-->
×

Warning

JUser: :_load: Unable to load user with ID: 29


ပေါင်စတာလင် ၁မီလီယံကုန်အကျခံထားတဲ့ Cadbury ကုန်အမှတ်တံဆိပ်အသစ်

ယခု Cadbury ချောကလက် ကုန်အမှတ်တံဆိပ်မှာ ပေါင်စတာလင် ၁ မီလီယံ ကုန်ကျခံပြီး ဈေးကြီးကြီးနဲ့ လိုဂို အသစ်တစ်ခုရေးဆွဲခဲ့ပါတယ် ၎င်းလိုဂိုမှာ နဂို Cadbury ချောကလက်ကုန်အမှတ်တံဆိပ်ထက် စာလုံးပိုသေးသွယ်ပါတယ်။

 

အဆိုပါ Logo ကို သြစတေးလျမှာ ရှေ့လ ကြရင် ထုတ်မှာပါ။ထို့အပြင် အင်္ဂလန်မှာ ၂၀၂၁ ကြရင် စတင်ထုတ်လုပ်မည်သိရပါတယ်။

 

အစတုန်းက Cadbury ရဲ့ တံဆိပ်ဟာ ချောကလက်ပေါ် နို့လောင်းထားတဲ့ အရောင် ဖြစ်ပြီး ချောကလက်ရောင်ပိုများပါတယ် ၊ ထို့အတူ ယခု အမှတ်တံဆိပ်အသစ်က နို့အရောင်ပိုများပါတယ်။

 

လူမှု့ဆက်ဆံရေးပိုင်းဆိုင်ရာ အရာရှိဖြစ်သူ Mark Borkowski မှ The Sun အား ပြောကြားချက်ကတော့ ထို Logo ပြုလုပ်ရခြင်းမှာ ပေါင်စတာလင် ၁ မီလီယံကုန်ကျပြီး သူတို့ Brand ကို ပြန်ပြီး အသက်သွင်းချင်လို့သိရပါတယ်။

 

၎င်းတို့ အနေနဲ့ နာမည်ရပြီးသား Brand ဖြစ်တဲ့ အတွက်ကြောင့် Logo ကို ပထမနဲ့ လုံးဝကွဲပြားနေအောင်ထုတ်ထို့မရပါဘူး ၎င်းတို့ Logo ကို လူတွေ သတိထားမိနေအောင်လုပ်ရမယ်လို့သိရပါတယ်။

 

အမှတ်တံဆိပ်သာ ပြောင်းလဲတာပါ အထဲက ချောကလက်ကတော့ ပြောင်းလဲမှာ မဟုတ်ပါဘူးဒါ့ထက်စားသုံးသူ တွေကို ယုံကြည်ချက် နဲ့ စစ်မှန်တဲ့ အရည်အသွေး , မြှင့်မားတဲ့ ကွာလတီ ပေးချင်တာပါ။

 

ဒါ့ထက် သူတို့ရဲ့ အဆိုပါချောကလက်ကို စတင်တည်ထောင်သူ John Cadbury အငွေ့အသက်ကို ရှိစေချင်တာပါ နဂိုလက်မှု့ ပညာကလည်း တအားလှပါ့ ပါတယ်။

 

အစက Cadbury ချောကလက်တုံးတွေပေါ်မှာ ၎င်းရဲ့ ဒါရိုက်တာဖြစ်သူ William Cadbury ရဲ့ လက်မှတ်ကို ၁၉၂၁ ထိထည့်သွင်းခဲ့ပါတယ်။၁၉၆၀ မတိုင်ခင်မှာတော့ Cadbury ချောကလက်တွေမှာ တံဆိပ်တုန်း မရိုက်တော့ ပါဘူး။

 

Cadbury ချောကလက် လုပ်ငန်းစုကို အင်္ဂလန်နိုင်ငံ ဘာမင်ဟမ် အရပ်မှာ ၁၈၂၄ မှာ စတင်တည်ထောင်ခဲ့ပါတယ်။

 

Cadbury logo will change for the first time in 50 years from next month, but the revamped logo will not reach the UK until 2021

 

New logo has been panned by critics for looking very similar to the old one despite the price

 

<<< Zawgyi >>>

 


--------------------------------

 


 


 


 


 


 


 


 


 


 

Myanmar Advertising Directory 

Read times
Rate this item
(0 votes)