-->
×

Warning

JUser: :_load: Unable to load user with ID: 29


2019 ခုနှစ်ရဲ့ကမ္ဘာ့ဈေးကွက်ရှိ ထိပ်သီး စီးကရက် Brand များ

စီးကရက်တွေကို ၁၉၅၀ နှစ်မတိုင်ခင်တုန်းက ဆိုလျှင် အတော်လေးကြော်ငြာ တွေကို လွတ်လပ်စွာ ကြော်ငြာ ခွင့်ပေးခဲ့ရပါတယ်။နောက်ပိုင်းမှ သာလျှင် ဆေးပညာ အသိကလွမ်းမိုးလာပြီး ယခုလိုအခြေအနေတွေဖြစ်လာပြီး ကြော်ငြာ တွေ မှာ ၎င်းတို့ရဲ့ Product ကို အတိအလင်းပြသပြီးကြော်ငြာ လို့မရတော့ပါဘူး တားမြစ်ချက်တွေရှိလာလို့ပါပဲ။

 

၁၉၈၀ လောက်က ကမ္ဘာ့ဆေးရွက်ကြီးဈေးကွက် ဖြစ်တည်မှု့မှာ အမေရိကန် ပြည်ထောင်စုရဲ့ ဒေသတွေ အတော်များများ တွင် ဆေးရွက်ကြီး စိုက်ခင်း ပေါင်း ၁၈၀၀၀၀ ခန့် ရှိခဲ့ပြီး ၂၀၁၂ ခုနှစ်လောက်မှာ ဆေးရွက်ကြီးစိုက်ခင်းပေါင်း ၁၀၀၀၀ ခန့်လောက်သာ ကျန်ရှိပါတော့တယ်။ဘရာဇီး ၊ တရုတ် ၊ အိန္ဒိယ စတဲ့ နိုင်ငံတွေပြီး ရင် အမေရိကန်က ဆေးရွက် ကြီးထုတ်လုပ်မှု့ အများဆုံးတိုင်းပြည်တစ်ခုပါ။

 

ယခုအခါမှာတော့ တင်းကျပ်ထားတဲ့ Laws များ အရ စီးကရက် လုပ်ငန်းစုတွေဟာ သွယ်ဝိုက်တဲ့ နည်းနဲ့ Brand ကိုသာ လူသိအောင်ကြော်ငြာ ကြရပါတော့တယ်။ကဲဒီတစ်ခါမှာတော့ စီးကရက် Brand တွေထဲက ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ရဲ့ ဈေးကွက်ထဲမှာနေရာရမှု့ အများဆုံး Brand များကိုဖော်ပြပေးလိုက်ပါတယ်။

 

၇ . Lucky Strike

Lucky Strike က တကယ့်ကို နာမည်ကြီးတဲ့ အမေရိကန် စီးကရက် Brand တစ်ခုဖြစ်ပြီး ရှေးယခင် ကာလ ကြာရှည်ထဲက ဈေးကွက်အတွင်း နာမည် တစ်လုံးဖြင့်ရပ်တည်လာတဲ့ Brand တစ်ခုပါ။၎င်း ကို British American Tobacco p.l.c. လုပ်ငန်းစုမှ ပိုင်ဆိုင်တယ်သိရပါတယ်။

၆ . Marlboro

Marlboro အား Altria ကလက်ရှိမှာ ပိုင်ပြီး , တကယ့်ကို ရောင်းရတဲ့ product တစ်ခုပါ ထို့အပြင် ကမ္ဘာ့ နာမည်အကြီးဆုံးစီးကရက် Brand တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ဒီနှစ်စတုန်းက တောင် Altria မှ Marlboro ရဲ့ ဈေးနှုန်းကို မြှင့်တင်လိုက်ပါသေးတယ် မည်သို့ပင်ဆိုစေကာမှု Marlboro က ကမ္ဘာ့ နာမည်အကြီးဆုံးစီးကရက်တွေထဲမယ်တစ်ခုအပါအဝင်ပါဖြစ်ပြီးဈေးကွက်ထဲလည်ပတ်နေစဲပါ။

၅ . Dunhil

Dunhil ဟာ ယခုဆိုရင် ရေမွှေး ၊ အမျိုးသားသုံးအသုံးအဆောင်တွေပါ ၎င်း Brand အမည်ခံထုတ်လုပ်နေတာတွေ့ရပါတယ်။၎င်း ကို British American Tobacco p.l.c. လုပ်ငန်းစုမှ ပိုင်ဆိုင်တယ်သိရပါတယ်။

၄ . Kent

Kent က နဂိုတုန်းကတော့ အမေရိကမှ R.J. Reynolds Tobacco Company မှ ပိုင်ဆိုင်တာ ဖြစ်ပြီး လက်ရှိမှာတော့ British American Tobacco p.l.c. လုပ်ငန်းစုမှ ပိုင်ဆိုင်တယ်သိရပါတယ်။တကယ်တန်းမှာ လူသိနေပြီး သား Brand တစ်ခုဖြစ်တာမို့ ဈေးကွက်တွင်း အမြဲ ရပ်တည်တောင့်ခံနေနိုင်တယ်သိရပါတယ်။

၃ . Parliament

Parliament ဆိုတာကတော့ အမေရိကန် စီးကရက် Brand ပါ ဈေးအနည်းငယ်ကြီးပါတယ်။ ၎င်း Brand ကို Philip Morris လုပ်ငန်းစုမှ ပိုင်ဆိုင်တယ်သိရပါတယ်။Altria ဆိုပြီး ယခုဆို Philip Morris မှ နာမည်ပြောင်းထားတယ်လို့လည်း သိရပါတယ်။ဒါဟာအတော်လေး ဈေးကွက်မှာ စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စရပ်ပါပဲ။

၂ . Sobranie

Sobranie ဆိုတာကတော့ ရရှား စီးကရက် Brand ပါ Gallaher Group မှ ထုတ်လုပ်ထားပြီး ဂျပန်မှာ ထုတ်လုပ်မှု့ လုပ်တယ်သိရပါတယ်။၎င်းတို့ဟာ တကယ့်ကိုကြီးမားတဲ့ စီးကရက် ထုတ်လုပ်တဲ့ သူများဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာလည်းဈေးကွက်ထဲမှာ တကယ့်ကို ကောင်းမွန်စွာလည်ပတ်နေတဲ့ Brand ပါပဲ။

၁ . Treasurer

Treasurer ကို ဗြိတိန်ရဲ့ The Chancellor Tobacco Company မှထုတ်လုပ်ထားပြီး ကမ္ဘာ့ဈေးအကြီးဆုံးစီးကရက် Brand အဖြစ်ဈေးကွက် အတွင်းမှာ ရပ်တည်ပါတယ်။သည့်ထက် ၎င်းရဲ့ အားသာချက်က Product က ကောင်းလွန်းတာကြောင့် ဈေးကွက်တွင် ဈေးကြီးကြီးဖြင့်ရပ်တည်နေနိုင်တယ်သိရပါတယ်။

 

<<< Zawgyi >>>

 


---------------------------------

 


 


 


 

၇ . Lucky Strike


 

၆ . Marlboro


 

၅ . Dunhil


 

၎ . Kent


 

၃ . Parliament


 

၂ . Sobranie


 

၁ . Treasurer


 

Ref ; Yahoo 

Read times
Rate this item
(0 votes)