အာဖရိက မှ ဆက်သွယ်ရေး လုပ်ငန်းစုတစ်ခုပါ အသုံးပြုသူ ၅၅ မီလီယံ ရှိတယ်သိရပြီး Congo , Nigeria, Zambia, Angola, Kenya, Ghana, Côte d'Ivoire, and Cameroon တို့တွင်ပါ အသုံးပြုတယ်သိရပါတယ်။

 

Jio ( Reliance Jio Infocomm Limited )

--------------------

 

Jio ကတော့ အိန္ဒိယ ရဲ့ ဆက်သွယ်ရေးလုပ်ငန်းစုပါ မွန်ဘိုင်း ၎င်းတို့ဟာ နိုင်ငံပိုင် အမျိုးသားဆက်သွယ်ရေးလုပ်ငန်းနဲ့ တွဲဖက်လုပ်ကိုင်ကာ LTE network ဖြင့် ထိမ်းထားတယ်သိရပါတယ်။

 

Telkom Indonesia - PT Telekomunikasi Indonesia

---------------------------

Telkom Indonesia ကတော့ အင်ဒိုနီးရှားအပိုင်လုပ်ငန်းစုတစ်ခုပါ အစပိုင်းမှာ ဈေးကွက်မှာ ဆက်သွယ်ရေးလိုင်းပြုပြင်တဲ့ လုပ်ငန်းစုအဖြစ်ထိုးဖောက်လာတယ်သိရပြီး ၂၀၀၈ မှာ စီးပွါးရေး အမြင်ပြောင်းလဲကာ ဆက်သွယ်ရေးလုပ်ငန်းကို လုပ်ဆောင်ခဲ့တယ်သိရပါတယ်။

 

Swisscom - Swisscom AG

---------------------------

 

Swisscom ကတော့ ဆွစ်ဇာလန်နိုင်ငံရဲ့ အရေးပါအရာရောက်တဲ့ ဆက်သွယ်ရေး အော်ပရေတာ ဆိုလည်း မမှားပါဘူး Swisscom ရဲ့ ၅၁ ရာခိုင်နှုန်းကို အစိုးရက ပိုင်တယ်သိရပါတယ်။

 

China Mobile - China Mobile Limited

---------------------------

 

China Mobile ဆိုတာကတော့ တရုတ်နိုင်ငံပိုင် ဆက်သွယ်ရေးလုပ်ငန်းဖြစ်ပြီး တရုတ်ပြည်မ မှ ဟောင်ကောင်ထိ ဆက်သွယ်ရေးနှင့် အင်တာနက်လစ်ဟာမူ့မရှိအောင်ကို service ပေးနေသော ဆက်သွယ်ရေးလုပ်ငန်းစုပါ။၁၉၉၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အခုဆို ၂၂ နှစ်ကျော်ပြီ သိရပါတယ်။

 

SK Telecom - South Korean Telecom

--------------------------

 

SK Telecom ဆိုတာတော့ တောင်ကိုရီးယားမှ ကြိုးမဲ့ ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်ပြီး ကိုရီးယား နိုင်ငံရဲ့ အကြီးမားဆုံး ဆက်သွယ်ရေးလုပ်ငန်းတစ်ခုပါ။၁၉၈၄ မှာ ယခုလူအများအသုံးပြုနေတဲ့ မိုဘိုင်းဖုန်း ပုံစံ ဆက်သွယ်ရေးကို စတင် လမ်းစပြုလုပ်ခဲ့တာပါတဲ့။

 

Kpn - KPN N.V

--------------------------

 

KPN က ဒတ်ချ် လူမျိုးတွေရဲ့ ဆက်သွယ်ရေး အော်ပရေတာ ဖြစ်ပြီး Dutch landline and mobile telecommunications company လို့လူသိများပြီး နယ်သာလန်နိုင်ငံရဲ့ ရိုသာဒန်မြို့မှ အခြေတည်သော လုပ်ငန်းစုလို့သိရပါတယ်။

 

Optus - Singtel Optus Pty Limited

--------------------------

 

Optus ကတော့ သြစတေးလျနိုင်ငံရဲ့ ဒုတိယ အကြီးဆုံး ဆက်သွယ်ရေးလုပ်ငန်းစုပါ သို့ပေမဲ့ စင်္ကာပူ ပိုင် ဆက်သွယ်ရေးလုပ်ငန်းစုပါ ၎င်းတို့ အနေဖြင့် 4G မိုဘိုင်းဖုန်းကတ်တွေသာမကပဲ Satellite တွေပါ ဖြန့်ချီထုတ်လုပ်တယ်သိရပါတယ်

 

AIS သည် ကမ္ဘာ့ ထိပ်သီးဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်ရုံမက အခု Post Poned ဖြစ်နေသော တိုကျို အိုလံပစ်ကိုလည်း တစ်ဦးတည်းမူပိုင် ပြသခွင့်ရရှိထားတယ်သိရပါတယ်။

 

ထိုအချက်အလက်များသည် ကမ္ဘာ့ ဆက်သွယ်ရေး နယ်ပယ်တွင် ရင်းနှီး မြှပ်နှံမှု့ ၊ ဈေးကွက်မြှင့်တင်မှု့ ဝန်ထမ်းများကို ထိမ်းချုပ်နိုင်မှု့အပေါ်မူတည်ပြီး Brand Finance မှ အကဲဖြတ်ခြင်းသာဖြစ်ပါသည်။

 

No photo description available.

 

No photo description available.

 

Myanmar Advertising Directory 

 

 

Read times
Rate this item
(0 votes)