-->
×

Warning

JUser: :_load: Unable to load user with ID: 29


Teslaနှင့်ဂျာမန်တရားရုံးရဲ့ စည်းမျဉ်းများ

Tesla( TSLA )ဟာ ဖောက်သည်တွေကို Teslaရဲ့ Autopilot လုပ်ဆောင်ချက်က အပြည့်အ၀ ကိုယ်ပိုင်မောင်းနှင်မှုလိုမျိုး ခံစားရမှာလို့ ဆိုပြီး ကြော်ငြာနဲ့လှည့်စား နေတယ်လို့ ဂျာမနီနိုင်ငံ၊ မြူးနစ်ဒေသဆိုင်ရာ တရားရုံးက ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

 

တရားရုံးပြောကြားချက်အရ ကယ်လီဖိုးနီးယား အခြေစိုက် ကားထုတ်လုပ်သူက ၎င်းရဲ့ မော်တော်ယာဉ်များကိုကြော်ငြာရန်အတွက်“ autopilot” ဟူသောဝေါဟာရကိုအသုံးပြုခြင်းနှင့်၎င်းရဲ့ ဝဘ်ဆိုဒ်မှာ ကိုယ်ပိုင်မောင်းနှင်မှုစွမ်းရည်နဲ့ ပတ်သက်တဲ့ဖော်ပြချက်အချို့ကို ရှောင်ကြဉ်ရမယ် လို့ဆိုပါတယ်။သို့သော် စီရင်ချက်က တရားဝင်အတည်မပြုရသေးပါဘူး။

 

ပြိုင်ဘက်စင်တာရှေ့နေ Andreas Ottofüllingမှပြောကြားချက်အရ "အဆင့်၅မှာ အလိုအလျောက်မောင်းနှင်မှုက လက်ရှိအချိန်မှာ တရားဝင်ခွင့်ပြုချက်မရရှိသေးပါဘူး။ ၎င်းက နည်းပညာအတွက်ဖြစ်နိုင်ခြေမရှိတာကြောင့် Teslaက စည်းမျဉ်းတွေကို လိုက်နာရမည်ဖြစ်ပြီး ကြော်ငြာအတုများမလုပ်ရဘူး"လို့ ရုံးတင်စစ်ဆေးပြီးနောက် ကြေညာချက်မှာ ပြောကြားခဲ့ပါတယ်။

 

Teslaကဂျာမနီဝက်ဘ်ဆိုက်မှာ “ ကားဟာ သတ်မှတ်ထားသောဝ◌င်ပေါက်မှထွက်ပေါက်သို့ အဝေးပြေးလမ်းဖြင့် အလိုအလျောက်မောင်းနှင်နိုင်တဲ့ ကိုယ်ပိုင်မောင်းနှင်မှုအတွက် အပြည့်အဝအလားအလာရှိပါတယ်” လို့ဆိုထားပါတယ်။

 

သို့သော်လည်း အမျိုးမျိုးသော ကိုယ်ပိုင်အုပ်ချုပ်မှုဆိုင်ရာလုပ်ဆောင်ချက်များရဲ့ ဖော်ပြချက်အောက်ရှိစာသားမှာတော့ ဤသို့ဖော်ပြထားပါတယ်“လက်ရှိ လုပ်ဆောင်ချက်တွေက ယာဉ်မောင်းမှ ကြည့်ကြပ် စောင့်ကြည့်စစ်ဆေးဖို့လိုအပ်ပါတယ်။ဒါ့ကြောင့် ယာဉ်ရဲ့ ကိုယ်ပိုင်စနစ်နဲ့မောင်းနှင်ခွင့် ရခြင်းဆိုတာက မဖြစ်နိုင်ပါဘူး။”

 

အခြားကားတွေလိုပဲ Teslaရဲ့ ကားမောင်းသူ အကူအညီပေးရတဲ့ စနစ်တွေက ကားသွားရာမှာ လမ်းကြောင်းသေချာနေစေရန်၊ အရှိန်အဟုန်ကို ထိန်းသိမ်းရန်နှင့်အခြားအရာများကြားတွင် ကားရှေ့မှအကွာအဝေးကို သေချာစေရန် ထိန်းသိမ်းပေးရန်တို့ပဲဖြစ်ပါတယ်။

 

တရားရုံးမှာ အငြင်းပွားမှုအများစုဟာ“ကိုယ်ပိုင်စနစ်ဖြင့်ကားမောင်းခြင်း” က အမှန်တကယ် ဘာကိုဆိုလိုတယ် ဆိုတာကို သဘောမတူနိုင်ပါဘူး။ကားတွေက ယာဉ်မောင်းမပါပဲ ထိန်းချုပ်မှုလုပ်ဆောင်ချက်များစွာကို လွှဲပြောင်းယူနိုင်သော်လည်း၊ သူတို့က အဆင့်ငါးဆင့်လို့ခေါ်တဲ့ အဆင့်သို့ မရောက်နိုင်သေးပါဘူး။ ယာဉ်မောင်းတစ်ဦးက ဘေးကင်းလုံခြုံတဲ့ထိုင်ခုံမှာထိုင်၊ယာဥ◌်မောင်းလက်ကိုင်ပေါ် လက်တင်ထားပြီး စာအုပ်တစ်အုပ်ကိုဖတ်နိုင်တဲ့ အဆင့်သို့ ရောက်မလာသေးပါဘူး။

 

Teslaဟာ ပြီးခဲ့တဲ့လက ဈေးအမြင့်ဆုံးဖြစ်တဲ့ Volkswagen ( VOW.DE ) နှင့် Toyota ( TM ) ထက် ကျော်လွန်ပြီး တန်ဖိုးအရှိဆုံး ကားထုတ်လုပ်သူဖြစ်လာပါတယ်၊ ဂျာမနီမှာ ၎င်းရဲ့ ပထမဆုံးလျှပ်စစ်ကားစက်ရုံကို တည်ဆောက်နေပြီး ၂၀၂၁ ခုနှစ်မှာ ဖွင့်လှစ်ရန်စီစဉ်ထားပါတယ်။အစပိုင်းမှာ Model 3 နဲ့ Model Y ကိုထုတ်လုပ်ရန်ပဲဖြစ်ပါတယ်။

 

ကုမ္ပဏီက ဧရာမစက်ရုံကြီးရဲ့ ဧရိယာအတွင်းရှိတဲ့ ရေနှင့်တောရိုင်းတိရိစ္ဆာန်များအပေါ်သက်ရောက်မှုများနဲ့ ပတ်သက်ပြီး ဒေသခံဆန္ဒပြမှုများကိုရင်ဆိုင်ခဲ့ရပါတယ်၊ သို့သော် ယခုအခါ သဘာဝပတ်ဝန်းကျင်သက်ရောက်မှုများဆိုင်ရာ အကဲဖြတ်ခြင်းကို ဆက်လက်ပြုလုပ်နေစဉ်မှာ ၎င်းရဲ့ စွန့်စားမှုနဲ့ ဆောက်လုပ်ရန်ခွင့်ပြုချက်ရရှိထားပါတယ်။

 

Gigafactory က ဘာလင်မြို့တော်နဲ့ Brandenburg ပြည်နယ်မှာတည်ရှိပြီး ၎င်းက စွမ်းဆောင်ရည်အပြည့်နဲ့ တစ်နှစ်လျှင် ယာဉ်ပေါင်း ၅၀၀၀၀၀ ထုတ်လုပ်ရန်ရည်ရွယ်ရှိနေပါတယ်။မကြာသေးမီက ဂျာမန်စာနယ်ဇင်းအေဂျင်စီ (DPA)က အမည်မဖော်လိုသော သတင်းရင်းမြစ်များကို ကိုးကားပြီး Tesla ကတစ်နေ့လျှင် သုံးဆိုင်းဖြင့်အလုပ်လုပ်မည့် ဝန်ထမ်း ၁၀,၅၀၀ ကိုငှားရမ်းရန် စီစဉ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

 

Tesla ရဲ့ ရှယ်ယာက ဇွန်လမှ စတင်ပြီး နှစ်ဆနီးပါးတက်လာကာ မတ်လမှာ ၄ ဆရှိခဲ့ပါတယ်။ တနင်္လာနေ့ကုန်ခါနီးမှာ ၎င်းရဲ့ ဈေးကွက်အမြင့်ဆုံးဒေါ်လာ ၂၅၀ ဘီလီယံ (ပေါင် ၁၉၉.၉ ဘီလီယံ) ရှိခဲ့ပါတယ်။Tesla က Coronavirus ကြောင့် ကားစက်မှုလုပ်ငန်းတစ်ခုလုံးအပေါ်အကျိုးသက်ရောက်မှုရှိစေပြီး ဝယ်လိုအားကိုမြှင့်တင်ရန် ဈေးနှုန်းများကို ကျဆင်းစေတဲ့စေ◌ျးကွက် ဖျက်ဆီးခြင်းနဲ့မကင်းပါဘူး။

Read times
Rate this item
(0 votes)