-->
×

Warning

JUser: :_load: Unable to load user with ID: 29


အာရှတိုက်၏ အကောင်းဆုံး နံပါတ် ၁ အမှတ်တံဆိပ်အဖြစ် ၉ နှစ်ဆက်တိုက် Samsung ရပ်တည်လျက်ရှိ

Samsung Electronics သည် Nielsen နှင့် Campaign Asia-Pacific တို့ပူးပေါင်းစစ်တမ်းကောက်ယူသည့်၂၀၂၀ ခုနှစ်၏

အာရှထိပ်တန်း ကုန်အမှတ်တံဆိပ် (၁၀၀၀) စာရင်းတွင် နံပါတ် ၁ နေရာတွင်ရပ်တည်လျက်ရှိပြီး အဆိုပါစာရင်းတွင် ကိုးနှစ်ဆက်တိုက် နံပါတ် ၁ အကောင်းဆုံး ကုန်အမှတ်တံဆိပ်အဖြစ် ရပ်တည်နေဆဲဖြစ်သည်။

ထိုသို့ အဆင့်သတ်မှတ်ရာတွင် မော်တော်ယာဉ်၊ လက်လီရောင်းဝယ်မှု၊ အစားအသောက်နှင့် အဖျော်ယမကာ၊ အီလက်ထရောနစ်ပစ္စည်းများ အစရှိသည့် အဓိကထုတ်ကုန်ကဏ္ဍ (၁၅)မျိုးအပေါ် သုံးစွဲသူများ၏ အတွေးအမြင်နှင့် ကြိုက်နှစ်သက်မှု အရှိဆုံး ကုန်အမှတ်တံဆိပ်များ အပေါ် စစ်တမ်းကောက်ယူမှုများမှ တဆင့် အဆင့်များအားသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

Samsung သည် ယခုနှစ်၏ ထိပ်တန်း ကုန်အမှတ်တံဆိပ် (၁၀၀၀) စစ်တမ်းကောက်ယူမှုတွင် အကောင်းဆုံး ပြည်တွင်းအမှတ်တံဆိပ်၊ ၂၀၂၀ ခုနှစ်တွင် အသစ်ပါဝင်လာသည့် ကဏ္ဍတစ်ခုဖြစ်သည့် ရေရှည်တည်တံ့ ထိန်းသိမ်းနိုင်မှုအရှိဆုံး အမှတ်တံဆိပ်၊ မိုဘိုင်း၊ တီဗီနှင့် Smart Home ဆိုင်ရာ နည်းပညာကဏ္ဍများတွင် ထိပ်တန်းဦးဆောင်လျက်ရှိသည့် ကုန်အမှတ်တံဆိပ် စသဖြင့် ကဏ္ဍငါးခုတွင် နံပါတ်တစ်နေရာ၌ ရပ်တည်နေခြင်းဖြစ်သည်။

ဤစစ်တမ်းသည် အာရှတိုက်အတွင်းရှိ ဈေးကွက် (၁၄) ခုမှ သုံးစွဲသူများ၏ သဘောထားများအား ကောက်ယူထားခြင်းဖြစ်ပြီး ပိုမိုမျှတခိုင်မာတိကျသော စစ်တမ်းကောက်ယူမှု ဖြစ်စေရန် အတွက်လည်း စစ်တမ်းကောက်ယူရာတွင် အသက်အရွယ်၊ ကျားမ နှင့်လစဉ်အိမ်ထောင်စုဝင်ငွေတို့ အပေါ် အခြေခံ၍ ကောက်ယူခဲ့ခြင်းဖြစ်သည်။

စစ်တမ်းကောက်ယူမှုပုံစံ

အဆိုပါ အာရှထိပ်တန်း အမှတ်တံဆိပ် (၁၀၀၀) စာရင်းအား ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ မတ်လ ၁၉ ရက်အတွင်း ကောက်ယူထားခြင်းဖြစ်ပြီး Campaign Asia-Pacific မှ အွန်လိုင်းစစ်တမ်း ကောက်ယူထားသည့် အချက်အလက်များနှင့် Nielsen ၏ နိုင်ငံတကာ အချက်အလက်များ၊ အသိအမြင်များအား ပေါင်းစပ် ထုတ်ပြန်ထားခြင်း ဖြစ်သည်။ ဩစတြေးလျ၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်းနှင့် ဗီယက်နမ် စသည့် ဈေးကွက် (၁၄) ခုမှ သုံးစွဲသူများအား စစ်တမ်း ကောက်ယူထားခြင်း ဖြစ်ပြီး ဂျပန်နိုင်ငံမှ ဖြေဆိုသူ (၈၀၀)ဦး၊ အင်ဒိုနီးရှားနိုင်ငံမှ (၁၂၀၀)ဦး၊ တရုတ်နိုင်ငံမှ (၂၀၀၀)ဦးနှင့် အခြားဈေးကွက်တစ်ခုချင်းစီမှ ဖြေဆိုသူ စုစုပေါင်း (၄၀၀) ဦး၏ ဖြေဆိုမှုများအပေါ် မူတည်၍ အခြေခံ တွက်ချက်ထားခြင်း ဖြစ်သည့်အပြင် ဈေးကွက်တစ်ခုချင်းစီအလိုက် ပိုမိုလိုက်လျောညီထွေမှု ရှိစေရန် အတွက် ဖြေဆိုသူများအား အသက်အရွယ်၊ ကျားမ နှင့်လစဉ်အိမ်ထောင်စုဝင်ငွေတို့ အပေါ် မူတည်၍ ကောက်ယူခဲ့ခြင်းဖြစ်သည်။

စစ်တမ်းကောက်ယူမှုတွင် အဓိကဏ္ဍ (၁၅) ခုဖြစ်သည့် အရက်ယမကာ၊ အဝတ်အစားနှင့်ဆက်စပ်ပစ္စည်းများ၊ မော်တော်ယာဉ်၊ အဖျော်ယမကာများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း၊ ဘဏ္ဍာရေးဝန်ဆောင်မှုများ၊ အစားအစာလုပ်ငန်း၊ အိမ်သုံးပစ္စည်းများ၊ အိမ်ထောင်စုနှင့်ပုဂ္ဂိုလ်ရေးစောင့်ရှောက်မှု၊ မီဒီယာနှင့်ဆက်သွယ်ရေးလုပ်ငန်း၊ စားသောက်ဆိုင်များ၊ လက်လီရောင်းဝယ်ရေး၊ အားကစားပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေး၊ ခရီးသွားနှင့်အပန်းဖြေ ကဏ္ဍ အစရှိသည့် ကဏ္ဍအသီးသီး အလိုက် စစ်တမ်းကောက်ယူ ခဲ့ခြင်း ဖြစ်သည်။

စစ်တမ်းတွင် ပါဝင်ဖြေဆိုသူများအနေဖြင့် အောက်ပါမေးခွန်များအား ဖြေဆိုခဲ့ခြင်းဖြစ်သည်။

● မေးခွန်း (၁) - သက်ဆိုင်ရာ ကဏ္ဍအတွင်း မည်သည့် ကုန်အမှတ်တံဆိပ်အား သင်၏စိတ်အာရုံတွင် ဦးဆုံး တွေးမိ၊ စဉ်းစားမိသနည်း။ တစ်နည်း အရှင်းဆုံးပြောရလျှင် ၎င်းကုန်အမှတ်တံဆိပ်များတွင် သင် ယုံကြည် စိတ်ချရဆုံးသော၊ ဂုဏ်သိက္ခာ ကြီးမားဆုံးဟု ခံယူထားသော ကုန်အမှတ်တံဆိပ်အား ရွေးချယ်ပေးပါ။

● မေးခွန်း (၂) - သက်ဆိုင်ရာ ကဏ္ဍအတွင်း အကောင်းဆုံး နံပါတ် (၁) ကုန်အမှတ်တံဆိပ် အပြင် သင့်အနေဖြင့် မည်သည့် ကုန်အမှတ်တံဆိပ်အား ဒုတိယ အကောင်းဆုံး၊ ကုန်အမှတ်တံဆိပ်ဟု သတ်မှတ်ထားသနည်း။

● မေးခွန်း (၃) - မည်သည့် ကုန်အမှတ်တံဆိပ်သည် ရေရှည်တည်တံ့ ထိန်းသိမ်း နိုင်မှုတွင် အကောင်းမွန်ဆုံး ဖြစ်သနည်း။

Samsung Electronics Co., Ltd. အကြောင်း

Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဉာဏ်များ၊ နည်းပညာများဖြင့်ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေး စနစ်များ နှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED solutions များကို ဖန်တီးထုတ်လုပ်လျက် ရှိပါသည်။ ပိုမိုပြည့်စုံစွာသိရှိနိုင်ရန် နှင့် နောက်ဆုံးထွက် သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများ နှင့် သတင်းထုတ်ပြန်ချက် များကို သိရှိနိုင်ရန် အတွက် http://news.samsung.com သို့မဟုတ် http://samsung.com/mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာ နိုင်သည်။

Read times
Rate this item
(0 votes)