-->
×

Warning

JUser: :_load: Unable to load user with ID: 29


Tiktok အမှုဆောင်အရာရှိချုပ် သမ္မတ Trump ရဲ့ ဖိအားကြောင့် Tiktok ကိုစွန့်ခွာ

Tiktok အမှုဆောင်အရာရှိချုပ် သမ္မတ Trump ရဲ့ ဖိအားကြောင့် Tiktok ကိုစွန့်ခွာ news.sky

TikTok ရဲ့အမှုဆောင်အရာရှိချုပ် က ၎င်းရဲ့ Tiktok app ကို Trump ဖိအားပေးလာချိန်မှာ Tiktok ကနေစွန့်ခွာလိုက်တယ်ဆိုရမည်ဖြစ်သည်။ အဆိုပါ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ Kevin Mayer ဟာ ဇွန်လလောက်ကတည်းက ရာထူးလက်ခံအလုပ်ခွင်ဝင်ရောက်ခဲ့သူဖြစ်ပြီး သူမထွက်ခင်သူရဲ့ ဝန်ထမ်းများအား နိုင်ငံရေး ပတ်ဝန်းကျင် တော်တော်များများ ပြောင်းလဲသွားပြီလို့ပြောကြားခဲ့ပါသည်။

 

အဆိုပါ Kevin ဟာ သူတာဝန်ထမ်းဆောင်စဉ် အမေရိကန် သမ္မတ Donald Trump ရဲ့ တရုတ်ပိုင် App ကို အမေရိကန် သို့ပြန်လည်ရောင်းချရန် ဖိအားလုံးလုံးလျားလျား ပေးခဲ့တာမို့သည်းမခံနိုင်ကာ တာဝန်မှ ရပ်နားခဲ့တယ်သိရပါသည်။

 

သမ္မတ Donald Trump ဟာ ယခုလအစောပိုင်းတွင်ပြောကြားခဲ့သည်က Tiktok နဲ့ တွဲလုပ်ငန်းလုပ်ကိုင်နေတဲ့ အမေရိကန် လုပ်ငန်းတိုင်း လမည့် စက်တင်ဘာလလယ် မတိုင်ခင်ရပ်နား ရမည်ဆိုကာ ပိတ်ပင်ခဲ့ပါသေးသည်။

 

ထို့အပြင် Trump မှ Tiktok ရဲ့ မိခင်လုပ်ငန်းစုဖြစ်တဲ့ ByteDanceကို ပြောဆိုခဲ့သည်က အမေရိကန် နိုင်ငံရဲ့ အုပ်ချုပ်ရေးရာ နှင့် လုံခြုံရေးကို ရှေးရှုကာ Tiktok ကို အမေရိကန် အမျိုးသားပိုင် ကုမ္ပဏီများထံ သို့ ရက်ပေါင်း ၉၀ အတွင်းရောင်းဖို့ အမိန့်ပေးခဲ့ပါသေးသည်။

 

Tiktok မှာ လက်တလော ပိတ်သိမ်းခံထားရမှုအပေါ် အမေရိကန် အစိုးရအား တရားစွဲဆိုထားပါသည်။

 

Kevin Mayer က Tiktok မှာ ဇွန်လ ၁ ရက်နေ့က တာဝန်မထမ်းဆောင်ခင် Disney မှာ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး သူရဲ့ လက်အောက်မှ ဝန်ထမ်းများကို သူပေးပို့သော စာထဲတွင် '' ပြောင်းလဲဖို့လိုမည့် ကိစ္စတွေကို ကျွန်တော်ကိုယ်တိုင် တတ်နိုင်သလောက်တော့ ကြိုးစားကြည့်ပြီးပါပြီ ၊ နားမလည်တာက ကျွန်တော်လက်မှတ်ရေးထိုးခဲ့တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ နေရာတစ်နေရာက ဘယ်လိုနေရာလဲဆိုတာပါပဲ ''

 


'' ၎င်းပိတ်ကားကြီးရဲ့နောက်ကွယ်မှာ တော့ မျှော်လင့်ထားတဲ့ လက်ခံနိုင်လောက်တဲ့ အခြေအနေတစ်ခုကို ရရှိနိုင်တော့မှာလည်း ဖြစ်တာမို့ ကျွနှ်ပ်အနေနဲ့ ယခု ကုမ္ပဏီ နဲ့ လမ်းခွဲရန် ဆုံးဖြတ်လိုက်ပြီလို့ မိတ်ဆွေများအား အသိပေးချင်ပါတယ် ''ဆိုကာရေးသားထားပါသည်။


လက်တလော မှာ Tiktok ရဲ့ မိခင် လုပ်ငန်းစုဖြစ်တဲ့ ByteDance အနေနဲ့ Microsoft နဲ့ တိုင်ပင်ကာ Tiktok ရဲ့ မြောက်အမေရိက အပိုင်း ၊ ဩစတေးလျ နှင့် နယူးဇီလန် တို့ကို ရောင်းချနိုင်ဖို့တာဆူနေပြီသိရပါသည်။

 

Tiktok အနေနဲ့ က '' ပြီးခဲ့တဲ့ လတွေက Tiktok မှ နိုင်ငံရေး ကိစ္စရပ်များနှင့် ရှုပ်ထွေးလျက်ရှိပြီး Kevin ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ဆုံးဖြတ်ချက်များကို လည်း လုပ်ငန်းစုဘက်မှလေးစားပါတယ်ဆိုကာပြောကြားခဲ့ပါသည်။

 

ByteDance က Musical.ly ကို ဝယ်ယူပြီးတဲ့ အချိန်မှာ ၂၀၁၇ ခုနှစ်မှာမှုလ Tiktok နှင့် ပေါင်းထုတ်ခဲ့သည် အမေရိကား နှင့် ဥရောပတိုက်ရှိ ငယ်ရွယ်သူများက စိတ်ဝင်စားကြသည်။

 

Tiktok က အသုံးပြုရလွယ်ကူသည် Video လေးများဖြင့် စိတ်ဝင်စားဖွယ်ဖြစ်သည် ဒါကို ကမ္ဘာ နေရပ်အသီးသီး ရှိ စားသုံးသူများက သိရှိခဲ့လိုသာ Tiktok အသုံးပြုသူ သန်းရာကျော်ရှိနေခြင်းပင်ဖြစ်နိုင်သည်။

 

သမ္မတ Trump သည် တရုတ်နိုင်ငံက နည်းပညာ လုပ်ငန်းစုများကို အမေရိကန် နိုင်ငံရေး နှင့် လုံခြုံရေးကို ထိပါးမည် ဟုဆိုကာ မျက်နှာသာမပေးပေ ယခုဆိုရင် We Chat ကိုလည်း ပိတ်ထားသည့် အပြင် အမေရိကန်တွင် Huawei ဖုန်းအသုံး ပြုခွင့်ပါပိတ်ပင်ထားသေးသည်။

 

By Myanmar Advertisng Guide

 

Ref:news.sky

 

Read times
Rate this item
(0 votes)