-->
×

Warning

JUser: :_load: Unable to load user with ID: 29


ပါဆယ်ရောင်းချနေခြင်းဖြင့် စားသောက်ဆိုင်များ ဆက်လက်ရပ်တည်နိုင်ပါသလား

အခုလို ကိုရိုနာရောဂါဖြစ်ပွားနေတဲ့ အခိုက်အတန့်ကြီးမှာ စားသောက်ဆိုင်တွေဖွင့်မရပါဘူး ဒါကြောင့် အွန်လိုင်းက မှာလို့ရတာတွေ ၊ ဆိုင်မှ ပါဆယ် ဝယ်ယူရတာတွေ ရှိပါတယ်။

 

ထို့သို့ရောင်းချခြင်းတွေက ထိရောက်မှု့ ရှိသလားလို့ ပြောရရင် ထိရောက်မှု့ အနည်းငယ်ရှိပေမယ့် သာမန်လူတွေရဲ့ စိတ်သဘောတရားက စားသောက်ဆိုင်က အစားအစာတွေကို ဆိုင်မှာ ပဲ စားချင်တာမျိုးရှိသလို တချို့ကျ သွားရင်းလာရင်းဆိုင်ဖွင့်ထားတာ တွေ့ရင် ဝင်စားလိုက်ကြတယ်။

 

တကယ်တန်း “restaurant” ဆိုတဲ့ စကားလုံးဟာ လက်တင် စကားလုံးဖြစ်တဲ့ “restaurare,” ကနေလာတာပါ အဓိပ္ပါယ် အရတော့ အိမ်တွင် ပင်ပင်ပန်းပန်းလုပ်စရာမလိုသော အရန်သင့်စားသွားရန် စတာကိုဖော်ညွှန်းပါတယ်။

 

တချို့တွေက အလုပ်သမား ခ တွေ လုပ်ငန်းရပ်ထားလဲ ပေးနေရမှာပဲ ဆိုကာ အလုပ်သမားတွေကိုတိုက်တွန်းပြီးဆိုင်ဖွင့် လိုက်တယ် သို့ပေမည့် ပါဆယ်သာရောင်းလို့ရနေတော့ ဆက်ရောင်းတယ် သူတို့မှာ က ဆိုင်ခန်းဌားခရှိတယ် , စားသောက်ကုန် သား၊ငါး၊အသီးအနှံ ဝယ်ယူစရိတ်ရှိတယ် တကယ်တန်းတွက်ကြည့်ရင်ကြာကြာ တောင့်ခံနိုင်ဖို့က မလွယ်တဲ့ အနေအထား မျိုးပေါ့။

 


Profit ဆိုတာ ကို အခုအချိန်မှာ သွားတွေးနေလို့ မရဘူး မပြိုလဲအောင် မနည်း လုပ်ရမှာ သင့် အနေနဲ့ Deli နဲ့ ရောင်းပေး ပို့ပေး တယ်ထား လူတွေက တကူးတက မှာ စားကြတော့မှာ သင့် စားသောက်ဆိုင်က နာမည်ရှိတယ်ထား သင် အဆင်ပြေတယ် သာမန် အနေအထားစားသောက်ဆိုင်ဆိုရင်တော့ သင့်အနေနဲ့ အတော်လေး အခက်တွေ့စေလိမ့်မယ်။

 

အခုချိန်မှာ ကမ္ဘာ နိုင်ငံတကာ Fastfood ဆိုင်ကြီးတွေ ဖြစ်တဲ့ McDonald စင်္ကာပူဆိုရင်ဆိုင်တွေကို ပိတ်လိုက်ပြီ ထို့ အတူ အင်္ဂလန်က Burger King ဆိုလို့ ရှိရင် ဆိုင်ခန်း ဌား ရမ်းခတွေကို အကြွေး ချန်တဲ့ အနေအထားကို ရောက်ရှိလာပြီ။

 

ဝန်ထမ်း အယောက် ၂ သိန်းကျော် ရှိသော Starbucks ဆိုရင် အခုဆိုင်တွေ ပိတ်လိုက်ရပြီ။လေ့လာချက်များ အရဆိုရင် အမေရိကရှိ ၇၅ ရာခိုင်နှုန်းသော စားသောက်ဆိုင်တွေက ပိတ်လိုက်ကြပြီလို့သိရပါတယ်။

 

ယခု ပိတ်ရတယ်ဆိုတာလဲ ကိုရိုနာ ရောဂါဖြစ်စဉ်ကာလ တစ်လျှောက်မှာ အရောင်း ခေတ္တာ ရပ်နားထားရတယ့်သဘောပါပဲ သို့ပေမည့် ဆိုင် အသေးလေးတွေကတော့ ပြန်ပြီး ဖွင့်လှစ်ဖို့တောင်မလွယ်ကူတော့ပါဘူး ဆိုင် အကြီးစားတွေကတော့ ရောဂါပြီးပါက ပြန်လည် ခေါင်းထောင်လာဖို့ အလားအလာရှိပါတယ်ဒါကြောင့် ၎င်းတို့ အနေနဲ့ ပါဆယ်ရောင်းချနေတယ်သိရပါတယ်။

 

<<< Zawgyi >>>

 


------------------------------------

 


 


 


 




 


 


 


 

Refး Newyork Times 

 

 

Read times
Rate this item
(0 votes)