-->
×

Warning

JUser: :_load: Unable to load user with ID: 29


Netflix မှ အသုံး‌‌ပြုခများတိုးမြှင့် ကောက်ခံ

အခုလို ကိုဗစ်ဖြစ်တဲ့ ကာလမှာ လူတွေ အနေနဲ့ အိမ်မှာ ပဲ နေကြတာများသလို တီဗီရုပ်ရှင်ကြည့်သလို များပြားလှပါတယ်။

ဒီတော့ Streaming Service တွေကလည်း ဆင်ပေါ်ရောက်ရှိတဲ့ ကာလ ပေါ့။ အခုဆိုရင်တော့ Netflix က နေပြီး ဩဇီမှ Netflix အသုံးပြုခ လစဉ်ကြေးငွေကို တိုးမြှင့်ကောက်ခံ မှာဖြစ်ပြီး Basic Plan အတွက်ကို နဂိုထက် ၁ ဒေါ်လာ ပိုမိုကောက်ခံသွားပြီး နဂို $9.99 ( ၁၃၀၀၀ ) မြန်မာကျပ် မှ $10.99 ( ၁၄၅၀၀ ) မြန်မာကျပ် ထိ တိုးမြင့်သွား မှာပါတဲ့ သည့်အပြင် Standard Plan အတွက် နဂိုထက် ၂ ဒေါ်လာ $13.99 ( ၁၈၅၀၀ ) မြန်မာကျပ် မှ $15.99 ( ၂၁၀၀၀ ) မြန်မာကျပ် ထိတိုးမြှင့် သွားပါတယ်။

 

Premium ကတော့ စျေးတက်သွားခြင်းမရှိပဲ $19.99 ဒေါ်လာ ( ၂၆၄၀၀ ) မြန်မာကျပ် ပါပဲတဲ့။ Netflix အနေနဲ့ အခုလို ဩဇီမှာ Streaming Plan နှစ်ခုကို အခကြေးငွေတိုးကောက်လိုက်ရခြင်းမှာ သူတို့အနေနနဲ့ ဩဇီမှ ပြည်တွင်း ကြည့်ရှု့ သူများ အတွက် ရုပ်ရှင် တွေ စီးရီးတွေအတွက်ကို ပိုမို ရင်းနှီးမြှပ်နှံဖို့လို့ သိရပါတယ်။ထိုသို့ Netflix မှ လစဥ် အသုံးပြုတိုးမြင့်ကောက်ခံခြင်း အပေါ် ယခုလ မှာတော့ ပေးသွင်း ရမှာ မဟုတ်ပါဘူး သို့ပေမည့် နောက်လ ငွေပေးဆောင်ရမည့်အခါမှာတော့ တိုးမြှင့် ကြေးပေးရတော့ မှာပါ။

 

ထို့အပြင် Basic Plan ကို အသုံးပြုသူတွေအနေနဲ့ စက်ကိရိယာ တစ်ခုဖြင့် အကန့်အသတ်မရှိ ရုပ်ရှင်တွေကို ကြည့်ရှု့ခွင့်ရမှာဖြစ်ပြီး Standard Plan အနေနဲ့ စက်ကိရိယာ နှစ်ခု ဖြင့် အကန့်အသတ်မရှိ ရုပ်ရှင်တွေကို ကြည့်ရှု့ ခွင့်ရမှာဖြစ်ပါတယ်။ Netflix ရဲ့ ပြောရေး ဆိုခွင့် ရှိသူတစ်ယောက်ပြောကြားချက်အရ ဩဇီက လူတွေအနေနဲ့ များပြားစွာ ရွေးချယ် ခွင့် နည်းပါးပါတယ် အခုဆိုရင်တော့ Netflix က ထို ဩဇီမှ လူတွေရဲ့ မျှော်မှန်းထားတာ ထက်ကို ပ်ိုပြီး လုပ်ပေးသွားမှာပါဆိုကာပြောကြားခဲ့ပါတယ်။အခုချိန်မှာတော့ လူတွေက စျေးတက်သွားတယ်လို့ ပြောကောင်းပြောနိုင်ပေမယ့် တကယ်တမ်းမှာ ကျွန်တော်တို့ စျေးတက်တာက ရုပ်ရှင်တွေတွက် ပိုပြီး ရင်းနှီးမြှပ်နှံချင်လို့ပါ နဂိုကောက်ခံနေတဲ့ ကြေးငွေနဲ့ ကျ အရည်အသွေးကောင်း တဲ့ ရုပ်ရှင်တွေရိုက်ကူး မရနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

 

Disney + ကတော့ တစ်လစာ အမေရိကန်ဒေါ်လာ $8.99 ( ၁၁၈၀၀ ) ကျသင့်ပြီး တစ်နှစ်စာ ကို အမေရိကန်ဒေါ်လာ $89.99 ( ၁၁၈၅၀၀ ) မြန်မာကျပ် ထိ ကျသင့်ပါတယ်။Amazon Prime ကတော့ အမေရိကန်ဒေါ်လာ $6.99 ( ၉၂၀၀ ) မြန်မာကျပ် တစ်လစာ ကျသင့်ပြီး တစ်နှစ်စာ ကို အမေရိကန်ဒေါ်လာ $59 ( ၇၇၆၀၀ ) မြန်မာကျပ် ကျသင့်မှာပါတယ်။Apple TV+ ကတော့ တစ်လစာ ကို အမေရိကန်ဒေါ်လာ $7.99 ( ၁၀၅၀၀ ) မြန်မာကျပ် ကျသင့်မှာ ဖြစ်ပါတယ်။

 

Ref : Daily Mail 

 

Shin Min 

Read times
Rate this item
(0 votes)