-->
×

Warning

JUser: :_load: Unable to load user with ID: 29


Zoom ကိုခြောက်လှန့်လိုက်တဲ့ Rooms

သိပ်မကြာခင် အချိန်က Facebook မှ ထုတ်ပြန်ချက်တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ် အဆိုပါ ထုတ်ပြန်ချက်တွင် Facebook မှ ၎င်း ရဲ့ မက်ဆေ့ပို့တဲ့ နေရာ Rooms မှ Video call ခေါ် အစည်းအဝေး လုပ်လို့ ရမယ်သိရပြီး လူအယောက် ၅၀ တိတိ အစည်းအဝေး လုပ်နိုင်ပါသတဲ့။၎င်းတို့ မှ Facebook ဖြစ်သည့်အလျှောက် Data များ မပေါက် ကြားရေး အတွက် စိတ်ချသလို ထိုအစည်းအဝေး လူ အယောက် ၅၀ လောက် ကျင်းပတာ အတွက်လဲ ငွေကြေး ပေးဆောင်ရန် မလိုအပ်ပါဘူးတဲ့။

 

ဒီအချင်းအရာ က တကယ်တန်း မှာ Zoom ကိုစိမ်ခေါ်လိုက်တာပဲ ဖြစ်ပြီး , လတ်တလော ကိုရိုနာ ရောဂါဖြစ်ပွားစဉ်မှာ ဗီဒီယို ဖြင့် အစည်းအဝေး လုပ်ရင်း ခေတ်စား လာတဲ့ App တစ်ခုပါ , ပြီးခဲ့တဲ့ အပတ် ကြာသပတေး နေ့ တုန်းက Zoom မှ ပြောကြားခဲ့တာကတော့ ၎င်းတို့ App ကို ပုံမှန် အသုံးပြုသူ ဦးရေ ၃၀၀ မီလီယံ နှင့် အထက် ရှိပြီးဧပြီလ အစမှာတွင် လူပေါင်း ၂၀၀ မီလီယံထိတက်လာပါတယ်တဲ့။Zoom ရဲ့ ဈေးကွက်ကလည်း အတော်လေး သတင်းတွေမီဒီယာတွေထဲမှာတောင်ကျယ်ပြန့်လာပါတယ်။

 

Facebook မှာ ထပ်လောင်းပြောကြားချက်အရ Rooms အနေနဲ့ ဖုန်း သို့ ကွန်ပြုတာ နှင့် အသုံးပြု နိုင်မှာဖြစ်ပြီး အခြား ဆော့ဝဲလ်များ ဒေါင်းလုဒ် လုပ်ယူဖို့ မလိုပါဘူးလို့ပြောပါတယ်။Rooms က Facebook ဒါမှ မဟုတ် Messenger ရှိတဲ့ နဲ့ အသုံးပြု နိုင်မှာပါ ဒါ့ထက် အစည်းအဝေးဖိတ်ကြားခဲ့ရတဲ့ သူတွေက Facebook အကောင့် ရှိစရာလဲ မလိုဘူးလို့သိရပါတယ်။

 

Rooms ဟာယခုဆိုရင် တစ်ကမ္ဘာလုံး အသုံးပြု လို့ရပါပြီ ။Facebook အနေနဲ့ကတော့ သူတို့ လုပ်ငန်းစု အနေနဲ့ ထက်မံပြီး အချက်ကျကျတွေကို ပြောမှာ မဟုတ်သေးသလို ဘယ်တိုင်းပြည်မှာ တွင်ကျယ်စွာ အသုံးပြု နိုင်မလဲဆိုတာ မပြောနိုင်သေးပါဘူးတဲ့။

 

Facebook အနေနဲ့ WhatsApp မှာ လဲ သိပ်မကြာသေးခင်အချိန်က ဗီဒီယို call ပြောတဲ့ လူဦးရေ အရေအတွက် ကို ထက်မံ့ တိုးမြှင့် လိုက်ပါတယ် လူဦးရေ ပမာဏအားဖြင့် ယခုဆို ၈ ယောက် Video call ပြောနိုင်ပါပြီ။

 

Facebook ရဲ့ ပြောကြားချက်ကတော့ မက်ဆင်ဂျာနဲ့ WhatsApp ကို နေ့စဉ် အသုံးပြု သူ အကောင့်ပေါင်း ၇၀၀ မီလီယံ အထက်မှာ ရှိပါတယ်။ထိုအသုံးပြု သူများ ရဲ့ အကောင့်ပေါင်း ကိန်း ဂဏန်း အရေ အတွက်ဟာ ကိုရိုနာ ရောဂါဖြစ်ပွားစဉ်ကာလထဲက နဂိုထက် ၂ ဆ ပိုမိုတက်လာခဲ့ပါတယ်။

 

Rooms က လက်တလောမှာတော့ များများစားစား အသုံးပြုသူတွေအပေါ် service မပေးနိုင်သေးပါဘူး သို့ပေမည့် Facebook မှ Work Chat နဲ့ Work Place တို့နှင့် အတူ Rooms ကိုဈေးကွက်မှာ ထိုးဖောက်မှာပါ။တကယ်တန်း Facebook က Messenger Rooms ကိုစတင်လုပ်ဆောင်ခဲ့တာတော့ Zoom ကိုနည်းပညာ ပလက်ဖောင်းမှာ သီးသန့် ခွဲထွက်မနေချင်တာရယ် မားကတ်အနေအထား အရ သူတို့သာ အမြဲ နေရာရနေစေဖို့ပါ။

 

<<< Zawgyi >>>

 


-----------------------------------------------------

 


 


 


 


 


 


 


 

Ref ; Ad Week

Read times
Rate this item
(0 votes)