-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူမျိုးရေး ထိပါးမှုကြောင့် Nestle ရေခဲချောင်း Logo နဲ့ Packaging ပြောင်း

အခုဆိုရင်တော့ ယခင် Eskimo Pie ခေါ်တဲ့ နို့ချောကလက်အုပ်ရေခဲချောင်းတွေကို Edy's Pie ဆိုကာ နာမည်ပြောင်းပြီး Logo နဲ့ Packaging ပြောင်းကာ Branding အသစ်နဲ့ အသစ်တစ်ဖန် ပြန်ပေါ်လာပြီ သိရပါတယ်။ ယင်းတို့ Nestle မှ ယခင်ပေးထားသော Eskimo Pie ဆိုတဲ့ နာမည်ဟာ အာတိတ်ဒေသမှ နိုင်ငံသားများ အဖွဲ့အစည်းကို ထိခိုက်မှု ရှိစေတယ်ဆိုကာစွဲချက် တစ်ခု ရှိလာတဲ့ အတွက်ကြောင့် Edy's Pie ဆိုကာပြောင်းခဲ့ရတယ်သိရပါတယ်။

 

Nestleရဲ့ လက်အောက်ခံ ဖြစ်တဲ့ Dreyer's Grand ရေခဲမုန့်လုပ်ငန်းစုက ၂၀၂၀ အောက်တိုဘာလ ၂ ရက်နေ့က နို့ချောကလက်ရေခဲချောင်း ကို Edy's Pie လို့ခေါ်တွင်စေခဲ့ပါတယ် Edy ဆိုတာ ထို ရေခဲမုန့်လုပ်ငန်းစုရဲ့ တည်ထောင်သူ Joseph Edy ရဲ့ နာမည်ကို ပေးအပ်လိုက်ခြင်းဖြစ်ပါတယ်။

 

Dreyer's Grand ရဲ့ စျေးကွက် မြင့်တင်ရေး အရာရှိဖြစ်တဲ့ Elizabell Marquez ပြောကြားချက်ကတော့ '' ကိုယ်တွေလုပ်ငန်းစုရဲ့ ဦးတည်ချက်က စားသုံးသူတွေရဲ့ နေ့စဉ်ဘ၀ကို အမြဲ စိတ်ကျေနပ်မှုအပြည့်အ၀ပေးချင်တာပါ ဒါကြောင့် Edy's Pie ရေခဲချောင်းလေးနဲ့ စိတ်ကျေနပ်မှုတွေ ရလာဖို့မျှော်လင့်ရတယ်'' လို့ပြောကြားခဲ့ပါတယ်။

 

Nestle ပိုင်လုပ်ငန်းစုဖြစ်တဲ့ Dreyer's Grand ဟာ ပြသနာရှိလာတဲ့ အချိန်မှာ လုံး၀ Eskimo Pie ထုတ်လုပ်မှုကို ရပ်နားခဲ့ပြီး ၂၀၂၁ မှာတော့ လုံး၀ Branding အသစ်နဲ့လာမယ်သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ဇွန်လာမှာဆိုရင် George Floyd သေဆုံးတဲ့ ကိစ္စနဲ့ ပတ်သက် လူမျိုးရေး ကို မထိပါးဖို့ ကမ္ဘာ့အမျိုးသားရေး တရားမျှတမှုနဲ့ ပတ်သက် အဖွဲ့ အစည်းတွေက အတော်လေး စည်းကမ်းကြပ်လာတာမို့ ၎င်းတို့ productကို နာမည်ပြောင်းလိုက်ရတာပါ။

 

၎င်း Product ဟာ ရာစုနှစ်တစ်ခုထိ ရှိလာတဲ့ Product တစ်ခုဖြစ်‌ပြီး အတော်လေးနာမည်ကြီးခဲ့တာပါ ၂၀၁၉ မှာဆိုစားသုံးသူ ၉.၉၃ သန်းစားခဲ့ပြီး လူသိများခဲ့ပါတယ်။အခု Eskimo Pie တစ်ခုတည်းနာမည်ပြောင်းခဲ့တာမဟုတ်ပါဘူး အခြား Brand များဖြစ်တဲ့ Aunt Jemima, Uncle Ben's နဲ့ Mrs. Butterworth's တို့လည်း လူမျိုးရေး ကိစ္စတွေကြောင့် နာမည်ပြောင်း ကာ Branding အသစ်တစ်ခုတည်ဆောက်ခဲ့ဖူးပါတယ်။

 

Eskimo Pie changes name to Edy's Pie

 

Eskimo Pie Will Rebrand as Edy's Pie Beginning 2021 | PEOPLE.com

 

Ref: People 

Read times
Rate this item
(0 votes)